Connect with us

Hi, what are you looking for?

သတင်း

အိန္ဒိယက မြန်မာဘက်​ကျော်၍ နယ်စပ်ခြံစည်းရိုးကာရံ​နေမှုအ​ပေါ် ​ တမူးPDFတားမြစ်

အိန္ဒိယက မြန်မာနိုင်ငံပိုင်နက်အတွင်းဝင်၍ ခြံစည်းရိုးကာရံနေမှုကို တမူးမြို့မှ ပြည်သူ့ကာကွယ်ရေးတပ်များက ကန့်ကွက်တားမြစ်ထားသော်လည်း ဆက်ကာနေသည့် အိန္ဒိယအစိုးရ၏ လုပ်ရပ်အပေါ် တမူးဒေသခံများနှင့် တော်လှန်ရေးအင်းအားစုများက ပြစ်တင်ရှုတ်ချနေသည်။

အိန္ဒိယ-မြန်မာနယ်စပ် တစ်​နေရာတွင် ခြံစည်းရိုးခတ်ထားမှုကို​တွေ့ရစဥ်။ဓါတ်ပုံ-The Hindu

“နယ်ကျော်တာ၄နေရာလောက်ရှိတယ်။ ၁ နေရာက စကစစိုးမိုးတဲ့ တမူး-မိုးရေးမြို့ကြားမှာ။ ၃ နေရာက ကျနော်တို့တော်လှန်ရေးအဖွဲ့စိုးမိုးတဲ့နေရာပါ။ ကျတော်တို့တားပေမယ့် ဆက်လုပ်နေတာရှ်ိနေတယ်။ ဒါကို ကျတော်တို့ထပ်တားမြစ်ထားပါတယ်” -PDF တစ်ဦး

​မေ-၈၊၂၀၂၅။ကဖေး/People’s Spring

အိန္ဒိယက မြန်မာနိုင်ငံပိုင်နက်အတွင်းဝင်၍ ခြံစည်းရိုးကာရံနေမှုကို တမူးမြို့မှ ပြည်သူ့ကာကွယ်ရေးတပ်များက ကန့်ကွက်တားမြစ်ထားသော်လည်း ဆက်ကာနေသည့် အိန္ဒိယအစိုးရ၏ လုပ်ရပ်အပေါ် တမူးဒေသခံများနှင့် တော်လှန်ရေးအင်းအားစုများက ပြစ်တင်ရှုတ်ချနေသည်။

အိန္ဒိယနိုင်ငံ၊မဏိပူရပြည်နယ် နှင့် တမူးမြို့နယ်ကြားနယ်စပ်ခြံစည်းရိုးကို ၂၀၂၂ခုနှစ် ဇွန်လမှစတင်ပြီး အိန္ဒိယနိုင်ငံဘက်မှခြံစည်းရိုးကာခဲ့ခြင်းဖြစ်ပြီး ယခုအခါတမူးမြို့အနီး ရောက်ရှိလာခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

“နယ်ကျော်တာ ၄ နေရာလောက်ရှိတယ်။ ၁ နေရာက စကစ စိုးမိုးတဲ့တမူး မိုးရေးမြို့ကြားမှာ။ ၃ နေရာက ကျနော်တို့တော်လှန်ရေးအဖွဲ့စိုးမိုးတဲ့နေရာပါ။ ကျတော်တို့တားပေမယ့် ဆက်လုပ်နေတာရှ်ိနေတယ်။ ဒါကို ကျတော်တို့ထပ်တားမြစ်ထားပါတယ်”ဟုတမူးမြို့နယ်မှကာကွယ်ရေးရဲဘော် တဦးကပြောသည်။

အိန္ဒ်ိယသည်ပြီးခဲ့သည့်ဧပြီလကတမူးမြို့အနောက်ဘက်ရှိ နယ်စပ် မှတ်တိုင် ၅၉-၆၀ကြား နှင့်မှတ်တိုင် ၇၅-၇၆ကြားတွင်မြန်မာဘက်ခြမ်းသို့ ပေ ၆၀၀ ခန့် ကျူးကျော်ပြီးခြံစည်းရိုးခတ်နေ​​သောကြောင့် တမူးခရိုင်အမှတ်(၁)တပ်ရင်းကသွားရောက်တားမြစ်ခဲ့သည်။

ထိုသို့တားမြစ်ပြီး​နောက် အဆိုပါနေရာတွင် ယာယီရပ်တန့်ထားသော်လည်းမှတ်တိုင်၈၂-၈၃ ကြား၌ မြန်မာဘက်သို့ဝင်ကာ ဆက်ကာနေ၍တမူးခရိုင်အမှတ်(၃) တပ်ရင်းက ထပ်မံတားမြစ်ထားသည်။

မြို့ပေါ်ကို ထိန်းချုပ်ထားသည့် စစ်ကောင်စီဌာနဆိုင်ရာများကလည်း ကန့်ကွက်ထားကြောင်းသိရသည်။သို့သော်စစ်ကောင်စီကမူသတင်းမထုတ်ပြန်ဘဲ နှုတ်ဆိတ်နေသည်ကို​တွေ့ရသည်။ တမူးမြို့နယ်တွင် မြို့‌ပေါ်ကိုသာ စစ်ကောင်စီက ထိန်းချုပ်ထားနိုင်ပြီး တစ်မြို့နယ်လုံး၏ ၈၀ရာခိုင်နှုန်းကို တော်လှန်ရေးတပ်များက ထိန်းချုပ်ထားခြင်းဖြစ်သည်။

စစ်အာဏာရှင်တော်လှန်ရေးတိုက်ပွဲများဖြစ်နေချိန် အိန္ဒ်ိယက ယခုကဲ့သို့ ခြံစည်းရိုးကာနေမှုကို တမူးဒေသခံများကလည်း ကန့်ကွက်နေသည်။

“အငြင်းပွားတဲ့ နယ်ခြားကျောက်တိုင်နေရာတွေကိုအခုလိုတော်လှန်ရေးကာလမှာညှိနှိုင်းခြင်းမရှိဘဲနယ်မြေကျူးကျော်ခြံစည်းရိုးကာရံခြင်းကိုလက်မခံပါဘူး။ကန့်ကွက်ရှုတ်ချပါတယ်” ဟုတမူးဒေသခံတစ်ဦးကပြောသည်။

မြန်မာဘက်မှတော်လှန်ရေးအင်အားစုများ၏ တားမြစ်မှုနှင့်ပတ်သက်၍ တရားဝင်ပြောရေးဆိုခွင့်ရှိသူနှင့် ဆွေးနွေးလိုကြောင်းအိန္ဒိယဘက်မှတုန့်ပြန်ထားသည်ဟု သတင်းရရှ်ိသည်။ ထိုအခြေအနေအတွက် အမျိုးသားညီညွတ်ရေးအစိုးရက ကြိုတင်ပြင်ဆင်နေပြီး မကြာမီ တရားဝင်တောင်းဆိုမည်ဖြစ်ဟုစုံစမ်းသိရသည်။

“NUGဘက်ကအထောက်အထားပြည့်ပြည့်စုံစုံနဲ့ဆွေးနွေးပါလိမ့်မယ်”ဟု စစ်ကိုင်းတိုင်းမှ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးကပြောသည်။

မြန်မာနိုင်ငံတွင်စစ်တပ်ကအာဏာသိမ်းပြီးနောက် အိန္ဒိယနိုင်ငံ၏ပြည်တွင်းလုံခြုံရေးစ်ိန်‌ခေါ်ချက်နှင့်မူးယစ်ဆေးဝါးပြဿနာပိုမိုကြီးမားလာခြင်တရားမဝင်ရွှေ့ပြောင်းလာသူများကိုထိန်းချုပ်နိုင်‌ ရေးအတွက် နှစ်နိုင်ငံနယ်နမိတ်ကို ခြံစည်းရိုးခတ်မည်ဟု အိန္ဒိယဗဟိုအစိုးရက ၂၀၂၃ တွင်ထုတ်ဖော်ပြောကြားထားသည်။ နှစ်န်ိုင်ငံ နယ်စပ်တလျှောက် ၄၃ မိုင်ကျော်ကို ထပ်မံကာရံသွားမည်ဟု မဏိပူရပြည်နယ်ဝန်ကြီးချုပ်က ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်တွင် ပြောကြားခဲ့သည်။

နယ်စပ်ခြံစည်းရိုးကာရံမှုသည်နှစ်နိုင်ငံအစိုးရချင်း ပူးပေါင်းလုပ်ကိုင်ရခြင်းဖြစ်ပြီး ယခုကဲ့သို့ တဖက်သတ်ကာရံနေမှုသည်နောင်တချိန်နယ်မြေပိုင်ဆိုင်မှုအငြင်းပွားနိုင်ကြောင်းတမူးဒေသခံများကပြောသည်။အိန္ဒိယ နှင့် မြန်မာနယ်စပ်တလျှောက်သည် ၁,၀၂၀မိုင်ခန့် နယ်နမိတ်ချင်းထိစပ်နေသည်။

” ဒီကိစ္စဝိုင်းအော်ပြီး တားဆီးရမယ်။ဒီချိန်ကြီးမှာ အဲ့ကိစ္စထပ်ထပ်လုပ်နေကြတာရက်စက်တယ်” ဟု တမူးဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

BRICS စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု အဖွဲ့ရဲ့ ထိပ်သီးညီလာခံ တက်ရောက်လာတဲ့ အဖွဲ့ဝင်နိုင်ငံ ခေါင်းဆောင်တွေ အိန္ဒိယ နိုင်ငံမှာ တွေ့ဆုံခဲ့ကြပါတယ်။

နိုင်ငံတကာ

အိန္ဒိယ ဝန်ကြီးချုပ် နာယန်ဒရာ မိုဒီနဲ့ ရုရှား သမ္မတ ဗလာဒီမာ ပူတင်တို့ဟာ အိန္ဒိယနိုင်ငံမြို့တော် နယူးဒေလီမြို့မှာ ဒီနေ့ (စက်တင်ဘာလ ၁၁ ရက်) သောကြာနေ့မှာ တွေ့ဆုံခဲ့ကြပါတယ်။

နိုင်ငံတကာ

အိန္ဒိယနိုင်ငံ၊ ဒေလီမြို့တော်မှာ လူနေ အဆောက်အအုံတစ်လုံး ပြိုကျခဲ့တာကြောင့် ၃ ဦးထက်မနည်း သေဆုံးခဲ့ပြီး နောက်ထပ် လူ ၅၀ လောက် အပျက်အစီးတွေအောက် ပိတ်မိနေတယ်လို့ ယုံကြည်ရပါတယ်။

သတင်း

အိန္ဒိယမှာ အကြမ်းဖက် တိုက်ခိုက်မှုတွေ လုပ်ဖို့ ပူးပေါင်းကြံစည်ခဲ့ကြောင်းစွပ်စွဲချက်နဲ့ အဖမ်းခံထားရတဲ့ နိုင်ငံခြားသား ၇ ဦးဟာမြန်မာနိုင်ငံမှာ အရပ်ဖက် လေယာဉ်တစ်စီးကို ဒရုန်းနဲ့ တိုက်ခိုက်တဲ့ လုပ်ရပ်မှာ ပါဝင်ပတ်သက်ခဲ့တယ်လို့ အိန္ဒိယ အမျိုးသား စုံစမ်းစစ်ဆေးရေး အေဂျင်စီ (NIA)ကစွပ်စွဲပါတယ်။

Facebook