Connect with us

Hi, what are you looking for?

သတင်း

အပူဒဏ်သက်သာ​စေသည့် ရန်ကုန်မိုး

ရန်ကုန်မြို့တွင် ယနေ့ (ဧပြီလ ၃၀ရက်) နံနက်ပိုင်းမှစ၍ မြို့နယ်အများစု နေရာကွက်မိုးကောင်းခဲ့သည်။

ဧပြီ-၃၀၊၂၀၂၅။ကဖေး/People’s Spring

ရန်ကုန်မြို့တွင် ယနေ့ (ဧပြီလ ၃၀ရက်) နံနက်ပိုင်းမှစ၍ မြို့နယ်အများစု နေရာကွက်မိုးကောင်းခဲ့သည်။

ကမာရွတ်၊ လှိုင် ၊ရန်ကင်း၊ တာမွေအပါအဝင်မြို့တွင်းမြို့နယ်များ၌ နံနက်ပိုင်းမှစ၍မိုးအုံ့နေခဲ့ပြီးနံနက် ၁၁နာရီခန့်တွင် မိုးစရွာခဲ့သည်။ နာရီဝက်ခန့်ကြာ ရွာပြီး မိုးသည်းခဲ့သည်။ မိုးသည်းချိန် လေပြင်းအနယ်ငယ်တိုက်ခတ်ခဲ့သည်။ ညနေ ၆နာရီခန့်တွင် တကျော့ပြန်မိုးရွာခဲ့သည်။

ဧပြီလတွင်အပူရှိန်ပြင်းထန်ပြီး မီးပြတ်သဖြင့် အပူဒဏ်ခံ​နေရ​သော ရန်ကုန်မြို့​နေ ပြည်သူများမှာ ဧပြီလကုန်ပိုင်းတွင် ရွာသွန်း​သောမိုး​ကြောင့် အပူဒဏ်သက်သာခဲ့သည်။ ဧပြီ ၂၈ ရက်​နေ့မှစ၍ ရန်ကုန်တွင် မိုးအနည်းငယ်ရွာပြီး ဧပြီ ၂၉ ၊၃၀ ရက်တို့တွင် သည်းထန်စွာရွာခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

ရန်ကုန်မြို့တွင်မိုးရွာနေချိန်၌ ​ဒေသချင်းဆက်စပ်​နေသော ဧရာဝတီတိုင်း၊ ပဲခူးတိုင်းတို့တွင်လည်း မိုးရွာခဲ့သည်။

ယခုရက်ပိုင်းရာသီဥတုအခြေအ​နေမှာ ဒေသအများအပြားတွင် မွန်းလွဲ/ညနေပိုင်း အချိန် များ၌ လေပြင်းတိုက်ခတ်ခြင်း၊ မိုးတိမ်တောင်များ ဖြစ်ပေါ်တတ်ခြင်း၊ နေရာကွက်၍ မိုးကြီးခြင်း၊ မိုးသီးများကြွေကျခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးကြိုးပစ်ခြင်း စသည့်ဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊လူသားချင်းစာနာထောက်ထားရေးနှင့်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန (MOHADM)က ခန့်မှန်းထားသည်။

ဓါတ်ပုံ-People’s Spring

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်းအတွင်းရှိ စစ်ဘေးသင့်ဒေသတွေဟာ လက်တလော ရာသီဥတုပူပြင်းလာမှုကြောင့် စစ်ဘေးဒုက္ခသည်တွေ အပူဒဏ်နဲ့ ရင်ဆိုင်နေရပါတယ်။

ဆောင်းပါး

“လွန်ခဲ့တဲ့နှစ်ပေါင်း ၁,၀၀၀အတွင်းဒီအဆင့်အထိ ပြင်းထန်တဲ့ အယ်လ်နီညိုဖြစ်စဉ်မျိုးမတွေ့ဖူးသေးပါဘူး”ဟုအမေရိကန်ရာသီဥတုဆိုင်ရာ သိပ္ပံပညာရှင် ဇီးခ် ဟောက်စ်ဖက်သာ(Zeke Hausfather)ကသုံးသပ်ထားပါတယ်။

သတင်း

မန္တလေးမြို့မှာ ၄.၁ အဆင့်ရှိ အင်အားအနည်းငယ်ရှိတဲ့ မြေငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လူမှုရေးရာ၊ အလုပ်သမားနဲ့ လူသားချင်းစာနာထောက်ထားရေး ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ဆောင်းပါး

“လူသားတွေကြောင့် ကမ္ဘာကြီးပူနွေးလာမှုဒဏ်ကို ခံနေရပြီးသား သစ်တောတွေမှာ မိုးရာသီ နောက်ကျသွားရင် ‘ဂေါ်ဇီလာ’ လို့ တင်စားခေါ်ဝေါ်တဲ့ အလွန်ပြင်းထန်သော အယ်လ်နီညို ဖြစ်စဉ် ဖြစ်ပေါ်လာနိုင်ပါတယ်။”