Connect with us

Hi, what are you looking for?

သတင်း

ရွှေပြည်သာတွင် တက္ကသိုလ်ဝင်တန်းကျောင်းသားနှစ်ဦး စစ်မှုထမ်းရန် ဖမ်းဆီးရောင်းစားခံရ

တက္ကသိုလ်ဝင်တန်းကျောင်းသားနှစ်ဦး စစ်မှုထမ်းရန် ဖမ်းဆီးရောင်းစားခံရမှု ရန်ကုန်မြို့၊ ရွှေပြည်သာ မြို့နယ်တွင် ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ဓာတ်ပုံ − စစ်မှုထမ်းရန် ဖမ်းဆီးရောင်းစားခံရ တက္ကသိုလ်ဝင်တန်းကျောင်းသားနှစ်ဦး

မေ ၂၀၊၂၀၂၅။ရဲခေါင်/People’s Spring

တက္ကသိုလ်ဝင်တန်းကျောင်းသားနှစ်ဦး စစ်မှုထမ်းရန် ဖမ်းဆီးရောင်းစားခံရမှု ရန်ကုန်မြို့၊ ရွှေပြည်သာ မြို့နယ်တွင် ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ရန်ကုန်မြို့၊ ကွမ်းခြံကုန်းမြို့နယ်၊ တော်ကဆော့ကျေးရွာမှ တက္ကသိုလ်ဝင်တန်းကျောင်းသား ထက်ဝေယံနှင့် မိုးချစ်နောင်တို့နှစ်ဦးသည် ရွှေပြည်သာမြို့နယ်၌ အလုပ်လုပ်နေစဥ် မေလ ၈ရက် နေ့လည် ၁ နာရီတွင် အလုပ်ကအပြန် လူခြောက်ဦးအဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားခြင်းဟု ကာယကံရှင် မိသားစုဝင်တစ်ဦးက ပြောသည်။

ထို့နောက် မောင်ထက်ဝေယံက ၎င်း၏ ဖခင်ဦးဌေးအောင်ထံသို့ မေလ ၁၀ရက် ည ၁၀နာရီခန့်တွင် ၀၉-၂၅၀၇၈၆၉၂၉ ဖုန်းနံပါတ်ဖြင့်​ ဆက်သွယ်လာပြီး ဖြစ်ကြောင်းကုန်စင်အား ပြောပြခဲ့ကြောင်း သိရသည်။

Public Service Announcement

Public Service Announcement

မောင်ထက်ဝေယံ၏ ဆက်သွယ်ပြောဆိုချက်များအရ လူမိုက်ဟုယူဆရသော လူခြောက်ဦးမှ “မင်းတို့ဘယ် ကလဲ”ဟု မေးရာ မောင်ထက်ဝေယံနှင့် မောင်မိုးချစ်နောင်တို့မှာ နေရပ်များအပြည့်အစုံပြောပြခဲ့ကြောင်း “ဒါဆို မင်းတို့ကို စစ်ဆေးစရာရှိတယ်။ ငါတို့နဲ့ လိုက်ခဲ့”ဟုဆိုကာ ကားပေါ်အတင်းဆွဲတင်ခေါ်သွား ခြင်းဟု ဆိုသည်။

ထို့နောက် မောင်ထက်ဝေယံနှင့် မောင်မိုးချစ်နောင်တို့နှစ်ဦးအား ရွှေပြည်သာမြို့နယ် လူစာရင်းအတွက် စစ်မှုထမ်းရန် ရောင်းစားခံခဲ့ရခြင်းဟု ဆိုသည်။ သို့သော် စစ်ကောင်စီ၏ မည်သည့်ဌာနနေရာသို့ ရောင်းစားခံရသည်ကို မသိရသေးပေ။

ရန်ကုန်မြို့တွင် ယခင်ဖြစ်စဉ်များအရ လူငယ်များအားဖမ်းဆီးပြီး စစ်မှုထမ်းစာရင်းဆင့်ခေါ်သည့် စစ်ကောင်စီ၏ မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံးများထံ ရောင်းစားလေ့ရှိသည်။

သားဖြစ်သူ ထက်ဝေယံနှင့် ဦးဝင်းထွန်းနိုင်၏သားဖြစ်သူ မောင်မိုးချစ်နောင်တို့သည် ဥပဒေနှင့် မညီသော လူတစ်စု၏ စစ်မှုအားဓမ္မထမ်းခိုင်းခြင်း၊အနိုင့်ထက်ပြု၍ ရောင်းစားခြင်း ကြုံတွေ့ခဲ့ရကြောင်း ဦးဌေးအောင်က ပြောသည်။

မောင်ထက်ဝေယံမှာ Grade-12 တက်ရန် ကျောင်းအပ်ရန် ရက်ပိုင်းမျှသာလိုတော့သည့်အတွက် သားဖြစ်သူအား ပြန်လည်ပေးပို့ရန် အနူးအညွတ်တောင်းပန်သည်ဟု ဦးဌေးအောင်က ဆိုသည်။

ရန်ကုန်မြို့အပါအဝင် စစ်ကောင်စီထိန်းချုပ်ရာဒေသများတွင် ပျူစောထီးနှင့် ရဲများ ပူးပေါင်း၍ လူငယ်၊လူလတ်ပိုင်းများ ပစ်မှတ်ထားကာ ဖမ်းဆီး ငွေညှစ်ခြင်း၊စစ်မှုထမ်းရန် ရောင်းစားနေမှု ဖြစ်စဥ်များ ရှိနေသည်။

စစ်ကောင်စီ၏ အဓမ္မစစ်မှုထမ်းဥပဒေပေါ်လာပြီးနောက်ပိုင်း လူမှုကွန်ရက်တွင် လူပျောက်ကြေညာချက်များ မကြာခဏ တွေ့ရသည်။

ထို့အပြင် စစ်ကောင်စီနှင့် ၎င်း၏ လက်အောက်ခံ အုပ်ချုပ်ရေးမှူးများက စစ်မှုထမ်းရန် မိသားစုကိုပါ ဖိအားပေးခြိမ်းခြောက်မှုကြောင့် လူငယ်အချို့မှာ အဆုံးစီရင်သည့် ဖြစ်စဥ်များလည်းရှိနေသည်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်တပ်က စစ်မှုထမ်း‎တပ်သားတစ်ဦး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၄) တပ်‌ရင်း(၂၀၃)ထံ အလင်းဝင်လာကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်တပ်က အင်အား ၅၀ဝ ခန့် ထပ်မံရောက်ရှိလာပြီး စစ်မှုထမ်းတပ်သားသစ်တွေလည်း ပါဝင်လာကြောင်း ရေစကြိုသတင်းအချက်အလက်ကော်မတီရဲ့ တာဝန်ရှိသူက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊ မိတ္တီလာမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဖို့ လူငယ်တွေအမြန်ပို့ဖို့ တောင်းခံပြီးနောက် စစ်မှုထမ်း လူစုပေးနေတဲ့ အုပ်ချုပ်ရေးမှူးနဲ့ညီဖြစ်သူတို့ ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့မှာ ထောင်ကျခံပြီးသား တပ်ပြေးတစ်ဦးကို စသ်ကောင်စီလက်အောက်ခံ ရာအိမ်မှူးက ဖမ်းဆီးပြီး စစ်မှုထမ်းထဲ ပြန်ထည့်လိုက်ကြောင်း Voice Of Mandalay အဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။