Connect with us

Hi, what are you looking for?

သတင်း

ဒီပဲယင်းကို စစ်ကောင်စီ ဗုံးထပ်ကြဲ၊ ထိခိုက်မှုမရှိ

စစ်​ကောင်စီက ​ အိုးထိန်းတွင်းရွာစာသင်ကျောင်းကို ဗုံးကြဲပြီး နာရီပိုင်းအတွင်းမှာပင် ​မေ ၁၂ ရက် ညနက်ပိုင်းတွင် ဒီပဲယင်းမြို့နှင့် TNLA ထိန်းချုပ်ဒေသ မန်တုံမြို့ကို လေကြောင်းမှ ဗုံးထပ်ကြဲခဲ့သည်။

ဒီပဲယင်းကို စစ်ကောင်စီ ဗုံးထပ်ကြဲ၊ ထိခိုက်မှုမရှိ ​မေ-၁၃၊၂၀၂၅။ကဖေး/People's Spring စစ်​ကောင်စီက ​ အိုးထိန်းတွင်းရွာစာသင်ကျောင်းကို ဗုံးကြဲပြီး နာရီပိုင်းအတွင်းမှာပင် ​မေ ၁၂ ရက် ညနက်ပိုင်းတွင် ဒီပဲယင်းမြို့နှင့် TNLA ထိန်းချုပ်ဒေသ မန်တုံမြို့ကို လေကြောင်းမှ ဗုံးထပ်ကြဲခဲ့သည်။ ဒီပဲယင်းမြို့နယ်၊ ခေါင်းစုရွာမှ ဘုန်းကြီးကျောင်းအနီးကို ည ၁၁နာရီ ၄၅မိနစ်ခန့်၌ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲခြင်းဟု ​ဒေသခံတစ်ဦးကပြောသည်။ "တောကျောင်းလေးရဲ့ အနောက်ဘက်ကို ကြဲတာ။ လယ်ကွင်းစပ်ကိုကျတယ်။ လူထိတာမရှိခဲ့ဘူးဗျ"ဟု ဒေသခံတစ်ဦးကပြောသည်။ ထိုအပြင် ည၁၀နာရီ၃ဝမိနစ်ခန့်တွင်မန်တုံမြို့နယ် ရှုကောရွာကို လေယာဉ်ဖြင့် ဗုံးကြဲ​ကြောင်း သတင်းရရှိသည်။ မန်တုံမြို့နယ်သည် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်ပြီး တအာင်းအ မျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA) က အပြည့်အဝ ထိန်းချုပ်ထားသည်။ဗုံးကြဲမှုကြောင့် ထိခိုက်မှုကို မသိရသေးပေ။ စစ်ကောင်စီသည် ​မေ ၁၂ရက်နေ့ည ၇နာရီ ၄၀မိနစ်ခန့်ကလည်း TNLA ထိန်းချုပ်ဒေသ မိုင်းငေါ့မြို့နယ်ခွဲကို ဗုံးနှစ်လုံးကြဲချခဲ့သေးသည်။ ​မေလ ၁၂ရက် နံနက်ပိုင်းတွင်အိုးထိန်းတွင်းရွာစာသင်ကျောင်းလေကြောင်းတိုက်ခိုက်မှုတွင်G-2မှ G 11ကြားကျောင်းသူ ၁၅ဦး၊ ကျောင်းသားငါးဦးနှင့် ဆရာမနှစ်ဦးသေဆုံးခဲ့ပြီး ၄၀ခန့် ဒဏ်ရာရခဲ့သည်ဟု ဒီပဲယင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။ စစ်​ကောင်စီကမူ ၎င်းတို့ကျူးလွန်ဘဲ သတင်းအမှာဖြစ်​ကြောင်းလိမ်လည်ထုတ်ပြန်ထားသည်။ NUG ကျန်းမာ​ရေးနှင့် ပညာ​ရေးဝန်ကြီးဌာနကလည်း စာသင်​ကျောင်းဗုံးကြဲမှုတွင် အမိန့်​ပေး​သူ များ ၊ ကာယကံ​မြောက်ကျူးလွန်သူများ၊ပူး​ပေါင်းပါဝင်သူအားလုံးကို ထိုက်ထိုက်တန်တန်အ​ရေးယူ အပစ်​ပေးမည်ဟုထုတ်ပြန်သည်။မည်သည့်အ​ကြောင်း​ကြောင်း​ကြောင့် မှ ပြစ်ဒဏ်ကင်းလွတ်ခွင့် မရှိ​စေ​ရေး ကမ္ဘာ​ကြေ​သော်လည်း ဥဒါန်း​ကြေမည်မဟုတ်ဘဲ ပြင်းထန်စွာအပြစ်​ပေးအ​ရေးယူနိုင်​ရေး စုံစမ်းရှာ​ဖွေ​ဖော်ထုတ်မည်ဟု ​NUG ကဖော်ပြထားသည်၊ ထိုတိုက်ခိုက်မှုကို၎င်းတို့မလုပ်ကြောင်းစစ်ကောင် စီက ငြင်းဆန်ထားပြီး ဒေသခံများနှင့် တော်လှန် ရေးအင်အားစုများက စစ်ကောင်စီလိမ်လည်ထုတ်ပြန်ခြင်းဟု ​ပြောသည်။ အိုးထိန်းတွင်းရွာစာသင်ကျောင်း ဗုံးကြဲခံရမှုသည် ''မေ့ပျောက်ခွင့်လွှင့်ခြင်းအလျဥ်း မရှိစေရ" ဟု သစ္စာအဓိဌာန်ပြုကြောင်' စစ်ကိုင်းဖိုရမ်က ကြေညာချက်ထုတ်ပြန်ထားသည်။ စစ်​ကောင်စီကမူ မေလကုန်အထိ အပစ်ရပ် ကြေ ညာထားသည် ​ကြေညာထား​သော်လည်း နိုင်ငံတစ်ဝန်း​နေ့စဥ် ဗုံးကြဲ​နေရာ ​မေလ ၁၂ ရက်နေ့တစ်နေ့တည်းတွင် စစ်ကိုင်းတိုင်းမှ ဒီပဲယင်း၊ ချောင်းဦးနှင့် အင်းတော်မြို့နယ်၊ မန်တုံနှင့် မိုင်းငေါ့မြို့နယ်ခွဲ စသည်တို့ကို လေကြောင်းမှ ဗုံးကြဲခဲ့သည်။ အုန်းထိန်းတွင်းရွာစာသင်​ကျောင်း ဗုံးကြဲခံရပြီး​နောက် ပိုင်ရှင်မဲ့သွား​သောလွယ်အိတ်များ

​မေ-၁၃၊၂၀၂၅။ကဖေး/People’s Spring

စစ်​ကောင်စီက ​ အိုးထိန်းတွင်းရွာစာသင်ကျောင်းကို ဗုံးကြဲပြီး နာရီပိုင်းအတွင်းမှာပင် ​မေ ၁၂ ရက် ညနက်ပိုင်းတွင် ဒီပဲယင်းမြို့နှင့် TNLA ထိန်းချုပ်ဒေသ မန်တုံမြို့ကို လေကြောင်းမှ ဗုံးထပ်ကြဲခဲ့သည်။

ဒီပဲယင်းမြို့နယ်၊ ခေါင်းစုရွာမှ ဘုန်းကြီးကျောင်းအနီးကို ည ၁၁နာရီ ၄၅မိနစ်ခန့်၌ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲခြင်းဟု ​ဒေသခံတစ်ဦးကပြောသည်။

“တောကျောင်းလေးရဲ့ အနောက်ဘက်ကို ကြဲတာ။ လယ်ကွင်းစပ်ကိုကျတယ်။ လူထိတာမရှိခဲ့ဘူးဗျ”ဟု ဒေသခံတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

ထိုအပြင် ည၁၀နာရီ၃ဝမိနစ်ခန့်တွင်မန်တုံမြို့နယ် ရှုကောရွာကို လေယာဉ်ဖြင့် ဗုံးကြဲ​ကြောင်း သတင်းရရှိသည်။ မန်တုံမြို့နယ်သည် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်ပြီး တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)က အပြည့်အဝ ထိန်းချုပ်ထားသည်။ဗုံးကြဲမှုကြောင့် ထိခိုက်မှုကို မသိရသေးပေ။ စစ်ကောင်စီသည် ​မေ ၁၂ရက်နေ့ည ၇နာရီ ၄၀မိနစ်ခန့်ကလည်း TNLA ထိန်းချုပ်ဒေသ မိုင်းငေါ့မြို့နယ်ခွဲကို ဗုံးနှစ်လုံးကြဲချခဲ့သေးသည်။

​မေလ ၁၂ရက် နံနက်ပိုင်းတွင်အိုးထိန်းတွင်းရွာစာသင်ကျောင်းလေကြောင်းတိုက်ခိုက်မှုတွင်G-2မှ G 11ကြားကျောင်းသူ ၁၅ဦး၊ ကျောင်းသားငါးဦးနှင့် ဆရာမနှစ်ဦးသေဆုံးခဲ့ပြီး ၄၀ခန့် ဒဏ်ရာရခဲ့သည်ဟု ဒီပဲယင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။ စစ်​ကောင်စီကမူ ၎င်းတို့ကျူးလွန်ဘဲ သတင်းအမှာဖြစ်​ကြောင်းလိမ်လည်ထုတ်ပြန်ထားသည်။

NUG ကျန်းမာ​ရေးနှင့် ပညာ​ရေးဝန်ကြီးဌာနကလည်း စာသင်​ကျောင်းဗုံးကြဲမှုတွင် အမိန့်​ပေး​သူများ ၊ ကာယကံ​မြောက်ကျူးလွန်သူများ၊ပူး​ပေါင်းပါဝင်သူအားလုံးကို ထိုက်ထိုက်တန်တန်အ​ရေးယူအပစ်​ပေးမည်ဟုထုတ်ပြန်သည်။မည်သည့်အ​ကြောင်း​ကြောင်း​ကြောင့် မှ ပြစ်ဒဏ်ကင်းလွတ်ခွင့်မရှိ​စေ​ရေး ကမ္ဘာ​ကြေ​သော်လည်း ဥဒါန်း​ကြေမည်မဟုတ်ဘဲ ပြင်းထန်စွာအပြစ်​ပေးအ​ရေးယူနိုင်​ရေးစုံစမ်းရှာ​ဖွေ​ဖော်ထုတ်မည်ဟု ​NUG ကဖော်ပြထားသည်။

ထိုတိုက်ခိုက်မှုကို၎င်းတို့မလုပ်ကြောင်းစစ်ကောင်စီက ငြင်းဆန်ထားပြီး ဒေသခံများနှင့် တော်လှန်ရေးအင်အားစုများက စစ်ကောင်စီလိမ်လည်ထုတ်ပြန်ခြင်းဟု ​ပြောသည်။

အိုးထိန်းတွင်းရွာစာသင်ကျောင်း ဗုံးကြဲခံရမှုသည် ”မေ့ပျောက်ခွင့်လွှင့်ခြင်းအလျဥ်း မရှိစေရ” ဟု သစ္စာအဓိဌာန်ပြုကြောင်’ စစ်ကိုင်းဖိုရမ်က ကြေညာချက်ထုတ်ပြန်ထားသည်။

စစ်​ကောင်စီကမူ မေလကုန်အထိ အပစ်ရပ် ကြေညာထားသည် ​ကြေညာထား​သော်လည်း နိုင်ငံတစ်ဝန်း​နေ့စဥ် ဗုံးကြဲ​နေရာ ​မေလ ၁၂ ရက်နေ့တစ်နေ့တည်းတွင် စစ်ကိုင်းတိုင်းမှ ဒီပဲယင်း၊ ချောင်းဦးနှင့် အင်းတော်မြို့နယ်၊ မန်တုံနှင့် မိုင်းငေါ့မြို့နယ်ခွဲ စသည်တို့ကို လေကြောင်းမှ ဗုံးကြဲခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်ကရွာ ခုနစ်ရွာမှာ တိုက်ပွဲတွေဖြစ်နေတယ်လို့ တအာင်းတပ်မတော်(TNLA)ကဒီကနေ့(ဇွန်လ ၂၁)မှာထုတ်ပြန်ပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊နောင်ချိုမြို့အရှေ့တောင်ဘက်ကဉာဏ်တော နဲ့ ရွှေသွန်းကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲတွေဆက်ဖြစ်ပွားခဲ့တယ်လို့တအာင်းတပ်မတော်(TNLA)ကဒီကနေ့(ဇွန်လ ၁၉ရက်)မှာ ထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊ ပေါက်မြို့နယ်ရှိ ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ-၂၄)သို့ အားဖြည့်မည့် စစ်ကြောင်းရွေ့နိုင်ရန် စစ်ကောင်စီက လေကြောင်းမှ အပြင်းအထန်ဗုံးကြဲနေသည်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်မှာ နေရာအနှံ့တိုက်ပွဲဖြစ်နေပြီး စစ်မျက်နှာကျယ်ပြန့်လာတယ်လို့ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်(DPLA)ရဲ့ ပြောရေးဆိုခွင့်ရှိသူကပြောပါတယ်။