Connect with us

Hi, what are you looking for?

သတင်း

လူသားမျိုးနွယ်အပေါ်ကျူးလွန်သောရာဇဝတ်မှု နှင့် စစ်ရာဇဝတ်မှုများကို စစ်​ကောင်စီဆက်တိုက်

စစ်ကောင်စီက အပစ်ရပ်ရေး ထုတ်ပြန်ချက်များကို ချိုးဖောက်ပြီး လူသားမျိုးနွယ်အပေါ်ကျူးလွန်သောရာဇဝတ်မှု (Crime Against Humanity)နှင့်စစ်ရာဇဝတ်မှုများ(War Crimes)ကို ဆက်တိုက်ကျူးလွန်နေ၍ ကုလသမဂ္ဂနှင့် အာဆီယံအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းတို့က လူသားချင်းစာနာမှုဖြင့် တားဆီး၊ အရေးယူဆောင်ရွက်ပေးရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLDက တိုက်တွန်းလိုက်သည်။

စစ်​ကောင်စီက သပိတ်ကျင်း ၊ဒီပဲယင်း နှင့် ရ​သေ့​တောင်မြို့နယ်တို့တွင် ဗုံးကြဲပြီး လူအစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့ပြီး​နောက် ​သေဆုံးသူများ၏ ကျန်ရစ်သူမိသားစုဝင်များကို​တွေ့ရစဥ်။ ဓါတ်ပုံ-Min Khint Kyaw ၊ U Ko Ko ၊ CJ

ကျူးလွန်နေ၍ နိုင်ငံတကာအသိုင်းအဝိုင်းကတားဆီးအ​ရေးယူ​ပေးရန် ဒီချုပ်တိုက်တွန်း

မေ-၁၅၊ ၂၀၂၅။ People’s Spring

စစ်ကောင်စီက အပစ်ရပ်ရေး ထုတ်ပြန်ချက်များကို ချိုးဖောက်ပြီး လူသားမျိုးနွယ်အပေါ်ကျူးလွန်သောရာဇဝတ်မှု (Crime Against Humanity)နှင့်စစ်ရာဇဝတ်မှုများ(War Crimes)ကို ဆက်တိုက်ကျူးလွန်နေ၍ ကုလသမဂ္ဂနှင့် အာဆီယံအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းတို့က လူသားချင်းစာနာမှုဖြင့် တားဆီး၊ အရေးယူဆောင်ရွက်ပေးရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က တိုက်တွန်းလိုက်သည်။

စစ်ကောင်စီသည် ဧပြီ ၂ ရက်နေ့မှစတင်၍ အပစ်အခတ်ရပ်စဲကြောင်း ကြေညာခဲ့သော်လည်း ငလျင်ဘေးသင့်ဒေသများအပါအဝင် ဒေသအသီးသီးသို့ လေကြောင်းမှတိုက်ခိုက်မှုများ၊ လက်နက်ကြီးဖြင့်ပစ်ခတ်တိုက်ခိုက်မှုများ၊ မီးရှို့ဖျက်ဆီးမှုများ၊ အကျဥ်းထောင်တွင်း နိုင်ငံရေးအကျဥ်းသားများအား ညှဥ်းပမ်းနှိပ်စက်မှုများကို ဆက်တိုက်ကျူးလွန်လျက်ရှိနေကြောင်း NLD ဗဟိုအလုပ်ကော်မတီက ယနေ့ ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

လူ့အခွင့်အရေးမှတ်တမ်းကောက်ယူရေးအဖွဲ့၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (HRDT-NLD)မှ ကောက်ယူရရှိထားသောစာရင်းများအရ အပစ်ရပ်ကာလအတွင်း ဧပြီ ၃ ရက်မှ မေလ ၁၃ ရက်အထိ တိုင်းနှင့်ပြည်နယ် ၁၁ ခု သို့ လေကြောင်တိုက်ခိုက်မှု (၁၈၁) ကြိမ်ကြောင့် သေဆုံးသူ ပြည်သူ (၁၈၂) ဦး ရှိခဲ့ကြောင်း ဖော်ပြသည်။ သေဆုံးသူများထဲတွင် ၁၈ နှစ်အောက် (၃၄) ဦးနှင့် ဒါဏ်ရာရသူ (၂၉၈) ဦးတွင် ၁၈ နှစ်အောက် (၇၆) ဦး ပါဝင်ကြောင်း NLD က ဆိုသည်။

ငလျင်ဘေးသင့်ဒေသများဖြစ်သော မန္တလေးတိုင်းနှင့် စစ်ကိုင်းတိုင်းတို့မှာ တိုက်ခိုက်ခံရမှု အများဆုံးဖြစ်ခဲ့ကြောင်း NLD က ထုတ်ပြန်သည်။

ထို့အပြင် တိုင်းနှင့်ပြည်နယ် ၅ ခုသို့ လက်နက်ကြီးဖြင့်ပစ်ခတ်တိုက်ခိုက်မှုအကြိမ်ပေါင်း (၁၅)ကြိမ်တွင် သေဆုံးပြည်သူ (၁၄)ဦးနှင့် ဒါဏ်ရာရ (၄၃)ဦးရှိရာ ၁၈ နှစ်အောက် ကလေးသူငယ် (၈)ဦး ပါဝင်ကြောင်း NLD က ဖော်ပြသည်။

ကျေးရွာများသို့ စစ်ကြောင်းထိုးဝင်ရောက်ပြီး ပြည်သူတို့၏အိုးအိမ်ပိုင်ဆိုင်မှုများကို မီးရှို့ဖျက်ဆီးခြင်း၊ အကြမ်းဖက်သတ်ဖြတ်ခြင်းများကြောင့် သေဆုံးပြည်သူ (၁၆၉) ဦးရှိရာတွင် အသက် ၇ လသား ကလေးငယ်အပါအဝင် ၁၈ နှစ်အောက်သေဆုံးသူ (၃၆)ဦးရှိခဲ့ကြောင်း ဆက်လက်ဖော်ပြသည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

မြန်မာစစ်အုပ်စုဟာ ဟွန်ဒီငွေလွှဲလုပ်ငန်း လုပ်ကိုင်သူတွေကို နှိမ်နင်းမှု ပိုမိုအရှိန်မြှင့် လုပ်ဆောင်လာပြီး၊ အဲဒီလုပ်ရပ်ကို ငွေကြေးခဝါချမှု တိုက်ဖျက်ရေးအစီအမံတစ်ခုအဖြစ် ပုံဖော်ပြောဆိုနေပါတယ်။ ဒါပေမယ့် လက်တွေ့မှာတော့ ဟွန်ဒီကွန်ရက်တွေဟာ မြန်မာရွှေ့ပြောင်းလုပ်သားတွေရဲ့ မိသားစုဆီ ငွေလွှဲပို့တာ၊ ပုံမှန်ဘဏ်စနစ်နဲ့ မလုပ်နိုင်တဲ့ ကုန်သွယ်ရေးငွေပေးချေမှုတွေ၊ စစ်ပွဲဖြစ်ပွားနေတဲ့ ဒေသတွေကို လူသားချင်းစာနာထောက်ထားမှု အကူအညီပို့ဆောင်ရာမှာ အလွန်အရေးပါတဲ့...

သတင်း

ပြည်သူတွေကို သတ်ဖြတ်ဖို့အတွက် ဒရုန်းနည်းပညာကို အသုံးပြုနေတဲ့ စစ်တပ်ကို အာဆီယံဒေသဆိုင်ရာဖိုရမ်(ARF) ရဲ့ မောင်းသူမဲ့လေယာဉ်စနစ်- ဒရုန်းဆိုင်ရာ အလုပ်ရုံဆေးနွေးပွဲကို တက်ရောက်ခွင့် မပေးဖို့ Justice For Myanmar-JFM က တောင်းဆိုလိုက်ပါတယ်။

သတင်း

မ​​လေးရှား​က သူ့နိုင်ငံ​ရောက်​နေတဲ့ရိုဟင်ဂျာနှစ်သိန်း​လောက်ကို မြန်မာကိုပြန်ပို့ချင်​နေတာဖြစ်ပါတယ်။

သတင်း

အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး(အာဆီယံ)က မြန်မာနိုင်ငံအတွက် အထူးကိုယ်စားလှယ်အသစ် ခန့်အပ်ဖို့ မလိုတော့ကြောင်း အာဏာသိမ်း မြန်မာစစ်တပ်ရဲ့ ပြောကြားမှုကို အာဆီယံ လူ့အခွင့်အရေးဆိုင်ရာ လွှတ်တော်အမတ်များအဖွဲ့ (APHR)က ပယ်ချခဲ့ပါတယ်။

Facebook