Connect with us

Hi, what are you looking for?

သတင်း

နမခကို စစ်ကောင်စီအင်အားဖြည့်နေ၊ ကနီကို ဗုံးကြဲ

မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)ကို ယနေ့ နေ့လယ်ပိုင်း၌ စစ်ကောင်စီက ရဟတ်ယာဉ်များဖြင့် အင်အားဖြည့်နေပြီး ကနီမြို့ကိုလည်း ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်သွားသည်။

ဓာတ်ပုံ - Zayar Times

မေ ၉၊ ၂၀၂၅။ ကဖေး/People’s Spring

မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)ကို ယနေ့ နေ့လယ်ပိုင်း၌ စစ်ကောင်စီက ရဟတ်ယာဉ်များဖြင့် အင်အားဖြည့်နေပြီး ကနီမြို့ကိုလည်း ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်သွားသည်။

“ရဟတ်ယာဉ်တွေ ခဏခဏဆင်းတယ်။ လူအင်အားဖြည့်နေတယ်။ ရှေ့လျှောက်ပြီး အခြေအနေတွေက တော်တော်ကို သတိထားနေကြရမယ့်အဖြစ်ပဲ။ အထူးသဖြင့် အရပ်သားတွေ စိုးရိမ်နေကြတယ်”ဟု မုံရွာမြို့ခံတစ်ဦးကပြောသည်။

စစ်ကောင်စီသည် နမခကို အင်အားဖြည့်တင်းနေသလို ယနေ့ညနေလေးနာရီခန့်တွင် ကနီမြို့နယ် ဆူးလေကုန်းကျေးရွာကို ဂျက်ဖိုက်တာ နှစ်စီးဖြင့် ပစ်သွားကြောင်း ဒေသခံတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

“နေကပူရတဲ့အထဲ ဗုံးခိုကျင်းမှာပဲနေရတယ်။ ဒီနေ့ညနေပစ်တာဆိုရင် ဂျက်ဖိုက်တာနှစ်စီးနဲ့ပစ်တာ။ တိုက်ပွဲမဖြစ်ဘဲနဲ့ အယုတ်တမာစစ်တပ်က ပစ်တာ”ဟု ကနီမြို့ခံအမျိုးသမီးတစ်ဦးကပြောသည်။

လေကြောင်းဗုံးကြဲမှုကြောင့် ထိခိုက်မှုကို မသိရှိရသေးပေ။ စစ်ကောင်စီသည် ယခုရက်ပိုင်းအတွင်း မြို့နယ်အချို့ကို လေကြောင်းတိုက်ခိုက်မှုများဆက်တိုက်ပြုလုပ်နေပြီး မေလဆန်းမှစ၍ ဧရာဝတီတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ကချင်ပြည်နယ်၊ တနင်္သာရီတိုင်း၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်တို့ကို လေကြောင်းမှ ဗုံးကြဲ၍ အရပ်သားထိခိုက်သေဆုံးမှုများရှိခဲ့သည်။

စစ်ကောင်စီသည် မတ်လ ၂၈ရက်က ငလျင်ကို အကြောင်းပြ၍ မေလ ၆ရက်မှ မေလ ၃၁အထိအပစ်အခတ်ရပ်စဲကြောင်း ထပ်မံထုတ်ပြန်ခဲ့သည်။ အဆိုပါအပစ်ရပ်ကာလမတိုင်ခင် ဧပြီ ၂ရက်မှ ဧပြီကုန် အထိလည်း စစ်ကောင်စီက အပစ်ရပ်ကြေညာခဲ့ပြီး လေကြောင်းတိုက်ခိုက်မှုများ ဆက်လက်ပြုလုပ်ခဲ့သည်။ ထို့အပြင် လက်ရှိတွင် စစ်ကောင်စီခေါင်းဆောင်သည် ရုရှနိုင်ငံသို့ခရီးထွက်နေပြီး ၎င်း၏ လက်ထောက် ဒုတိယစစ်ခေါင်းဆောင်ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက အထက်ပါလေကြောင်းတိုက်ခိုက်မှုများ ဆက်လက် ကျူးလွန်နေခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီ လက်နက်ချအလင်းဝင်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ကနီမြို့နယ်မှာ သပိတ်အင်အားစုနဲ့ ဒေသခံပြည်သူတွေ ပူးပေါင်းပြီး ရွှေဝါရောင်တော်လှန်ရေး (၁၉)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လှုပ်ရှားမှု စက်တင်ဘာ ၁၈ ရက်က ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုနဲ့ စစ်ကြောင်းထိုး သတ်ဖြတ်မှုတွေကြောင့် ၄လအတွင်း စိတ်ကျန်းမာရေးမကောင်းသူတွေ အပါအဝင် ပြည်သူ ၁၅ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ တိုက်ပွဲအတွင်း ထွက်‌ပြေးရာက မိသားစုနဲ့ ကွဲပြီး တစ်ဦးတည်းကျန်ရစ်ခဲ့တဲ့ အဖွားအိုတစ်ဦးကို PDF ရဲဘော်တွေက ကယ်ထုတ်ခဲ့တဲ့ ရုပ်သံမှတ်တမ်းဟာ အခုရက်ပိုင်းအတွင်း လူပြောများနေပါတယ်။ အဲဒီ ရုပ်သံမှာ အားနည်းနေတဲ့အဖွားအိုကို ရဲဘော်တစ်ဦးက ပြောဆိုတာ ဖြစ်ပါတယ်။

Facebook