Connect with us

Hi, what are you looking for?

သတင်း

အဓမ္မစစ်မှုထမ်းခံရသူ ခြောက်ဦး လက်နက်ငါးလက်နှင့် ကျည်ခဲယမ်းများယူလာပြီး ဒီးမော့ဆို PDFထံ အလင်းဝင်

စစ်မှုထမ်းရန် အဓမ္မခေါ်ဆောင်ခံရသူခြောက်ဦး လက်နက်ငါးလက်နှင့် ကျည်ခဲယမ်းများယူလာပြီး အလင်းဝင်လာကြောင်း ပြည်သူ့ကာကွယ်ရေးတပ် -ဒီးမော့ဆို DMO Local PDF က ယနေ့(ဧပြီ ၂၆ ရက်) ထုတ်ပြန်သည်။

လက်နက်ငါးလက်နှင့် ကျည်ခဲယမ်းများယူလာပြီး အလင်းဝင်လာသည့် စစ်ကောင်စီတပ်သားသစ် ခြောက်ဦးအား တွေ့ရစဉ်။ ဓာတ်ပုံ − ဒီးမော့ဆို PDF

ဧပြီ၂၆၊၂၀၂၅။ရဲခေါင်/People’s Spring

စစ်မှုထမ်းရန် အဓမ္မခေါ်ဆောင်ခံရသူခြောက်ဦး လက်နက်ငါးလက်နှင့် ကျည်ခဲယမ်းများယူလာပြီး အလင်းဝင်လာကြောင်း ပြည်သူ့ကာကွယ်ရေးတပ် -ဒီးမော့ဆို DMO Local PDF က ယနေ့(ဧပြီ ၂၆ ရက်) ထုတ်ပြန်သည်။

အလင်းဝင်လာသူခြောက်ဦးသည် ဧပြီ၁၆ ရက်က MA 1 သေနတ် ငါးလက်၊MA 1 ကျည် ၄၅၅ တောင့် ကျည်ဘောက် ၁၆ ခု၊လက်ပစ်ဗုံး လေးလုံး၊၁၄ နင်းမိုင်း သုံးလုံး၊ကျည်ကာ လေးထည်၊အိုင်ကွန်တစ်လုံးနှင့် ဖုန်းခုနစ်လုံး ယူဆောင်လာသည်ဟု ဆိုသည်။

၎င်းတို့၏ ထွက်ဆိုချက်အရ စစ်ကောင်စီတပ်တွင်း၌ မူးယစ်ဆေးဝါး WY ကို စိတ်တိုင်းကျသုံးစွဲရောင်းဝယ်ခွင့်ပေးကာ အနိုင်ကျင့်ညှင်းပန်းနှိပ်စက်ခြင်း မကြာခဏခံရသည်ဟု ဖော်ပြသည်။

Public Service Announcement

Public Service Announcement

အလင်းဝင်လာသူ ခြောက်ဦးကို ကနဦးထောက်ပံ့ငွေ ကျပ်၆၅ သိန်းပေးထားပြီး မိသားစုဝင်များနှင့်ဆက်သွယ်နိုင်ရန် ကူညီပေးထားကာ ကောင်းမွန်စွာထိန်း သိမ်းစောင့်ရှောက်ပေးထားကြောင်းလည်း အသိပေးသည်။

အလင်းဝင်လာသူများ၏ တပ်ရင်းနှင့် အမည်အချက်အလက်အသေးစိတ်ကို ဒီးမော့ဆို PDFက လုံခြုံရေးအရ မဖော်ပြပေ။

“အလင်းဝင်လာသူနဲ့ မိသားစုရဲ့ လုံခြုံ ရေးအတွက် သူတို့နဲ့ပတ်သက်တဲ့ အချက်အလက်တွေကိုတော့ ထိန်းသိမ်းထားပါတယ်”ဟု ဒီးမော့ဆို PDFတာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

ကရင်နီပြည်နယ် ထိုးစစ်အတွင်း စစ်ကောင်စီတပ်သည် ၎င်းတို့အဓမ္မစစ်မှုထမ်းဖြင့် စုဆောင်းခေါ်ဆောင်သူများကို အဓိကအသုံးချနေ၍ စစ်မှုထမ်းတပ်သားသစ်များသည် တော်လှန်ရေးတပ်ဖွဲ့များထံအလင်းဝင်လာသူများ ခပ်စိပ်စိပ်ရှိလာသည်။

ထို့အပြင် ယခုရက်သတ္တပတ်အတွင်း စစ်မှုထမ်းဥပဒေဖြင့် စစ်ကောင်စီတပ်တွင်းရောက်ရှိသူ လေးဦးလည်း အလင်းဝင်ထားကြောင်း Loikaw Local PDF နှင့် KNDF က ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

​မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်အခြေစိုက် တပ်မ (၁၀၁)လက်အောက်ခံ ခလရ (၂၃၅) တပ်ရင်းကို ရောက်ရှိနေတဲ့ စစ်မှုထမ်းတပ်သားသစ် ၁ဦးဟာ သင်တန်းဆင်းပြီး ၁လအကြာမှာ COBRA ONE Pakokku တပ်ဖွဲ့ထံ လက်နက်မဲ့ အလင်းဝင်ရောက်လာခဲ့ကြောင်း အဆိုပါတပ်ဖွဲ့က ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။

သတင်း

ရွှေကူမြို့ထဲပါတိုက်ပွဲဖြစ်လာပြီး စစ်တပ်စစ်ကြောင်းမှာပါတဲ့ ရဲတွေနဲ့ စစ်မှုထမ်းသင်တန်းဆင်း စစ်သားသစ်တွေ ထွက်ပြေးသွားကြသလို KIA ၊KPDF ထံအလင်းဝင်သူအချို့လည်းရှိတယ်လို့မြေပြင်စစ်​ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်အခြေစိုက် ချင်းဒေသကာကွယ်ရေးတပ်(CDF)-စီးယင်း တပ်ဖွဲ့ထံအာဏာသိမ်းစစ်ကောင်စီတပ်က တပ်သား ၄ဦး လက်နက်နဲ့အတူ အလင်းဝင်လာကြောင်း CDF စီးယင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပဲခူးနဲ့ ဧရာဝတီတိုင်းမှာ ပေါ်တာဆွဲခံရတဲ့ ပခုက္ကူမြို့နယ်အခြေစိုက် ခလရ (၂၃၅) တပ်ရင်းက စစ်မှုထမ်းတပ်သား ၂ ဦးဟာ COBRA ONE Pakokku တပ်ဖွဲ့ထံ အလင်းဝင်ရောက်လာခဲ့တယ်လို့ အဲဒီတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။