Connect with us

Hi, what are you looking for?

သတင်း

အာဏာသိမ်း​ခေါင်း​ဆောင် ရုရှားသွား​နေ​သော်လည်း စစ်​ကောင်စီဗုံးကြဲမပျက်

ယာယီအပစ်ရပ်​ကြေညာထားပြီး ၊အာဏာသိမ်းခေါင်းဆောင် ရုရှားနိုင်ငံသို့သွားရောက်နေ​သော်လည်းစစ်​ကောင်စီက မေလ ၇ရက်ညနေ နှင့် ညပိုင်းတွင် ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်၊ မကွေးတိုင်း၊ဂန့်ဂေါမြို့နယ်၊ချင်းပြည်နယ်မင်းတပ်မြို့နယ်စသည်တို့ကိုလေကြောင်းမှ ဆက်လက်ဗုံးကြဲခဲ့ပြီး အရပ်သားထိခိုက်သေဆုံးမှုများရှိခဲ့သည်။

မင်းတပ်မြို့နယ်တွင် ​မေ ၇ ရက်ကဗုံးကြဲခံရပြီး​နောက်​တွေ့ရစဥ်။ဓါတ်ပုံ-မင်းတပ်ပကဖ

​မေ-၈၊၂၀၂၅။ ကဖေး/People’s Spring

ယာယီအပစ်ရပ်​ကြေညာထားပြီး ၊အာဏာသိမ်းခေါင်းဆောင် ရုရှားနိုင်ငံသို့သွားရောက်နေ​သော်လည်းစစ်​ကောင်စီက မေလ ၇ရက်ညနေ နှင့် ညပိုင်းတွင် ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်၊ မကွေးတိုင်း၊ဂန့်ဂေါမြို့နယ်၊ချင်းပြည်နယ်မင်းတပ်မြို့နယ်စသည်တို့ကိုလေကြောင်းမှ ဆက်လက်ဗုံးကြဲခဲ့ပြီး အရပ်သားထိခိုက်သေဆုံးမှုများရှိခဲ့သည်။

​မေ ၇ ရက်​နေ့ည ၈နာရီခွဲအချိန်တွင်ဂန့်ဂေါမြို့နယ်ကိုတံတားဦးလေတပ်တက်ဂျက်ဖိုက်တာနှစ်စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ ထိခိုက်မှုကိုမသိရသေးဘဲ လေကြောင်းမှထပ်မံဗုံးကြဲနိုင်၍ ဒေသခံပြည်သူများ လုံခြုံသည့်နေရာတွင်နေရန်ပေါက်မြို့နယ်မြောက်ပိုင်း ကျေးလက်ဒေသကာကွယ်ရေးတပ်ဖွဲ့က သတိပေးထားသည်။

မင်းတပ်မြို့ကိုမေလ (၇) ရက် နံနက် ၁နာရီခွဲခန့်၌ ဗုံးနှစ်လုံးကြဲချခဲ့ပြီးနေ့လယ် ၂ နာရီ ၄၀ မိနစ်ဝန်းကျင်တွင် ဂျက်ဖိုက်တာဖြင့် ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့ရာအစိုးရအဆောက်အဦးနှင့်ဝန်ထမ်းအိမ်ရာများထိခိုက်ပျက်စီးပြီး၊ အရပ်သားပြည်သူ အသက်ဆုံးရှုံးမှုများရှိခဲ့သည်ဟု မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကသတင်းထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

ထိုအပြင်အာရက္ခတပ်တော်(AA)နှင့် ပူးပေါင်းတပ်များနှင့် စစ်​ကောင်စီ စစ်ရေးတင်းမာနေသောလေးမျက်နှာမြို့၊ပန်းတောကြီးရွာကို ​မေ ၇ ရက်ည ၁၀နာရီခန့်တွင် လေကြောင်းမှ ဗုံးကြဲသွားကြောင်း ဒေသခံများကပြောသည်။

“လေးမျက်နှာမှာဖြစ်တဲ့တိုက်ပွဲတစ်လျှောက် ဒီနေ့ညဗုံးကြဲတာအပြင်းထန်ဆုံးပဲ။တိုက်ပွဲဖြစ်တဲ့အသံမကြားရဘဲနဲ့ ဗုံးကြဲသွားတာ”ဟုဒေသခံတစ်ဦးကပြောသည်။

စစ်ကောင်စီ ဗုံးကြဲသည့်အထက်ပါမြို့နယ်များတွင်လတ်တလော၌တိုက်ပွဲများဖြစ်ပွားနေခြင်းမရှိပေ။

စစ်ကောင်စီသည်မတ်လ ၂၈ ရက်က ​မြေငလျင်ကိုအကြောင်းပြ၍မေလ ၆ရက်မှ မေလ၃၁အထိကို အပစ်အခတ်ရပ်စဲကြောင်း ထပ်မံထုတ်ပြန်ခဲ့သည်။ အဆိုပါ အပစ်ရပ်ကာလမတိုင်ခင် ဧပြီလ ၂ရက်မှ ဧပြီလကုန်အအထိလည်း စစ်ကောင်စီက အပစ်ရပ်ကြေညာခဲ့​သော်လည်း လေကြောင်းတိုက်ခိုက်မှုများပိုမိုပြုလုပ်ခဲ့သည်။

ထို့အပြင် လက်ရှိတွင် စစ်ကောင်စီခေါင်းဆောင်သည်ရုရှားနိုင်ငံသို့ခရီးထွက်နေပြီး အာဏာသိမ်း​ခေါင်း​ဆောင်မရှိဘဲ ဒုတိယအာဏာသိမ်းခေါင်းဆောင်ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းကျန်ရှိ​နေချိန်တွင်ပါ အထက်ပါ လေကြောင်းတိုက်ခိုက်မှုများဆက်လက် ကျူးလွန်နေခြင်းဖြစ်သည်။

ငလျင်လှုပ်ခဲ့သည့် မတ်လ၂၈ ရက်မှ မေ၂ ရက်အထိ ၃၆ ရက်အတွင်း စစ်ကောင်စီက လေ ကြောင်းတိုက်ခိုက်မှု၂၈၂ ကြိမ်ပြုလုပ်ခဲ့ပြီး ပြည်သူ၂၇၆ ဦး သေဆုံးကာ ၄၅၆ ဦးဒဏ်ရာရခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

​ရုရှားက​မော်စကိုတွင်ပြုလုပ်မည့်​ဒုတိယကမ္ဘာ့စစ်​အောင်ပွဲ ခံ​နေ့ အခမ်းအနားသို့တက်​ရောက်ရန် အာဏာသိမ်း​ခေါင်း​ဆောင်မင်း​အောင်လှိုင်နှင့် ဇနီးအပါအဝင် ၊စစ်​ကောင်စီတွဲဖက်အတွင်း​ရေးမှူး ဗိုလ်ချုပ်ကြီးရဲဝင်းဦး နှင့် ဇနီး ၊ ကြည်​ရေ​လေ ညှိနှိုင်းကွပ်ကဲ​ရေးမှူးဗိုလ်ချုပ်ကြီး ​ကျော်စွာလင်း နှင့် ဇနီးစသည့်အာဏာသိမ်းစစ်​ခေါင်း​ဆောင်များပါသွား​ရောက်​နေကြခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

ထိုင်းနိုင်ငံနဲ့ ထိုင်းပြည်သူတွေအတွက်လွန်စွာဝမ်းနည်းစိတ်မကောင်းဖြစ်ရပါတယ်လို့ ဦးစွာပြောလိုပါတယ်။ အကြောင်းရင်းကတော့ မိမိတို့နိုင်ငံရဲ့ ထုတ်ကုန်တစ်ခုဖြစ်တဲ့ ဗြဟ္မာ့ဦးခေါင်းကြီးကြောင့် သင်တို့မြေမှာ ဆိုးကျိုး တွေ ကြုံတွေ့ခဲ့ရတာကြောင့်ဖြစ်ပါတယ်။

နိုင်ငံတကာ

NATO စစ်မဟာမိတ် အဖွဲ့ရဲ့ သွေးစည်းညီညွတ်မှုကို အကဲစမ်းဖို့ ရုရှားက အကန့်အသတ်နဲ့ ရန်စ တိုက်ခိုက်တာမျိုးတွေ ရှိလာနိုင်ကြောင်း အမေရိကန် ထောက်လှမ်းရေး အစီရင်ခံစာတွေမှာ ဖော်ပြထားပါတယ်။

နိုင်ငံတကာ

ရုရှားဆီက မျိုးဆက်သစ် Su-57E တိုက်လေယာဉ်တွေ ဝယ်ယူဖွယ်ရှိကြောင်း သတင်းတွေကို အိန္ဒိယက ငြင်းပယ်သွားခဲ့ပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်းက မိုးကြီးပြီး ရေဘေးကြုံတွေ့နေတဲ့ မဘိမ်းမြို့ကို စစ်တပ်က လေကြောင်း ကနေ ဗုံးကြဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။