Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီကို ILOရဲ့ ပုဒ်မ(၃၃)အရ အရေးယူနိုင်ဖို့ စစ်ကိုင်းတိုင်းမှာ တောင်းဆိုဆန္ဒပြ

စစ်ကိုင်းတိုင်းအတွင်း သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက ဒီကနေ့ (မေလ ၁၈)မှာ စစ်ကောင်စီကို ILOရဲ့ ပုဒ်မ ၃၃ အရ အရေးယူနိုင်ဖို့ နိုင်ငံတကာကို မဲပေးကြရန် တောင်းဆိုတဲ့ ဆန္ဒပြသပိတ်လှုပ်ရှားမှုတွေ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။

မေ ၁၈၊၂၀၂၅။ သုည/People’s Spring

စစ်ကိုင်းတိုင်းအတွင်း သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက ဒီကနေ့ (မေလ ၁၈)မှာ စစ်ကောင်စီကို ILOရဲ့ ပုဒ်မ ၃၃ အရ အရေးယူနိုင်ဖို့ နိုင်ငံတကာကို မဲပေးကြရန် တောင်းဆိုတဲ့ ဆန္ဒပြသပိတ်လှုပ်ရှားမှုတွေ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။

စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်မှာ သပိတ်အင်အားစုကဦးဆောင်ပြီး အကြမ်းဖက်စစ်ကောင်စီတပ်ကို ILOရဲ့ ပုဒ်မ(၃၃)အရ အရေးယူနိုင်ရေး နိုင်ငံတကာက ထောက်ခံမဲပေးကြဖို့ တောင်းဆိုတဲ့အနေနဲ့ လူထုသပိတ်လှုပ်ရှားမှု ပြုလုပ်ခဲ့ပါတယ်။

မြန်မာနိုင်ငံရှိ ပြည်သူတွေကို လေယာဉ်နဲ့ နေ့စဉ် ဗုံးကြဲတိုက််ခိုက်ခြင်းတွေ ရပ်တန့်ရန်၊ စစ်ကောင်စီကို လူသတ်လက်နက် မဝယ်နိုင်ဖို့ ငွေကြေးစီးဆင်းမှုတွေ ဖြတ်တောက်ရန်၊ အလုပ်သမားနဲ့လူ့အခွင့်အရေးတွေကို ကာကွယ်ပေးရန်၊ အဓမ္မစစ်မှုခိုင်းစေခြင်းဆိုင်ရာကိစ္စရပ်တွေကို ရပ်တန့်ရန်၊ ကလေးစစ်သားအသုံးပြုမှုကို ရပ်တန့်ရန်၊ အပြစ်မဲ့ပြည်သူတွေ၊ ကလေးငယ်တွေ၊ အမျိုးသမီးတွေရဲ့ အသက်တွေ နေ့စဉ်ရက်စက်စွာ သတ်ဖြတ်မှုကို ရပ်တန့်နိုင်ဖို့ တောင်းဆိုခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဆားလင်းကြီးမြို့နယ်မှာလည်း တော်လှန်ပုန်ကန်ဒေါင်းတို့အားမာန် သပိတ်စစ်ကြောင်းဟာ ဒေသခံပြည်သူတွေနဲ့ ပူးပေါင်းပြီး စစ်အာဏာရှင် ဆန့်ကျင်ရေး သပိတ်စစ်ကြောင်း ချီတက်ဆန္ဒပြခဲ့ပါတယ်။

စစ်ကိုင်းတိုင်းအတွင်းက ဒေသခံတော်လှန်ပြည်သူတွေဟာ နယ်မြေမငြိမ်သက်မှုကြားထဲကနေ အကြမ်းဖက်စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသပိတ်တွေကို နေ့စဉ်ပြုလုပ်နေကြပါတယ်။

ဓာတ်ပုံ – စစ်ကိုင်းဒေသသပိတ်အင်အားစု၊ ရွာ​​​ပေါင်းစုံသပိတ်

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ်အတွင်း တော်လှန်သပိတ်အင်အားစုတွေ၊ ဒေသခံပြည်သူတွေက တော်လှန်သီတင်းကျွတ် ဆီမီးသပိတ်လှုပ်ရှားမှုတွေကို အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။

သတင်း

ရန်ကုန်နဲ့ စစ်ကိုင်းတိုင်းအတွင်း တော်လှန်သပိတ်အင်အားစုတွေ၊ ဒေသခံပြည်သူတွေက ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေး Free Her ကမ်ပိန်းနဲ့ တော်လှန်သီတင်းကျွတ် ဆီမီးသပိတ်လှုပ်ရှားမှုတွေကို ဒီကနေ့ (အောက်တိုဘာ ၂၆) ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းမှာ သံချပ်ကာတပ်ရဲ့ ဒုတိယစစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးကြီး ဖမ်းဆီးခံရပြီးနောက် စစ်ကိုင်းမြို့နယ်အနောက်ခြမ်းက ကျေးရွာတွေကို အာဏာသိမ်းစစ်တပ်က ရက်သတ္တပတ်ကျော်ကြာ စစ်ကြောင်းထိုးနေလို့ ပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။