Connect with us

Hi, what are you looking for?

သတင်း

ရုရှားမှာ ရှီကျင့်ဖျင် နဲ့ မင်းအောင်လှိုင်​တွေ့ဆုံ၊ စစ်တပ်အာဏာသိမ်းပြီး​နောက်ပိုင်းပထမဆုံး ​တွေ့ဆုံခြင်းဖြစ်

ရုရှားနိုင်ငံကို ရောက်ရှိနေစဉ် အတောအတွင်း တရုတ်သမ္မတ ရှီကျင့်ဖျင်ဟာ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့တယ်လို့ တရုတ်အစိုးရကထုတ်ပြန်ပါတယ်။

အာဏာသိမ်း​ခေါင်း​ဆောင် နဲ့ တရုတ်သမ္မတ ​မေ ၈ ရက်​နေ့မှာ ရုရှားမှာ​တွေ့ဆုံစဥ်။ ဓါတ်ပုံ-Mao Nang

​မေ-၉၊၂၀၂၅။ People’s Spring

ရုရှားနိုင်ငံကို ရောက်ရှိနေစဉ် အတောအတွင်း တရုတ်သမ္မတ ရှီကျင့်ဖျင်ဟာ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့တယ်လို့ တရုတ်အစိုးရကထုတ်ပြန်ပါတယ်။

တရုတ် အစိုးရပိုင် Xinhua သတင်းဌာနက မေလ ၉ ရက်နေ့မှာ ရှီနဲ့ မင်းအောင်လှိုင်တို့ တွေ့ဆုံခဲ့တာလို့ ဖော်ပြထားပါတယ်။

ရှီရော၊ မင်းအောင်လှိုင်ပါ ရုရှားသမ္မတ ဗလာဒီမာ ပူတင်ရဲ့ ဖိတ်ကြားမှုအရ ရုရှားရဲ့ ဒုတိယ ကမ္ဘာစစ် အောင်ပွဲနေ့ စစ်ရေးပြ ချီတက်ပွဲကို တက်ရောက်ဖို့ ရုရှားကို ရောက်ရှိနေကြတာပါ။

Public Service Announcement

Public Service Announcement

ရှီက မြန်မာနိုင်ငံမှာ မတ်လကုန်က လှုပ်ခတ်ခဲ့တဲ့ ဖျက်အားပြင်းငလျင်ကြီးအပြီးမှာတရုတ် ကယ်ဆယ်ရေးအဖွဲ့တွေနဲ့လူသားချင်းစာနာမှုအကူအညီတွေအမြန်ဆုံးပေးပို့ခဲ့တဲ့အကြောင်း မင်းအောင်လှိုင်ကို ပြောခဲ့ပြီး နောက်ဆက်တွဲ ပြန်လည် တည်ဆောက်ရေး လုပ်ငန်းစဉ်တွေမှာလည်း အကူအညီ ပေးသွားမယ်လို့ ကတိပြုခဲ့တယ်လို့ တရုတ်နိုင်ငံခြား​ရေးဝန်ကြီးဌာန၊ ​ပြော​​ခွင့်ရ Mao Ning က ​​ရေးသားထားပါတယ်။

နောက်ပြီး မြန်မာနိုင်ငံရဲ့ အချုပ်အခြာ အာဏာပိုင်ဆိုင်ခွင့်၊ လွတ်လပ်ခွင့်၊ ထိန်းချုပ်နယ်မြေ စစ်မှန်မှု၊ အမျိုးသား လုံခြုံရေးဆိုင်ရာ အခြေအနေတွေနဲ့ ကိုက်ညီမယ့် တိုးတက်ဖွံ့ဖြိုးမှု လမ်းကြောင်းမျိုးဆီ ဦးတည်နိုင်ဖို့ တရုတ်က ထောက်ခံ အားပေးမယ်လို့ ရှီက​ပြောတယ်လို့ဆိုပါတယ်။

ဒါအပြင်ဆင်ခြင်တုံတရားပြည့်ဝတဲ့ပြည်တွင်း နိုင်ငံရေး လုပ်ငန်းစဉ်တွေ တိုးတက် ဖြစ်ထွန်းရေးကိုလည်း တရုတ်က ပံ့ပိုးသွားမယ်လို့ ရှီက အာဏာသိမ်းစစ်ခေါင်းဆောင်ကိုပြောကြားသွားခဲ့ပါတယ်။

တရုတ်သမ္မတက မြန်မာအာဏာသိမ်း​ခေါင်​ဆောင်ကို အာဏာသိမ်းပြီး​နောက်ပိုင်း ၄ နှစ်​ကျော်အတွင်းပထမဆုံးအကြိမ်လက်ခံ​တွေ့ဆုံခဲ့တာဖြစ်ပါတယ် ။

တရုတ်နိုင်ငံခြား​ရေး​ပြောခွင့်ရ Mao Naing က ရှီကျင့်ဖျင် နဲ့ မင်း​အောင်လှိုင်​တွေ့ဆုံ​ကြောင်း ​ရေးသားထားတဲ့ ​ဖေစ်ဘွခ်​အောက်မှာ မြန်မာပြည်သူအချို့က မင်း​အောင်လှိုင်ဟာ မြန်မာ​ခေါင်း​ဆောင်မဟုတ်ပဲ စစ်ရာဇဝတ်သား သာဖြစ်တယ်လို့ မှတ်ချက်ပြု​ရေးသား​နေကြပါတယ် ။

“တရုတ်ပြည်ကျပါစေ၊ ရှီကျင့်ဖျင် ကျဆုံးပါစေ၊ တရုတ်အစိုးရရဲ့ မြန်မာလူမျိုးတွေအပေါ် ရက်စက်ကြမ်းကြုတ်တဲ့ အနိုင်ကျင့်မှုရဲ့ အကျိုးဆက်တွေ ရှိလာလိမ့်မယ်”ဟု မြန််မာနိုင်ငံသားတစ်ဦးကမှတ်ချက်ပြု​ရေးသားထားပါတယ် ။

အခြားပြည်သူတဦးကလည်း “အကြမ်းဖက်သမားနဲ့ လက်ဆွဲနှုတ်ဆက်သူဟာ အကြမ်းဖက်ဝါဒကို ထောက်ခံသူသာဖြစ်တယ်”လို့​ရေးသားထားပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဝါရှင်တန်ဒီစီကို ရောက်ရှိလာတဲ့ တရုတ် သမ္မတ ရှီကျင့်ဖျင်ကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က လေဆိပ်ထိ ဆင်းပြီး ကြိုဆိုခဲ့ပါတယ်။

သတင်း

အမေရိကန်နဲ့ဆက်ဆံရေးပြန်လည်တည်ဆောက်ချင်တယ်လို့ အာဏာ သိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ကပြောကြားခဲ့ပါတယ်။

သတင်း

ရိုဟင်ဂျာများအပါအဝင် မြန်မာနိုင်ငံရှိ အကြမ်းဖက်မှုတွေကနေ ထွက်ပြေးလွတ်မြောက်လာသူများကို နေရပ်သို့ပြန် မပို့ခင်မှာ ရာဇဝတ်မှုများနဲ့ အကြမ်းဖက်မှုများ ရပ်တန့်ရမယ်လို့ မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား(IIMM)က ဒီနေ့ ထုတ်ပြန်ပါတယ်။

သတင်း

မိခင်ဒေါ်အောင်ဆန်းစုကြည် နဲ့ တွေ့ခွင့်​ပေးဖို့ ၊လွှတ်​ပေးဖို့ လန်ဒန်မြို့ မြန်မာသံရုံးက တစ်ဆင့် အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်ဆီကိုစာရေးသားပေးပို့ခဲ့တယ်လို့ ကင်မ်အဲရစ်(ခ)ကိုထိန်လင်းက အသိပေးထားပါတယ်။

Facebook