Connect with us

Hi, what are you looking for?

သတင်း

ရှီကျင့်ဖျင်က တရုတ်စီမံကိန်းတွေကိုကာကွယ်ပေးဖို့ မင်းအောင်လှိုင်ကို တောင်းဆို

အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ တွေ့ဆုံချိန်မှာ တရုတ် သမ္မတ ရှီကျင့်ဖျင်က မြန်မာနိုင်ငံမှာရှိတဲ့ တရုတ် အကျိုးစီးပွားတွေ၊ ရင်းနှီးမြှုပ်နှံမှုတွေကို ထိထိရောက်ရောက် အကာအကွယ်ပေးဖို့ တောင်းဆိုခဲ့ကြောင်း သိရပါတယ်။

■တရုတ်စီမံကိန်းတွေရဲ့လုံခြုံရေးအတွက်စွမ်းနိုင်သမျှလုပ်ပါ့မယ်လို့မင်း​အောင်လှိုင်ကတိပေး

​မေ-၁၀၊၂၀၂၅။People’s Spring

အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ တွေ့ဆုံချိန်မှာ တရုတ် သမ္မတ ရှီကျင့်ဖျင်က မြန်မာနိုင်ငံမှာရှိတဲ့ တရုတ် အကျိုးစီးပွားတွေ၊ ရင်းနှီးမြှုပ်နှံမှုတွေကို ထိထိရောက်ရောက် အကာအကွယ်ပေးဖို့ တောင်းဆိုခဲ့ကြောင်း သိရပါတယ်။

ရှီနဲ့ မင်းအောင်လှိုင်တို့ဟာ ရုရှားရဲ့ ဒုတိယ ကမ္ဘာစစ် အောင်ပွဲ နှစ်ပတ်လည် အခမ်းအနား တက်ရောက်ဖို့ မော်စကိုမြို့ကို ရောက်ရှိနေခဲ့ပြီး သီးခြား အစီအစဉ် တစ်ခုအနေနဲ့ တွေ့ဆုံခဲ့တာပါ။

Public Service Announcement

Public Service Announcement

၇၅ နှစ်ကြာ တည်တံ့ခဲ့တဲ့ နှစ်နိုင်ငံကြား သံတမန် ဆက်ဆံရေးကို အခြေပြုပြီး တရုတ်ဟာ မြန်မာနိုင်ငံရဲ့ တည်ငြိမ်အေးချမ်းမှု၊ လုံခြုံမှုတွေ၊ အပြန်အလှန် အကျိုးဖြစ်ထွန်းစေမှုတွေကို အမြဲလိုလားနေမယ်လို့ ရှီက ပြောပါတယ်။

နောက်ပြီး သူ့ရဲ့ သမ္မတဘဝ အရေးအကြီးဆုံး မဟာဗျူဟာ အခင်းအကျင်း တစ်ခုဖြစ်တဲ့ ရပ်ဝန်းတစ်ခု၊ လမ်းကြောင်းတစ်ခု (BRI)အခြေခံအဆောက်အအုံ စီမံကိန်းကြီးအတွက် မြန်မာနိုင်ငံနဲ့ နက်နက်ရှိုင်းရှိုင်း လက်တွဲ အလုပ်လုပ်သွားမယ်လို့လည်း ရှီက ဆိုပါတယ်။

သူကမြန်မာနိုင်ငံမှာငလျင်ကြီးလှုပ်ခတ်ပြီးနောက် တရုတ်က ကယ်ဆယ်ရေး အဖွဲ့တွေနဲ့ ထောက်ပံ့ရေး ပစ္စည်းတွေ ပထမဆုံးပေးပို့ခဲ့ကြောင်း၊ မြန်မာနိုင်ငံရဲ့ ပြန်လည်ထူထောင်ရေး အားထုတ်မှုတွေမှာလည်း ပံ့ပိုး ကူညီသွားမှာဖြစ်ကြောင်း ပြောပါတယ်။

နောက်ပြီး မြန်မာနိုင်ငံမှာ ရှိနေတဲ့ တရုတ် နိုင်ငံသားတွေ၊ အဖွဲ့အစည်းတွေ၊ စီမံကိန်းတွေရဲ့ လုံ
ခြုံရေးအတွက် မြန်မာဖက်က ခိုင်မာတဲ့ အစီအမံတွေ ရှိနေမယ်လို့ သူမျှော်လင့်ကြောင်း ရှီက မင်းအောင်လှိုင်ကို ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် ကျားဖြန့် ငွေလိမ်ဂိုဏ်းတွေ၊ တရားမဝင် အွန်လိုင်း လောင်းကစား လုပ်ငန်းတွေနဲ့ နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုတွေ တိုက်ဖျက်ရေးကို ထိထိရောက်ရောက် ပူးပေါင်း ဆောင်ရွက်နိုင်ဖို့လည်း ရှီက တောင်းဆိုသွားပါတယ်။

မင်းအောင်လှိုင်ကတော့ငလျင်အပြီးတရုတ်ရဲ့ စာနာ ကူညီမှုတွေ အတွက်ရော၊ ခက်ခဲကြမ်းတမ်းတဲ့ ကာလတွေမှာ ဆွေမျိုးပေါက်ဖော် ဆက်ဆံရေးကို ခိုင်ခိုင်မာမာ ပြသခဲ့တဲ့ အတွက်ပါ တရုတ်ကို မြန်မာပြည်သူတွေက အမြဲ အမှတ်ရနေမယ်လို့ ပြောခဲ့ပါတယ်။

မင်းအောင်လှိုင်က ရှီရဲ့ အားကောင်းတဲ့ ဦးဆောင်မှုအောက်မှာတရုတ်ဟာအံ့မခန်းခေတ်မီတိုးတက်လာနေကြောင်း ချီးကျူးခဲ့ပြီး မြန်မာဟာ တရုတ်နဲ့ ဆက်ဆံရေးကို အထူးအလေးထားကြောင်း၊ တရုတ်ကလည်း မြန်မာကို ယုံကြည် အားကိုးထိုက်တဲ့ အိမ်နီးချင်းကောင်း အနေနဲ့ အမြဲတမ်း စိတ်ချထားနိုင်ကြောင်း ဆိုပါတယ်။

ပြီးတော့တရုတ်နဲ့ကုန်သွယ်ရေး၊စီးပွားရေး၊ စွမ်းအင် ကဏ္ဍတွေမှာ ပိုမို ပူးပေါင်းဆောင်ရွက်ဖို့ မြန်မာဖက်က အမြဲအာသီသ ရှိနေကြောင်း ပြောကြားခဲ့ပါတယ်။

ပြည်တွင်းကတရုတ်နိုင်ငံသားတွေ နဲ့ တရုတ်စီမံကိန်းတွေရဲ့လုံခြုံရေးအတွက်စွမ်းနိုင်သမျှကဏ္ဍအားလုံးကိုလုပ်ပါ့မယ်လို့ကတိပေးသွားခဲ့ပါတယ်။

နောက်ပြီးအိမ်နီးချင်းနိုင်ငံတွေနဲ့ကောင်းကျိုးမျှဝေတဲ့ အနာဂတ်မျိုး တည်ဆောက်လိုတဲ့ တရုတ်ရဲ့ အမြင်ကို စစ်ခေါင်းဆောင်က ချီးကျူးခဲ့ပြီး နှစ်ဦးနှစ်ဖက်နဲ့ သက်ဆိုင်တဲ့ စိန်ခေါ်မှုတွေ ကြုံတွေ့လာတဲ့အခါ ကြံ့ကြံ့ခံ လက်တွဲ လုပ်ဆောင်သွားဖို့ အသင့်ပြင်ထားပါ့မယ်လို့ပါ ပြောကြားသွားခဲ့ပါတယ်။

ကိုးကား-Xinhua

ဆက်စပ်သတင်းများ

ဆောင်းပါး

ထိုင်းနိုင်ငံနဲ့ ထိုင်းပြည်သူတွေအတွက်လွန်စွာဝမ်းနည်းစိတ်မကောင်းဖြစ်ရပါတယ်လို့ ဦးစွာပြောလိုပါတယ်။ အကြောင်းရင်းကတော့ မိမိတို့နိုင်ငံရဲ့ ထုတ်ကုန်တစ်ခုဖြစ်တဲ့ ဗြဟ္မာ့ဦးခေါင်းကြီးကြောင့် သင်တို့မြေမှာ ဆိုးကျိုး တွေ ကြုံတွေ့ခဲ့ရတာကြောင့်ဖြစ်ပါတယ်။

သတင်း

ထိုင်းနိုင်ငံထဲ ကို မကောင်းတဲ့ စွမ်းအင်တွေ ၀င်ရောက်လာတယ်လို့ ထိုင်းရဲတပ်ဖွဲ့ဝင်တဦးက ဒီကနေ့ပြောပါတယ်။

သတင်း

အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင် ရှေ့မှာ ငြိမ်းချမ်းရေးနဲ့ လူသားချင်းစာနာမှုတွေအတွက် အော်ဟစ်ဆန္ဒပြခဲ့တဲ့ ပြည်သူ့ပါတီ (PP)ရဲ့ အမတ် အနူဆွမ် သွမ်ချိုင်က မင်းအောင်လှိုင်ဆီလိပ်မူတဲ့ပေးစာကိုထုတ်ပြန်ခဲ့ပါတယ်။

သတင်း

အာဏာသိမ်း မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ထိုင်းနိုင်ငံခရီးစဉ်နဲ့ ပတ်သက်ပြီး ထိုင်းတက္ကသိုလ် ၃ ခုရဲ့ကျောင်းသား သမဂ္ဂတွေ နဲ့ ကျောင်းသား အဖွဲ့အစည်းတွေက ပူးတွဲထုတ်ပြန်ချက်တစ်စောင်နဲ့ကန့်ကွက်ရှုတ်ချခဲ့ပါတယ်။