Connect with us

Hi, what are you looking for?

သတင်း

မဟာချိုင်မှာ မြန်မာနိုင်ငံသားတွေ လျှို့ဝှက်ဖွင့်ထားတဲ့ HAPPY BAR KTV & CLUB ဆိုင်ကို ထိုင်းအာဏာပိုင်တွေ စီးနင်း၊ မြန်မာလုပ်သား ၁၀ဦးခန့် ဖမ်းဆီးခံရ

မြန်မာနိုင်ငံသားတွေက ငှားရမ်းထားပြီး တရားမဝင် ဘားတွေ၊ ကာရာအိုကေတွေနဲ့ တခြားဖျော်ဖြေရေး လုပ်ငန်းတွေ ဖွင့်လှစ်ထားတဲ့ ထိုင်းနိုင်ငံ ဆမွတ်ဆခွန်ခရိုင် မဟာချိုင်နယ်မြေက HAPPY BAR KTV &CLUB ဆိုင်နေရာကို စီးနင်းဖမ်းဆီးခဲ့ကြောင်း ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။

ဓာတ်ပုံ − Samut Sakhon Provincial Public Relations Office

ဧပြီ၂၉၊၂၀၁၅/People’s Spring

မြန်မာနိုင်ငံသားတွေက ငှားရမ်းထားပြီး တရားမဝင် ဘားတွေ၊ ကာရာအိုကေတွေနဲ့ တခြားဖျော်ဖြေရေး လုပ်ငန်းတွေ ဖွင့်လှစ်ထားတဲ့ ထိုင်းနိုင်ငံ ဆမွတ်ဆခွန်ခရိုင် မဟာချိုင်နယ်မြေက HAPPY BAR KTV &CLUB ဆိုင်နေရာကို စီးနင်းဖမ်းဆီးခဲ့ကြောင်း ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။

ဧပြီ ၂၈ ရက်နေ့ ညနေပိုင်းက ဆမွတ်ဆခွန် အုပ်ချုပ်ရေးမှူး နာရစ် နီရာမာယာဝေါင်ဟာ ရဲတွေ၊ အလုပ်သမား ဝန်ကြီးဌာန တာဝန်ရှိသူတွေ၊ လုံခြုံရေး တပ်ဖွဲ့ဝင်တွေ၊ တခြား ဌာနဆိုင်ရာ အရာရှိတွေ စုစုပေါင်း အင်အား ၂၀၀ ဝန်းကျင်နဲ့အတူ ကုန်လှောင်ရုံကြီး တစ်ခုကို ဝင်ရောက် စစ်ဆေးခဲ့ပါတယ်။

ဆမွတ်ဆခွန်မှာရှိတဲ့ အဲဒီ နေရာကို မြန်မာနိုင်ငံသားတွေက ငှားရမ်းထားပြီး ဘားတွေ၊ ကာရာအိုကေတွေ၊ ဘိလိယက်ခုံတွေကို လျှို့ဝှက် ထားရှိကြောင်း၊ ပြီးတော့ မြန်မာနိုင်ငံသားတွေကိုပဲ သီးသန့် လက်ခံတာဖြစ်ကြောင်း ထိုင်းသတင်းဌာန Khaosodက ဖော်ပြခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဝန်ဆောင်ခအဖြစ် တစ်နာရီကို ဘတ် ၂၅၀ ပေးရတဲ့ နေရာမှာ ၂ နာရီစာ ပေးသွင်းရင် နောက်ထပ် ၁ နာရီ အပိုရနိုင်ကြောင်း၊ VIP အဆင့် သတ်မှတ်ခံရတဲ့ ဖောက်သည်တွေအတွက် မူးယစ်ဆေးတွေပါ ရရှိနိုင်ကြောင်း စုံစမ်းရေး အဖွဲ့တွေက ပြောပါတယ်။

“ပိုင်ရှင်ကတော့ မြန်မာပေါ့။ သူက အဲဒီခြံဝန်းကြီးထဲမှာ အကုန်ရှိတယ်။ KTV၊ မာဆပ်၊ စားသောက်ဆိုင်။ ဝန်းထဲမှာ အလုပ်သမားက ၂၀၀လောက်ရှိတယ်။ ဝင်စီးတော့ လူတွေအကုန်စစ်တာ ကီးဘုတ်တီးတဲ့သူတွေ ဘတ်မရှိဘူးကြားတယ်။ ၁၀ယောက်လောက်အဖမ်းခံရတယ်။ ကျန်တဲ့သူတွေက အဖမ်းမခံရဘူး”လို့ မဟာချိုင်မှာနေတဲ့ မြန်မာတစ်ဦးက ပြောပါတယ်။

ဒီကနေ့ (ဧပြီ ၂၉ရက်)မှာလည်း ထိုင်းရဲတပ်ဖွဲ့က နောက်တစ်ကြိမ် ဝင်စီးနင်းမယ်လို့ သတင်းထွက်နေတဲ့အေကြာင်း သူက ပြောပါတယ်။

” ရဲတွေက အဖွဲ့စုံက ချောင်းထဲကနေ လှေတွေနဲ့ရော အကုန်ဝင်စီးတာ။ သူတို့က သေချာအပိုင်လုပ်တာ”လို့ ဆက်ပြောပါတယ်။

စမွတ်စခွန်ခရိုင်ပြည်သူ့ဆက်ဆံရေးရုံးရဲ့ ထုတ်ပြန်ချက်မှာ သေနတ်တစ်လက်နှင့် မူးယစ်ဆေးတွေ တွေ့ရှိခဲ့တယ်လို့ ဖော်ပြပါတယ်။

စစ်ဆေးရေးအဖွဲ့ဟာ ဆိုဖာထိုင်ခုံတွေကြားမှာ ဝှက်ထားတဲ့ မက်သာမက်ဖက်တမင်း ဆေးပြား လေးပြားကို သိမ်းဆည်း ရမိခဲ့ပြီး ကုန်လှောင်ရုံထဲမှာ ကျည်မပါတဲ့ စစ်လက်နက် တချို့ကိုလည်း ရှာတွေ့ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီနေရာဟာ တရားဝင် ခွင့်ပြုချက် မရှိဘဲ လုပ်ငန်းလည်ပတ်နေတယ် ဆိုတာကို ရဲတွေက သတင်းရပြီး အခုလို သွားရောက်စုံစမ်းခဲ့တာ ဖြစ်ပါတယ်။ စစ်ဆေးမှုတွေနဲ့ ဆက်စပ်ပြီး ဖမ်းဆီးမှုတွေ ရှိခဲ့သလား ဆိုတာကိုတော့ Khaosodရဲ့ သတင်းမှာ ဖော်ပြမထားပါဘူး။

ကိုးကား- Khaosod

ဆက်စပ်သတင်းများ

သတင်း

ဇွန်-၁၈၊၂၀၂၆။ )ဒီဒီး/People’s Spring ထိုင်းနိုင်ငံမှာ အခု ဇွန်လအတွင်း မြန်မာလုပ်သားတွေ စစ်ဆေးဖမ်းဆီးခံရမှု ခပ်စိတ်စိတ်ဖြစ်နေတယ်လို့ ထိုင်းရောက်မြန်မာလုပ်သားအရေး ကူညီပေးနေသူတွေက ပြောပါတယ်။ အရင်က နယ်စပ်ဝင်ပေါက်တွေကနေ တရားမဝင် ဝင်ရောက်လာသူတွေကို ရှာဖွေဖမ်းဆီးနေရာက လက်တလောမှာ ထိုင်းအာဏာပိုင်တွေက လုပ်ငန်းခွင်တွေအထိပါ စစ်ဆေးဖမ်းဆီးနေတာလို့ ဆိုပါတယ်။ ဇွန်လ ၁၆ရက်မှာ...

သတင်း

တရုတ်စက်ရုံပိုင်ရှင်က ရဲတပ်ဖွဲ့ငွေပေးပြီး မြန်မာလုပ်သားတွေ ဖမ်းဆီးခိုင်းထားဟုဆို

သတင်း

အမျိုးသမီးငယ်တွေကို အတင်းအဓမ္မလိင်ကျွန်ပြု၊ နှိပ်စက်ပြီး ငွေကြေးခေါင်းပုံဖြတ်ခဲ့တဲ့ မြောက်ဦးမြို့ရှိ ရွှေရိုးရာ KTV မှ ပိုင်ရှင်အပါအဝင် တာဝန်ရှိအမျိုးသမီးသုံးဦးကို အာရက္ခတပ်တော်(AA)ရဲ့တပ်ဖွဲ့က ထောင်ဒဏ်တသက်ထိ ချမှတ်နိုင်တဲ့ လူကုန်ကူးမှုနဲ့ ဖမ်းဆီး၊ အရေးယူထားတယ်လို့ ထုတ်ပြန်ပါတယ်။

သတင်း

ကာလာအိုကေဆိုင်(KTV)က ပြန်လာတဲ့ မကွေးတိုင်း၊ ဆင်ပေါင်ဝဲမြို့နယ်က အကျဉ်းဦးစီးအရာရှိနဲ့ ထောင်တန်းစီးကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ သရက်ခရိုင်တပ်ရင်း(၅)က ဒီကနေ့ ဇွန်လ ၅ရက်မှာ ထုတ်ပြန်ပါတယ်။