Connect with us

Hi, what are you looking for?

သတင်း

စစ်ရေးတင်းမာနေသည့် ကျောက်ဖြူနှင့် တိုက်ပွဲမရှိသည့်ရသေ့တောင်ကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်တွင် တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက လေကြောင်းမှတိုက်ခိုက်ရာ တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် ရသေ့တောင်မြို့ကိုလည်း ဗုံးကြဲတိုက်ခိုက်၍ အရပ်သားထိခိုက်သေဆုံးမှုရှိကြောင်း သတင်းရရှိသည်။

မေ ၁၃၊၂၀၂၅။ဇော်ရမ်း/People’s Spring

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်တွင် တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက လေကြောင်းမှတိုက်ခိုက်ရာ တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် ရသေ့တောင်မြို့ကိုလည်း ဗုံးကြဲတိုက်ခိုက်၍ အရပ်သားထိခိုက်သေဆုံးမှုရှိကြောင်း သတင်းရရှိသည်။

ကျောက်ဖြူမြို့နယ်၊ လိပ်ခမော်ကျေးရွာနှင့် ရသေ့တောင်မြို့နယ်၊ ထွန်းရေဝကျေးရွာကို ယနေ့ (မေလ၁၃ရက်) နံနက်ပိုင်းတွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်းဟု ရခိုင်စစ်ရေးသတင်းရင်းမြစ်ကပြောသည်။

” ကျောက်ဖြူမှာတော့ စစ်တပ်ကစစ်ကြောင်းထိုးနေလို့ တိုက်ပွဲဖြစ်နေတာရှိပါတယ်။ ဒရုံးနဲ့ ဗုံးကြဲတာပါ။ ရသေ့တောင်မှာကတော့ဘာတိုက်ပွဲမှမရှိပါဘူး။ နှစ်မြို့နယ်စလုံးကို ဗုံးကြဲပါတယ်။ ရသေ့တောင်မှာ လူသေဆုံးတာရှိပါတယ်”ဟု ၎င်းက ပြောသည်။

Public Service Announcement

Public Service Announcement

ကျောက်ဖြူမြို့နယ်၊ လိပ်ခမော်ကျေးရွာကို နံနက် ၄နာရီခန့်တွင် ဒရုန်းများဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့၍ ကျေးရွာ ဘုန်းတော်ကြီးကျောင်း မီးလောင်ပျက်စီးသွားခဲ့သည်။ ရသေ့တောင်မြို့နယ်၊ ထွန်းရေဝကျေးရွာကိုမူ နံနက် ၁၀ နာရီခန့်တွင် ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းဖြစ်သည်။ ဒေသခံအမျိုးသား တစ်ဦးသေဆုံးခဲံရပြီး လေးဦးဒဏ်ရာရရှိကြောင်း သတင်းရရှိသည်။

ကျောက်ဖြူမြို့နယ်နှင့် ရသေ့တောင်မြို့နယ် လေကြောင်းတိုက်ခိုက်ခံရမှု သတင်းများနှင့်ပတ်သက်၍ အာရက္ခတပ်တော်(AA)က သတင်းထုတ်ပြန်ထားခြင်း မရှိသေးပေ။ ရသေ့တောင်မြို့နယ် လေကြောင်းတိုက်ခိုက်ခံရမှုတွင် သေဆုံးသူ အရေအတွက်တိုးလာနေသည်ဟု သတင်းရရှိထားပြီး အသေးစိတ်ကို ဆက်လက်မေးမြန်းနေဆဲဖြစ်သည်။

AAသည် ၂၀၂၅ နှစ်ဆန်းပိုင်းမှစတင်ကာ ကျောက်ဖြူမြို့သိမ်းတိုက်ပွဲဆင်နွှဲနေပြီး ဧပြီလဆန်းကစ၍ စစ်ကိုင်းငလျင်ကြီးကြောင့် အပစ်ရပ်ထားစဉ် ထိုးစစ်များရပ်တန့်ထားသည်။

သို့သော် စစ်ကောင်စီက စစ်ရေးလှုပ်ရှားနေ၍ တိုက်ပွဲဆက်ဖြစ်နေသည်။ ရသေ့တောင်မြို့သည် AAထိန်းချုပ်ထားသည့်မြို့ဖြစ်ပြီး စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု မကြာခဏပြုလုပ်နေသည်။

စစ်ကောင်စီသည် မေလ ၁၂ရက်က စစ်ကိုင်းတိုင်း၊ ဒီပဲယင်း၊ချောင်းဦးနှင့် မော်လူးမြို့တွင်လည်း လေကြောင်းတိုက်ခိုက်ခဲ့ရာ ဒီပဲယင်းမြို့နယ်၊အိုးထိန်းတွင်းရွာစာသင်ကျောင်း ဗုံးကြဲရာတွင် ကျောင်းသား၊ကျောင်းသူ ၂၀ ဦးနှင့် ဆရာမ ၂ဦး စုစုပေါင်း၂၂ ဦးသေဆုံးပြီး ၄၀ဦးခန့် ဒဏ်ရာရကြောင်း ဒီပဲယင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။

ချောင်းဦးမြို့နယ် လေကြောင်းတိုက်ခိုက်ခံရမှုတွင်လည်း အရပ်သားနှစ်ဦးသေဆုံးကာ ခုနစ်ဦးထက်မနည်း ဒဏ်ရာရရှိခဲ့သည်။

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ မော်လူးမြို့ရှိ ဟဲနုကျေးရွာစာသင်ကျောင်းနှင့် လူနေအိမ်များကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်၍ ပြည်သူနှစ်ဦးသေဆုံးပြီး ခုနစ်ဦးဒဏ်ရာရရှိကြောင်း Indaw Revolution-IR က ထုတ်ပြန်ထားသည်။

ထို့အပြင် ရှမ်းပြည်နယ်မြောက်ပိုင်း၊ တအာင်းပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မန်တုံမြို့ကို စစ်ကောင်စီတပ်က ယမန်နေ့(မေလ ၁၂ ရက်)ညပိုင်းတွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာ အရပ်သားတစ်ဦးသေဆုံးပြီး ငါးဦးဒဏ်ရာရရှိခဲ့သည်>

စစ်ကောင်စီသည် စစ်ကိုင်းငလျင်ကြီးလှုပ်ခတ်ခဲ့သည့် မတ်လ ၂၈ရက်နောက်ပိုင်း အပစ်ရပ်စဲရေး ကို ဟန်ပြ ကြေညာခဲ့သော်လည်း ပြည်သူကို ပစ်မှတ်ထားသည့် လေကြောင်း ၊ လက်နက်ကကြီး တိုက်ခိုက်မှု များ ပြုလုပ်ခဲ့၍ ပြည်သူ ၃၃၀ကျော်သေဆုံးခဲ့ရဟု ယနေ့ (မေလ ၁၃ရက်)တွင် ပြုလုပ်ခဲ့သည့် ပြည်သူလူထုနှင့်နိုင်ငံတကာသို့ သတင်းစကားပြောကြားခြင်း အစီအစဉ်၌ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောသည်။

မတ်လ ၂၈ရက်မှ မေလ ၉ရက်အထိ တိုင်းနှင့် ပြည်နယ် ၁၃ခုတွင် လေကြောင်းတိုက်ခိုက်မှု ၃၇၂ကြိမ် ပြုလုပ်ခဲ့ရာ ပြည်သူ ၃၃၄ဦး သေဆုံးပြီး ၅၅၂ဦး ဒဏ်ရာရခဲ့ဟု အသိပေးသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ ပေါက်မြို့နယ်ရှိ ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ-၂၄)သို့ အားဖြည့်မည့် စစ်ကြောင်းရွေ့နိုင်ရန် စစ်ကောင်စီက လေကြောင်းမှ အပြင်းအထန်ဗုံးကြဲနေသည်။

သတင်း

ကချင်ပြည်နယ်၊မြစ်ကြီးနားမြို့အခြေစိုက်သော အမှတ်(၂၁၁)ခြေမြန်တပ်ရင်း (ခမရ-၂၁၁) ဒုတိယတပ်ရင်းမှူးသည် ရခိုင်ပြည်နယ်ကျောက်ဖြူမြို့သို့ တာဝန်ကျပြီးရက်သတ္တပတ်၂ပတ်အကြာ၌ တိုက်ပွဲမတိုက်ရသေးခင်အာရက္ခတပ်​တော်(AA)၏စနိုက်ဘာထိမှန်ပြီး​သေဆုံးခဲ့သည်။

သတင်း

ဇွန်-၆၊၂၀၂၅။ထားမြတ်/People’s Spring မန္တလေးတိုင်း၊သပိတ်ကျင်းမြို့နယ် ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌၊ကျက်ရိုးပင်ကျေးရွာဘုန်းကြီးကျောင်းကို စစ်ကောင်စီလေကြောင်းမှဗုံးကြဲခဲ့၍ သံဃာတပါး ပျံလွန်တော်မူခဲ့ကြောင်း ပြင်ဦးလွင်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ က သတင်းထုတ်ပြန်သည်။ ဇွန်လ၅ရက်ညနေ ၅နာရီ ၁၇မိနစ်အချိန်တွင်တံတားဦးတက်ဂျက်ဖိုက်တာတစ်စီးဖြင့်လေကြောင်းတိုက်ခိုက်ခဲ့ရာဘုန်းကြီးတစ်ပါး ပျံလွန်တော်မူပြီး အမျိုးသမီးတစ်ဦးအပါအဝင် ပြည်သူလေးဦးထိခိုက်ဒဏ်ရာရရှိခဲ့ဟုဖော်ပြသည်။ စစ်ကောင်ဆီကငလျင်ဘေးအကြောင်းပြပြီးအပ စ်အခတ်ရပ်စဲရေး ကြေညာချက်ကို ဇွန်လကုန်အထိ သက်တမ်းတိုးထားပြီးနောက်သပိတ်ကျင်းမြို့နယ်ကို ဒုတိယအကြိမ်လေကြောင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ Public...

သတင်း

စစ်ကောင်စီက စာသင်ကျောင်း၊ ဆေးရုံစသည့် လူစုလူဝေးရှိရာနေရာများကို ပစ်မှတ်ထား လေကြောင်းတိုက်ခိုက်နေ၍ မြေပြင်တွင် ဖွင့်လှစ်ထားသော ကြားကာလပညာရေးကျောင်းများအားလုံး ခေတ္တယာယီပိတ်ထားရန် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပညာရေးဝန်ကြီးဌာနက ယနေ့(မေလ ၂၅ရက်)တွင် ညွှန်ကြားချက် ထုတ်ပြန်သည်။