Connect with us

Hi, what are you looking for?

သတင်း

အပူဒဏ်နှင့်မိုးသက်လေပြင်း သတိပြုရန်လိုဟု NUG သတိပေး

မြန်မာနိုင်ငံဒေသအများစု၌ နေ့အပူချိန်များ ပြန်လည်မြင့်တက်လာနိုင်ပြီး လေပြင်းတိုက်ခိုက် မှုနှင့် မိုးကြီးမည့်အန္တရာယ်သတိပြုရန် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)​၏ လူသားချင်းစာနာထောက်ထားရေးနှင့်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန (MOHADM)က ထုတ်ပြန်သည်။

ရန်ကုန်မြို့၌ မိုးရွာသွန်းနေသည်ကို ပြီးခဲ့သည့် ဧပြီ ၃၀ရက်က တွေ့ရစဉ်။ ဓာတ်ပုံ - PS

မေ ၅၊၂၀၁၅။ကဖေး/People’s Spring

မြန်မာနိုင်ငံဒေသအများစု၌ နေ့အပူချိန်များ ပြန်လည်မြင့်တက်လာနိုင်ပြီး လေပြင်းတိုက်ခိုက် မှုနှင့် မိုးကြီးမည့်အန္တရာယ်သတိပြုရန် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)​၏ လူသားချင်းစာနာထောက်ထားရေးနှင့်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန (MOHADM)က ထုတ်ပြန်သည်။

မေလ ၅ရက်မှ မေလ ၁၁ရက်အတွင်း ရာသီဥတုခန့်မှန်းချက်ကို ယနေ့(မေ ၅)ထုတ်ပြန်ရာ အပူဒဏ်၊ လေပြင်းနှင့် မိုးကြီးမည့်သတိပေးချက်ကို ထုတ်ပြန်ထားခြင်းဖြစ်သည်။

နေပြည်တော်၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း ၊ရှမ်းပြည်နယ်၊ရခိုင်ပြည်နယ်နှင့်ကရင်နီပြည်နယ် တို့တွင် နေ့အပူချိန်များ ပုံမှန်အထက် မြင့်တက်နိုင်သည်ဟု သတိပေးထားသည်။

Public Service Announcement

Public Service Announcement

ငလျင်ဘေးဒဏ်သင့် မန္တလေးတိုင်းအပါအဝအဝင် အလယ်ပိုင်းဒေသများ၌ ဧပြီလနှောင်းပိုင်းက နေ့အပူချိန်တွေမြင့်တက်ခဲ့ပြီး Heat Stroke (အပူရှပ်)လက္ခဏာကြောင့် လူသေဆုံးမှုအချို့ရှိခဲ့သည်။

အပူချိန်မြင့်တက်နိုင်သလို ဒေသအများအပြားတွင်မိုးရွာသွန်းနိုင်ပြီး မွန်းလွဲနှင့် ညနေပိုင်းအချိန်များတွင် လေပြင်းတိုက်ခတ်ခြင်း၊ မိုးတိမ်တောင်ကြီးများဖြစ်ပေါ်တတ်ခြင်း၊ နေရာကွက်၍ မိုးကြီးခြင်း၊ မိုးသီးများကြွေကျခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးကြိုးပစ်ခြင်း စသည့် ဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်သည်ဟု MOHADMက သတိပေးထားသည်။

ပြီးခဲ့သည့် ဧပြီအတွင်းက မန္တလေးမြို့အပါအဝင် ငလျင်ဘေးဒဏ်သင့်ဒေသများတွင် နေရာကွက်မိုးကြီးခဲ့ပြီး လေပြင်းတိုက်ခတ်ခဲ့သည်။

ငလျင်ဘေးသင့်သူများသည် အခက်အခဲကြုံတွေ့ခဲ့ကြပြီး ကြံ့ခိုင်မှုမကောင်းသည့်တိုက်အိမ်အချို့ ပြိုကျခဲ့သည်။

ရှမ်းပြည်နယ်အရှေ့ပိုင်း မြို့နယ်အချို့တွင် ရေဘေးကြုံခဲ့သည်။

ရန်ကုန်မြို့တွင်လည်း ဧပြီ ၃၀ရက် နံနက်ပိုင်းမှစ၍ မြို့နယ်အများစု နေရာကွက်မိုးကောင်းခဲ့ပြီး ကမာရွတ်၊ လှိုင်၊ရန်ကင်း၊ တာမွေအပါအဝင် downtown မြို့နယ်များ၌ မိုးသည်းထန်ခဲ့သည်။

မေလ ၄ရက်ကလည်း မန္တလေး၊ပြင်ဦးလွင်နယ်စပ်နေရာများ၌ မိုးကြီးပြီး‌နောက် ဆည်တော်လေးဆည်ရေနှင့် ဒုဌဝတီမြစ်ရေ လျှံ၍ ကျေးရွာအချို့ ရေဝင်ကာရေဘေးကြုံခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးဦးဆောင်မှု ကဏ္ဍဟာ အစားထိုးမရနိုင်အောင်အရေးပါနေဆဲလို့ စစ်ကိုင်းဖက်ဒရယ်ယူနစ်အစိုးရ ထုတ်ပြန်

သတင်း

မန္တလေး PDF တပ်ဖွဲ့စည်းပုံ ပြောင်းလဲချိန် လွှဲပေးရမယ့် ဘဏ္ဍာရေးနဲ့ရွှေလုပ်ငန်းဆိုင်ရာ စာရင်းတွေ ဖျက်ဆီးခဲ့ဟု ဖော်ပြ

သတင်း

စစ်သားတွေကို မူးယစ်ဆေးရောင်းချပြီး ပျော်အောင်ထား လိုရာစေခိုင်းနေဟု အလင်းဝင်လာတဲ့ စစ်မှုထမ်းတပ်သား ဖွင့်ဟ

ဆောင်းပါး

စစ်တပ်က​တော်လှန်​ရေးတပ်ဖွဲ့​တွေသိမ်းပိုက်ထိန်းချုပ်ထားတဲ့​ဒေသ​တွေကို အင်အားအများအပြားနဲ့တန်ပြန်ထိုးစစ်ဆင်လာတာမှာ ​တော်လှန်​ရေးတပ်​တွေရဲ့ခုခံတိုက်ခိုက်မှု​ကြောင့် ​ဒေသအနှံအပြားမှာတိုက်ပွဲ​တွေပြင်းထန်​နေပါတယ်။