Connect with us

Hi, what are you looking for?

သတင်း

လမ်းပိုင်းမိုင်းခွဲခံရတာကြောင့် ရန်ကုန် – မော်လမြိုင်ရထားခရီးစဉ် ယာယီဖျက််သိမ်း

ရန်ကုန် – မော်လမြိုင် ရထားလမ်းပိုင်း ရှိ တံတားတစ်စင်း ဒီနေ့ (မေ ၆ ) ရက်မနက်ပိုင်း မှာ မိုင်းခွဲခံရပြီးနောက် ရထားခရီးစဉ်တွေကို ယာယီ ဖျက်သိမ်းလိုက်ရတယ်လို့ မော်လမြိုင်ဘူတာက အသိပေးဖော်ပြပါတယ်။

မေ – ၆ ၊ ၂၀၂၅ ၊ နိုင်ပကောင်း/People’s Spring

ရန်ကုန် – မော်လမြိုင် ရထားလမ်းပိုင်း ရှိ တံတားတစ်စင်း ဒီနေ့ (မေ ၆ ) ရက်မနက်ပိုင်း မှာ မိုင်းခွဲခံရပြီးနောက် ရထားခရီးစဉ်တွေကို ယာယီ ဖျက်သိမ်းလိုက်ရတယ်လို့ မော်လမြိုင်ဘူတာက အသိပေးဖော်ပြပါတယ်။

နှင်းပုလဲ ဘူတာနဲ့ တောင်စွန်းဘူတာကြားက တံတားအမှတ် (၆၅) မိုင်းခွဲခံရတာဖြစ်ပြီး ရထားသံလမ်း ဆိုးဆိုးရွားရွား ပျက်စီးသွားတယ် လို့ သိရပါတ​ယ်။ အဲဒီတံတားဟာ ပေ ၈၀ ရှည်တဲ့ တံတားဖြစ်ပါတယ်။

ရထားလမ်းပိုင်း မိုင်းခွဲခံရတာကြောင့် မော်လမြိုင်ဘူတာကနေ ထွက်ခွာမယ့် မော်လမြိုင် – ရန်ကုန် အမှတ်​(၈၂) အစုန် ရထား နဲ့ရန်ကုန်ဘူတာကြီးကနေ ထွက်ခွာမယ့် ရန်ကုန်- မော်လမြိုင် အမှတ် (၈၁) အဆန်ရထား ခရီးစဉ် တွေကို ယာယီဖျက်သိမ်းလိုက်ရပါတယ်။

Public Service Announcement

Public Service Announcement

ဒါကြောင့် ခရီးသည်တွေအနေနဲ့ ဝယ်​ယူထားပြီး ဖြစ်တဲ့ ရထားလက်မှတ်ခတွေကို မော်လမြိုင် ဘူတာ လက်မှတ်ရုံမှာ ပြန်အမ်း ပေးနေပြီလို့ မော်လမြိုင်ဘူတာမှာ အသိပေးထားပါတယ်။

လမ်းပိုင်းမိုင်းခွဲခံရပြီး ရထားခရီးစဉ်တွေ ယာယီပယ်ဖျက်လိုက်တာကြောင့် ရန်ကုန် ဘူတာကြီးကနေ ဒီနေ့ မနက် ထွက်ခွာလာတဲ့ အဆန်ရထား နဲ့လိုက်ပါလာတဲ့ ခရီးသည်တစ်ဦးက “သင်္ဃန်းကျွန်းဘူတာမှာ သောင်တင်နေပြီ” လို့ လူမှုကွန်ရက်ကနေအသိပေးပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်း မေလ ၃ ရက် ညပိုင်းကလည်း ရန်ကုန် – မော်လမြိုင် ကားလမ်း ရဲ့ ဘီလင်းမြို့နယ် နဲ့ သထုံမြို့နယ်ကြားက မိုးကောင်းတံတား မိုင်းခွဲဖျက်ဆီးခံရတာကြောင့် ကုန်တင်ကားတွေ ၊ ခရီးသည်ကားတွေနဲ့ အိမ်စီးကားတွေ နာရီနဲ့ချီပြီး လမ်းမှာ ပိတ်မိခဲ့ကြပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စဉ့်ကူးမြို့ကို စစ်ကောင်စီ လေကြောင်း တိုက်ခိုက်နေ၍ အရပ်သားသေဆုံးထိခိုက်မှု ထပ်ဖြစ်

Facebook