Connect with us

Hi, what are you looking for?

သတင်း

မင်းတပ်မြို့သိမ်း စစ်ရေးအတွေ့အကြုံဖြင့် စစ်ကိုင်းတိုင်းအတွင်း စစ်ရေးအောင်မြင်မှုရရေး လုပ်ဆောင်မည်ဟု မုံရွာခရိုင် တပ်ရင်း(၃)ပြော

မင်းတပ်မြို့သိမ်း စစ်ဆင်ရေးတွင် ပါဝင်ခဲ့သည့် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) မုံရွာခရိုင် အမှတ်(၃) တပ်ရင်းအနေဖြင့် စစ်ကိုင်းတိုင်းအတွင်း အောင်မြင်မှုတစ်ခု ဖော်ဆောင်ရန် ပြင်ဆင်နေပြီး လိုအပ်သည့် ကျည်အတွက် ပြည်သူများ ဝိုင်းဝန်းပါဝင်ကူညီပေးရန် မုံရွာခရိုင် တပ်ရင်း(၃) ဘဏ္ဍာရှာဖွေရေးတာဝန်ခံ ကိုသစ်တောက ပြောသည်။

မင်းတပ်မြို့သိမ်းတိုက်ပွဲအတွင်း တွေ့ရသော မုံရွာခရိုင် အမှတ်(၃) တပ်ရင်းမှ ရဲဘော်များ။ဓာတ်ပုံ - မုံရွာခရိုင် အမှတ်(၃)တပ်ရင်း

မေ ၁။၂၀၂၅။ထားမြတ်/People’s Spring

မင်းတပ်မြို့သိမ်း စစ်ဆင်ရေးတွင် ပါဝင်ခဲ့သည့် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) မုံရွာခရိုင် အမှတ်(၃) တပ်ရင်းအနေဖြင့် စစ်ကိုင်းတိုင်းအတွင်း အောင်မြင်မှုတစ်ခု ဖော်ဆောင်ရန် ပြင်ဆင်နေပြီး လိုအပ်သည့် ကျည်အတွက် ပြည်သူများ ဝိုင်းဝန်းပါဝင်ကူညီပေးရန် မုံရွာခရိုင် တပ်ရင်း(၃) ဘဏ္ဍာရှာဖွေရေးတာဝန်ခံ ကိုသစ်တောက ပြောသည်။

မုံရွာခရိုင် အမှတ်(၃) တပ်ရင်းက ယနေ့ စတင်ခဲ့သည့် တော်လှန်အရွေ့ ရှေ့ရောက်ဖို့ တိုက်ပွဲကျည်အတွက် ဝိုင်းဝန်းစို့ ကမ်ပိန်းနှင့်ပတ်သက်ပြီး မေးမြန်းစဉ် စစ်ရေးဖော်ဆောင်မည့် အလားအလာနှင့် ပြည်သူများ ကမ်ပိန်းအတွင်း ပူးပေါင်းပါဝင်ရေးတို့ကို ကိုသစ်တောက ယခုကဲ့သို့ ပြောပြခဲ့ခြင်းဖြစ်သည်။

“မင်းတပ်မြို့သိမ်းတိုက်ပွဲက အပြန် အတွေ့အကြုံကောင်းတွေရလာတဲ့ ရဲဘော်တွေကို ဦးဆောင်မှုပိုင်း ခေါင်းဆောင်မှုပိုင်း သင်တန်းတွေ ပြန်လည်ပို့ချတယ် ။ ပို့ချပြီး အဲဒီသင်တန်းလည်း ပြီးမြောက်ခဲ့ပြီ။ ပြီးမြောက်ခြင်းနဲ့အတူသင်တန်းမှာ ရရှိခဲ့တဲ့ CDM ဆရာတစ်ဦးရဲ့ သင်ကြားပို့ချမှုတွေနဲ့ မင်းတပ်တိုက်ပွဲမှာ ရရှိခဲ့တဲ့ အတွေ့အကြုံတွေ ပေါင်းစပ်ပြီး စစ်ရေးတိုက်ပွဲတွေ အကောင်းဆုံး ပုံဖော်နိုင်မယ့် အရည်အချင်းတွေရှိနေပြီဖြစ်ပါတယ်”ဟု ကိုသစ်တောက ပြောသည်။

Public Service Announcement

Public Service Announcement

ထို့ကြောင့် မုံရွာခရိုင် အမှတ်(၃)တပ်ရင်းက ဦးဆောင်ပြီး စစ်ကိုင်းတိုင်းဒေသအတွင်း၌ အောင်မြင်မှုတစ်ခု ဖော်ဆောင်ရန် ပြင်ဆင်နေသည်ဟု အသိပေးသည်။

“စစ်ရေးအရှိန်အဟုန် မြှင့်တင်မှုတခု ကျနော်တို့ရဲ့ အရွေ့တခုကို ရောက်အောင် အကောင်အထည် ဖော်လုပ်ဆောင်နိုင်ဖို့လည်း တိုက်ပွဲအတွက် အကောင်အထည်ဖော် လုပ်ဆောင်ဖို့ စီစဉ်နေပါတယ်”ဟု ကိုသစ်တောက ပြောသည်။

တော်လှန်ပြည်သူများ ဝိုင်းဝန်းကူညီ၍ တိုက်ပွဲများအတွင်း ရဲဘော်များ၏ ပစ်အားကို တိုးမြှင့်ပေးရန် တောင်းဆိုထားသည်။

ယခု ကမ်ပိန်းတွင် ကျည် ၆၀၀၀အတွက် ကျပ်သိန်း ၆၀၀ ရရှိရေး မေလ ၁ရက်မှ ဇွန်လ ၁၅ရက်ထိ ကံစမ်းမဲလက်မှတ်များ ရောင်းချသွားမည်ဖြစ်ပြီး ဆုအဖြစ် ပေ ၈၀× ပေ ၄၀ အိမ်ခြံဝန်းကို ပေးအပ်သွားမည်ဖြစ်သည်။

“ဒီကမ်ပိန်း မှာ CDM ရဲဘော်ရဲ့ အိမ်၀ိုင်းကို ဆုအနေနဲ့ ထည့်ထားတာ”ဟု ကိုသစ်တောက ပြောပြသည်။

တော်လှန်ရေးရဲဘော်များအနေဖြင့် စိတ်ဓာတ်ပိုင်း ခွန်အားပိုင်း တိုက်ပွဲဖော်ဆောင်ရန် အသင့်ဖြစ်နေပြီး အဓိက လိုအပ်ချက်မှာ ကျည်ဖြစ်သည်ဟု ရှင်းပြသည်။

“ပစ်ကားကောင်းကောင်းနဲ့ တိုက်ပွဲတွေကို ဖော်ဆောင်နိုင်ဖို့ ကျနော်တို့ အောင်ပွဲတွေက အနီးစပ်ဆုံး အနေအထားမှာ ရှိမှာပါဟု ကိုသစ်တောက ပြောကြားသည်။

ထို့ပြင် နွေဦးတော်လှန်ရေး အရှိန်မြှင့်လာပြီး စစ်ကောင်စီအနေဖြင့် အကျပိုင်းသို့ ရောက်နေသည့် အခြေအနေကို အားလုံး အသိဖြစ်ကြောင်း၊ ထို့ကြောင့် စစ်ကောင်စီ တပ်သားများ၊ စစ်မှုထမ်း တပ်သားသစ်များ အနေဖြင့် စစ်ကောင်စီထံမှရုန်းထွက်ပြီး တော်လှန်ရေးဘက် ပူးပေါင်းရန် ကိုသစ်တောက ဖိတ်ခေါ်သည်။

ဆက်စပ်သတင်းများ

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) နဲ့ စစ်ကိုင်းဖက်ဒရယ်ယူနစ်၊ မကွေးဖက်ဒရယ်ယူနစ်၊ မန္တလေးဒေသတို့မှ အစိုးရ၊ လွှတ်တော် တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း SCEFက ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊အင်းတော်၊မော်လူးမြို့တို့ကို ထိုးစစ်ဆင် နေတဲ့ တပ်မ(၃၃)ကစစ်​ကြောင်း တွေ နောက်တန်းပြန်ဆုတ်လာပြီး ဇူလိုင်လ ၂၂ရက်ညနေပိုင်းမှာကားအစီး ၈၀နဲ့ မန္တ လေးမြို့တွင်း ပြန်ဝင်တယ်လို့ ‌‌‌‌‌‌‌တော်လှန်ရေးအင်အားစုတွေကပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းက တော်လှန်သပိတ်အင်အားစုတွေ၊ ဒေသခံပြည်သူတွေဟာ ဦးဂျင်မီ၊ဦးဖြိုးဇေယျာသော်၊ကိုလှမျိုးအောင်၊ကိုအောင်သူရဇော် ကြိုးပေးခံရမှု (၄) နှစ်ပြည့်အဖြစ် လူထုသပိတ်လှုပ်ရှားမှုတွေကို ဒီကနေ့ (ဇူလိုင် ၂၃) မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းက ဆားလင်းကြီးနဲ့ ဘုတလင်မြို့နယ်မှာ တော်လှန်သပိတ်အင်အားစုတွေက စစ်အာဏာရှင်ကို ဆန့်ကျင်ဖို့ လှုံ့ဆော်တဲ့ လှုပ်ရှားမှုတွေကို ဒီကနေ့ (ဇူလိုင် ၂၁) မှာ ပြုလုပ်ခဲ့ပါတယ်။