Connect with us

Hi, what are you looking for?

သတင်း

တန့်ယန်းတွင် ပြင်းထန်​သော​ပေါက်ကွဲမှုဖြစ်

ရှမ်းပြည်နယ် ၊တန့်ယန်းမြို့ရှိနေအိမ်တစ်အိမ်တွင် ယနေ့ မွန်းလွဲပိုင်းက ပြင်းထန်သည့်ပေါက်ကွဲမှု ဖြစ်ခဲ့ပြီး လူသုံးဦးဒဏ်ရာရရှိကာ ဘေးပတ်ဝန်းကျင်နေအိမ်များ ထိခိုက်ပျက်စီးခဲ့သည်။

​ပေါက်ကွဲမှုဖြစ်ပြီး​နောက် ​မြေကျင်းကြီးကို​တွေ့ရစဥ် နှင့် ​ပေါက်ကွဲမှုဖြစ်ရာ​နေရာအနီး စစ်သား၊အရပ်သားအချို့ ကြည့်ရှုစဥ်။ဓါတ်ပုံ-CJ

ဧပြီ-၃၀၊၂၀၂၅။အိမ်သွင်/People’s Spring

ရှမ်းပြည်နယ်၊ တန့်ယန်းမြို့ရှိနေအိမ်တစ်အိမ်တွင် ယနေ့ မွန်းလွဲပိုင်းက ပြင်းထန်သည့်ပေါက်ကွဲမှု ဖြစ်ခဲ့ပြီး လူသုံးဦးဒဏ်ရာရရှိကာ ဘေးပတ်ဝန်းကျင်နေအိမ်များ ထိခိုက်ပျက်စီးခဲ့သည်။

တန့်ယန်းမြို့အမှတ်၂ ရပ်ကွက်မှ ရှမ်းစာပေနှင့်ယဉ်ကျေးမှုရုံးအနီးမှ အိမ်တစ်လုံးတွင် ဧပြီလ ၃၀ ရက်​နေ မွန်းလွဲ ၁၂ နာရီ ၄၀ မိနစ်ခန့်၌ ပေါက်ကွဲခြင်းဖြစ်သည်။

“တစ်မြို့လုံးတုန်သွားတဲ့အထိပေါက်ကွဲအားပြင်းထန်တယ်။မြေအောက်ခန်းကပေါက်ကွဲတာ။ပေါက်ကွဲတဲ့အိမ်မှာ မြေကျင်းအကြီးကြီးဖြစ်သွားတယ်။ ဘေးအိမ်တွေ မှန်တွေကွဲတယ်။ နံရံတွေအက်တယ်။ အဲ့ဒီအိမ်မှာ လက်နက်တွေနဲ့ ခဲယမ်းတွေ လှောင်ထားတာကနေပြီးတော့ပေါက်ကွဲတာ” ဟု ​ဒေသခံတဦးက​ပြောသည်။

Public Service Announcement

Public Service Announcement

​ပေါက်ကွဲမှု​ကြောင့်ကနဦးရရှိ​သော သတင်းများအရ လူသုံးဦး ဒဏ်ရာအပြင်းအထန်ရခဲ့သည်ဟု ဒေသခံသတင်းရင်းမြစ်အချို့ကပြောသည်။

တန့်ယန်းတွင် စစ်ကောင်စီ၊ ဝတပ်ဖွဲ့(UWSA)၊ ရှမ်းတပ်(SSPP)တို့ လှုပ်ရှားပြီး လက်နက်ကိုင်အဖွဲ့များ၏ လက်နက်တိုက်ပေါက်ကွဲခြင်းဖြစ်နိုင်သလို ဒုစရိုက်ကျူးလွန်သူများက ဝှက်ထားသည့် လက်နက်ခဲယမ်းပေါက်ကွဲခြင်းလည်း ဖြစ်နိုင်ကြောင်း ဒေသခံအချို့ကသုံးသပ်သည်။

“လက်နက်ကိုင်အဖွဲ့ပိုင်ဆိုရင် စကစနဲ့ညှ်ိပြီး ဘာမှမထူးဘဲ ပြီးသွားလိမ့်မယ်။လက်နက်တွေအိမ်ထဲထားတာဆိုတော့ အဖွဲ့အစည်းထဲကလည်း ဖြစ်န်ိုင်တယ်။လက်နက်မှောင်ခိုသမားတို့ လက်နက်နဲ့ဓါးပြတိုက်တဲ့မသမာလူတွေလား အများကြီးထင်မြင်ယူဆလို့ရတယ်။တန့်ယန်းမှာဖြစ်ပွါးခဲ့တဲ့ ရွှေဆိုင်ဓါးပြတိုက်မှုတွေအကြီးစားဓါးပြတိုက်လူသတ်မှုတွေက လက်နက်ကိုင်အဖွဲ့အစည်းကလူတွေနဲ့ပတ်သတ်ဆက်နွယ်နေတာလို့ သတင်းသဲ့သဲ့ထွက်နေတာတွေလည်းရှိတယ်ဗျ”ဟု ဒေသခံတစ်ဦးကပြောသည်။

စစ်​ကောင်စီက ၂၀၂၄ သြဂုတ်လတွင် အ​ရှေ့​မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)နှင့် လားရှိုးမြို့ကို MNDAA နှင့် ပူး​ပေါင်းတပ်ထံလက်လွှတ်ဆုံးရှုံးရပြီး​နောက် တန့်ယန်းမြို့တွင် ယာယီရမခ ကိုအ​ခြေပြုခဲ့သည်။ဖြစ်စဉ်နှင့် ပတ်သက်၍ စစ်ကောင်စီ၊ UWSAနှင့် SSPPတို့ကသတင်းမထုတ်ပြန်သေးပေ။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်တောင်ပိုင်း၊တောင်ကြီးမြို့အဝင်တောင်လေးလုံးရွာမှာမနေ့ (ဇူလိုင်လ ၂၀ ရက်)ညနက်ပိုင်းကပေါက်ကွဲမှုဖြစ်ပွားပြီးနောက် အာဏာ သိမ်းစစ်တပ်ကမြို့အဝင်အထွက်နဲ့ ညောင်ရွှေမြို့မှာပါအစစ်အဆေးကြမ်းနေတယ်လို့ ဒေသခံအချို့ရဲ့ပြောကြားချက်အရ သိရပါတယ်။

သတင်း

မိုးတွင်းကာလ ရေဘေးနဲ့ မြေပြိုမှုဘေး မကြာခဏရင်ဆိုင်နေရတဲ့ ရှမ်းပြည်နယ်မှာ ဒီနေ့ ဇွန်လ ၈ရက် မနက်ပိုင်းမှာ မိုးကြီးလို့ မြေပြိုပြီး လူတစ်ဦး ထပ်မံသေဆုံးခဲ့ပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာ ပေါက်ကွဲမှုမှာ ထိခိုက်ဒဏ်ရာရသူတွေနဲ့ ပြည်လည်ထူထောင်ရေး ကူညီပံ့ပိုးပေးနိုင်ဖို့ တအာင်းပြည်ကောင်စီ(TLC)ကတဆင့် ဆက်သွယ်လှူဒါန်းနိုင်ကြောင်း TLCက ဒီကနေ့ ထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

တောင်ကိုရီးယား လေကြောင်း သိပ္ပံ နည်းပညာဆိုင်ရာ စက်ရုံတစ်ခုမှာ ပေါက်ကွဲမှုနဲ့ နောက်ဆက်တွဲ မီးလောင်မှုတွေ ဖြစ်ပွားခဲ့တာကြောင့် လူ ၅ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။