Connect with us

Hi, what are you looking for?

သတင်း

စစ်အုပ်စု၏လုပ်ရပ်များသည်ဒေသတွင်းနိုင်ငံများကိုပါ ထိပါးလာနိုင်၍ အထူးအလေးထားတုန့်ပြန်ကြရန် NUG တိုက်တွန်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်နှင့် အပေါင်းအပါတစုသည် ၎င်းတို့အာဏာတည်မြဲရေးတခုတည်းကိုသာရှေးရှုပြီး ပြည်သူလူထု၏ အခွန် ဘဏ္ဍာများကို ထင်သလို အသုံးပြုနေသလို အ ချို့သောနိုင်ငံများနှင့် နျူးကလီးယားစွမ်းအင်သုံး ဓါတ်အားပေးစက်ရုံကဲ့သို့သောလုပ်ငန်းစာချုပ်များချုပ်ဆိုပြီး တိုင်းပြည်ကိုလည်း အမျှော်အမြင်ကင်းမဲ့စွာ အသုံးချလျက်ရှိနေကြောင်း NUG အစိုး၊ ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောသည်။

စစ်​ကောင်စီနှင့် ရုရှားအစိုးရပိုင် Risatom တို့ကြား အနုမြူ ဓါတ် အားပေး စက်ရုံ တည်​ဆောက်​ရေး ၂၀၂၃ ခုနှစ်တွင် ပူး​ပေါင်း​ဆောင်ရွက်စဥ်။ ဓါတ်ပုံ-Rosadom

မေ-၁၃၊ ၂၀၂၅။ ထင်လင်း/People’s Spring

စစ်ခေါင်းဆောင်မင်းအောင်လှိုင်နှင့် အပေါင်းအပါတစုသည် ၎င်းတို့အာဏာတည်မြဲရေးတခုတည်းကိုသာရှေးရှုပြီး ပြည်သူလူထု၏ အခွန် ဘဏ္ဍာများကို ထင်သလို အသုံးပြုနေသလို အ ချို့သောနိုင်ငံများနှင့် နျူးကလီးယားစွမ်းအင်သုံး ဓါတ်အားပေးစက်ရုံကဲ့သို့သောလုပ်ငန်းစာချုပ်များချုပ်ဆိုပြီး တိုင်းပြည်ကိုလည်း အမျှော်အမြင်ကင်းမဲ့စွာ အသုံးချလျက်ရှိနေကြောင်း NUG အစိုး၊ ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောသည်။

အမျိုးသားညီညွတ်ရေးအစိုး NUG ၏ နှစ်ပတ်တစ်ကြိမ်ပြုလုပ်နေကျ “ပြည်သူလူထုနှင့် နိုင်ငံ တကာသို့ သတင်းစကားပြောကြားခြင်း”အစီအစဥ်၌ ဦးနေဘုန်းလတ်ကအထက်အပါအတိုင်းထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

“ဒီလုပ်ရပ်တွေဟာ နောင်တချိန်မှာ မြန်မာနိုင်ငံနဲ့ မြန်မာပြည်သူလူထုသာမက ဒေသတွင်းနိုင်ငံများနဲ့ ပြည်သူလူထုတို့ရဲ့ လုံခြုံရေးနဲ့ တည်ငြိမ်အေးချမ်းရေးကို ထိပါးလာနိုင်တဲ့ အခြေအနေမျိုးဖြစ်တာကြောင့် ဒေသတွင်းနိုင်ငံတွေအနေနဲ့ မြန်မာပြည်သူ

Public Service Announcement

Public Service Announcement

လူထုနဲ့အတူ တော်လှန်ရေးအင် အားစုတွေနဲ့အတူ ရပ်တည်ပြီး အထူးအလေးထားတုံ့ပြန်ဆောင်ရွက်ကြဖို့ ပြောကြားလိုပါတယ်”ဟု စစ်အုပ်စု၏လုပ်ရပ်များနှင့်ပတ်သက်ပြီး ဦးနေဘုန်းလတ်ကပြောသည်။

ထိုအပြင်မြန်မာစစ်အာဏာရှင်အစိုးရကရုရှားနည်းပညာဖြင့် ၁၁၀ မက်ဂါဝပ် အနုမြူ ဓါတ် အားပေး စက်ရုံ တစ်ခု တည်ဆောက်မည့် သတင်းကြောင့်နှစ်နိုင်ငံ ပြည်သူများအတွက် စိုးရိမ်ရ​ကြောင်းကရင်အမျိုးသားအစည်းအရုံး(KNU)၊ မြိတ်-ထားဝယ်ခရိုင်က ​မေလ ၉ ရက်​​နေ့တွင်ထုတ်ပြန်သည်။ လက်ရှိအနေအထားတွင် အနုမြူဓါတ်အားပေး စက်ရုံတည်ဆောက်နိုင်သော နေရာနှစ်ခုကို ဖော်ပြထားပြီး ၎င်းနေရာများမှာ ပဲခူးဒေသ အလယ်ပိုင်း နှင့် ထိုင်းနိုင်ငံ နယ်စပ် တနင်္သာရီတိုင်း၊ ထားဝယ်ဒေသရှိ ထားဝယ်အထူးစီးပွားရေးဇုန်တို့တွင် ဖြစ်ကြောင်းလည်းအသိပေးထားသည်။

စစ်အုပ်စုသည် ၂၀၂၂ ခုနှစ် နိုဝင်ဘာလက မြန် မာနိုင်ငံ၌ ​နျူးကလီးယားစွမ်း အင်သုံးလျှပ်စစ် ဓာတ်အားပေးရုံတည်ဆောက်ရန် ရုရှား-မြန်မာ နှစ်နိုင်ငံသဘောတူစာချုပ် ချုပ်ဆိုခဲ့သည်။ ယင်းစာချုပ်၏နောက်ဆက်တွဲလုပ်ငန်းစဥ်များအနက် ရုရှား-မြန်မာ ​နျူးကလီးယား သတင်းအချက် အလက်နည်းပညာစင်တာကို ရန်ကုန်တက္ကသိုလ်၊ လှိုင်နယ်မြေ(RC2)အတွင်း ၂၀၂၃ ခုနှစ်ဖေဖော် ဝါရီလတွင် စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကိုယ်တိုင် တက်ရောက်ဖွင့်လှစ်ခဲ့သည်။

အလားတူ ယခုနှစ်(၂၀၂၅)မတ်လ ၃ ရက်က စစ်ခေါင်းဆောင်မင်းအောင်လှိုင် ရုရှားသို့ သွား ရောက်စဥ် ၁၁၀ မဂ္ဂါဝပ် နျူးကလီးယားဓာတ် ပေါင်းဖိုတည်ဆောက်ရေးနှင့် ပြည်လည်ပြည့်ဖြိုးမြဲစွမ်းအင်စီမံကိန်းအပါအဝင် သဘောတူစာချုပ် (၁၀)ကို နှစ်နိုင်ငံလက်မှတ်ရေးထိုးခဲ့သည်။

ထို့အပြင် မေလ ၈ ရက်နေ့တွင် ရုရှားနိုင်ငံ၊ မော်စကိုမြို့တွင် ပြုလုပ်မည့် ရင်ပြင်နီချီတက်ပွဲတက်ရောက်ရန် ရောက်ရှိနေသော စစ်ခေါင်းဆောင်မင်းအောင်လှိုင်၏ဇနီး ဒေါ်ကြူကြူလှကလည်း ရုရှားအမျိုးသမီးဖိုရမ်ဥက္ကဋ္ဌနှင့်တွေ့ဆုံစဥ် နျူး ကလီးယားနည်းပညာ၌ အမျိုးသမီးများပူး ပေါင်းပါဝင်ရေးဆွေးနွေးခဲ့ကြောင်း နိုင်ငံတကာသတင်းများတွင် ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

မလေးရှားနိုင်ငံရောက် မြန်မာတိုင်းရင်းသားညွန့်ပေါင်းအဖွဲ့ COBEM နဲ့ NGO အဖွဲ့တွေ၊ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေ ပူးပေါင်းပြီး မြန်မာဒုက္ခသည်တွေကို နေရပ်ပြန်ပို့မယ့်အစီအစဉ်နဲ့ မလေးရှားဝန်ကြီးချုပ်က အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖိတ်ခေါ်တွေ့ဆုံမယ့် အစီအစဉ်တွေကို ဒီကနေ့ (စက်တင်ဘာ ၂၄) ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။

သတင်း

စက်တင်ဘာ-၂၄၊၂၀၂၆။People’s Spring တိုင်းမ်(Time )မဂ္ဂဇင်းနဲ့ အင်တာဗျူးအတွက် မြန်မာ စစ်အာဏာရှင်မင်းအောင်လှိုင်ရဲ့ဓာတ်ပုံကို နေပြည်တော်မှာကျွန်တော်သွားရိုက်ပေးခဲ့ပါတယ်။ အနောက်နိုင်ငံ အခြေစိုက် မီဒီယာ တစ်ခုအတွက် သူ့ကို အခုလို ဓာတ်ပုံရိုက်ခွင့်ရတာ ပထမဆုံး(စစ်တပ်အာဏာသိမ်းပြီး​နောက်ပိုင်း ​နေပြည်​တော်ကိုသွားပြီးမင်း​အောင်လှိုင်ကိုဓါတ်ပုံရိုက်တာ)လည်း ဖြစ်နိုင်ပါတယ်။ သူ့လက်ထောက် တစ်ယောက်က ‘သမ္မတကို ဘယ်လိုပုံစံမျိုးနဲ့ ရှိစေချင်သလဲ’ဆိုပြီးကျွန်တော့်ကို လာမေးပါတယ်။...

သတင်း

အမေရိကန်နဲ့ဆက်ဆံရေးပြန်လည်တည်ဆောက်ချင်တယ်လို့ အာဏာ သိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ကပြောကြားခဲ့ပါတယ်။

သတင်း

မိခင်ဒေါ်အောင်ဆန်းစုကြည် နဲ့ တွေ့ခွင့်​ပေးဖို့ ၊လွှတ်​ပေးဖို့ လန်ဒန်မြို့ မြန်မာသံရုံးက တစ်ဆင့် အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်ဆီကိုစာရေးသားပေးပို့ခဲ့တယ်လို့ ကင်မ်အဲရစ်(ခ)ကိုထိန်လင်းက အသိပေးထားပါတယ်။

Facebook