Connect with us

Hi, what are you looking for?

သတင်း

ကျောက်မဲမြို့ကို စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ဗုံးကြဲ

တအာင်းတပ်မတော်(TNLA)ထိန်းချုပ်ထားသည့် ရှမ်းပြည်နယ်မြောက်ပိုင်း၊ကျောက်မဲမြို့နယ်ကို ယနေ့(မေလ ၅ရက်)တွင် စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်မှု နှစ်ကြိမ်ပြုလုပ်ခဲ့ကြောင်း TNLA က ထုတ်ပြန်သည်။

ကျောက်မဲမြို့ကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်နေစဉ်။ ဓာတ်ပုံ − TNLA

မေ-၅၊၂၀၂၅။တေဇ/People’s Spring

တအာင်းတပ်မတော်(TNLA)ထိန်းချုပ်ထားသည့် ရှမ်းပြည်နယ်မြောက်ပိုင်း၊ကျောက်မဲမြို့နယ်ကို ယနေ့(မေလ ၅ရက်)တွင် စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်မှု နှစ်ကြိမ်ပြုလုပ်ခဲ့ကြောင်း TNLA က ထုတ်ပြန်သည်။

ယနေ့ နံနက် ၁၁နာရီ ၁၅မိနစ်အချိန်တွင် တစ်ကြိမ်၊ ၁၁နာရီ မိနစ်၂၀အချိန်တွင် တစ်ကြိမ် ပေါင်(၂၅၀) ဗုံးနှစ်လုံး လာရောက်ဗုံးကြဲခဲ့ကြောင်း TNLA က ထုတ်ပြန်သည်။ ထိုသို့ ဗုံးကြဲမှုကြောင့် နေအိမ် နှစ်လုံး ထိမှန်ပျက်စီးခဲ့သည်ဟု ထုတ်ပြန်ထားသည်။

စစ်ကောင်စီသည် TNLA ထိန်းချုပ်ထားသည့် မြို့နယ်များကို စစ်အင်အားဖြည့်တင်းခြင်း၊ ထိုးစစ်ဆင်ခြင်းနှင့် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် နေရာများမှ ပြည်သူများကို ရည်ရွယ်ချက်ရှိရှိဖြင့် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေသည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီသည် မေလ ၄ ရက်ကလည်း နောင်ချိုမြို့ ရပ်ကွက် (၇)တွင် တစ်လုံး၊ သုံးဆယ်ကျေးရွာတွင် တစ်လုံး လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု တအောင်းတပ်မတော်က ထုတ်ပြန်ထားသည်။

ထို့ကြောင့် ပြည်သူများအနေဖြင့် စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုများကို ရှောင်ရှားနိုင်ရန် စစ်ရေးသတိအမြဲရှိရန်လိုအပ်ပြီး လေကြောင်းရန်မှ ကာကွယ်နိုင်ရန်လေကြောင်းရန်ကာကွယ် ရေးဆိုင်ရာနည်းလမ်းများ လိုက်နားဆောင်ရွက်ရန် လိုအပ်ကြောင်း အကြံပြုထားသည်။

စစ်ကောင်စီသည် ဇန်နဝါရီ ၂၅ ရက်နှင့် ဇန်နဝါရီ ၂၇ရက်ကလည်း ကျောက်မဲမြို့ပြည်သူ့ဆေးရုံ၊ မြို့တော်ခန်းမအပါအဝင် မြို့ပေါ်နေရာများကို လေကြောင်းတိုက်ခိုက်ခဲ့ရာ ကျန်းမာရေးဝန်ထမ်းနှစ်ဦးအပါအဝင် ငါးဦးသေဆုံးခဲ့ပြီး၂၀ ဦးထက်မနည်း ဒဏ်ရာရခဲ့သည်။

TNLAသည် ၁၀၂၇ စစ်ဆင်ရေးတွင် ရှမ်းပြည်နယ်မြောက်ပိုင်းမှ ကျောက်မဲမြို့၊ သီပေါ၊နမ့်ဆန်၊ မိုင်းလုံ၊ မိုးမိတ်၊ မန်တုံ၊နမ္မတူ၊ ကွတ်ခိုင်၊ နောင်ချို၊နမ့်ခမ်း၊မိုင်းငေါ့မြို့နှင့် မန္တလေးတိုင်းမှ မိုးကုတ်မြို့တို့ကို သိမ်းယူထားသည်။

ကျောက်မဲမြို့ကို သိမ်းယူပြီးနောက်ပိုင်း အဆိုးရွားဆုံးလေကြောင်းတိုက်ခိုက်မှုမှာ ၂၀၂၄နိုဝင်ဘာ ၃၀ရက်က ထုံးဘိုရပ်ကွက် အင်ကြင်းတောင်ပေါ်ရှိ သီလရှင်‌ကျောင်းကိုလည်း လေကြောင်းတိုက်ခိုက်ခဲ့သေးသည်။ အဆိုပါတိုက်ခိုက်မှုအတွင်း ကျောင်းထိုင်ဆရာလေးအပါအဝင် ၁၀ဦးထက်မနည်း သေဆုံးခဲ့သည်။

ကျောက်မဲမြို့ကို စစ်ကောင်စီက လေကြောင်းမှမကြာခဏ တိုက်ခိုက်နေ၍ ဒေသခံများ အင်တာနက်နှင့် ဖုန်းလိုင်းဆက်သွယ်ရေးလိုင်းအသုံးပြုမှုကို TNLAက ဇန်နဝါရီ၂၈ရက်မှစတင်၍ ပိတ်ပင်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

မွန်ပြည်နယ် ဘီးလင်းမြို့နယ် အလူးကြီးကျေးရွာကို အာဏာသိမ်းစစ်တပ်က ညအချိန် ဗုံးကြဲခဲ့လို့ ကလေးငယ်အပါအဝင် ပြည်သူ ၅ဦးသေဆုံးကာ အများအပြား ဒဏ်ရာရခဲ့တဲ့ တိုက်ခိုက်မှု ပြီးနောက် စစ်တပ်က လက်နက်ကြီး၊ ဒရုန်းတွေနဲ့ အဲဒီဒေသကို ထပ်မံ တိုက်ခိုက်ခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊မြိုင်မြို့နယ်ကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ အပြင်းအထန် ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အတွင်းက ကျေးရွာတွေကို အာဏာသိမ်းစစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲခဲ့လို့ ပြည်သူ ၃ဦးသေဆုံးကာ ၁ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

မွန်ပြည်နယ်၊ဘီးလင်းမြို့နယ်ထဲကKNU တပ်မဟာ(၁)နယ်မြေရှိအလူးကြီးကျေးရွာကိုမနေ့ ( အောက်တိုဘာ ၁၃ ရက်)ညပိုင်းကအာဏာသိမ်းစစ်တပ်ကဗုံးကြဲတိုက်ခိုက်ခဲ့ရာအရပ်သားတွေထိခိုက်သေဆုံးတာ ၊ ဒဏ်ရာရတာတွေ ရှိခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်က အသိပေးထားပါတယ်။

Facebook