Connect with us

Hi, what are you looking for?

သတင်း

မြိုင်မြို့နယ် စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှု ပြည်သူနှင့်ရဲဘော် ခုနစ်ဦးခန့်သေဆုံး

မကွေးတိုင်း၊ မြိုင်မြို့နယ်ရှိ ဗဟင်းကျေးရွာကို စစ်ကောင်စီ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာ ဒေသခံပြည်သူနှင့် ရဲဘော် စုစုပေါင်း ခုနစ်ဦးခန့် သေဆုံးကြောင်း သတင်းရရှိသည်။

မြိုင်မြို့နယ်ရှိ ဗဟင်းကျေးရွာကို စစ်ကောင်စီ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်အပြီး တွေ့ရစဉ်။ ဓာတ်ပုံ − အညာမြေ အရပ်ဖက်လူမှုအဖွဲ့အစည်း-မြိုင်

မေ ၂၀၊၂၀၂၅။ရဲခေါင်/People’s Spring

မကွေးတိုင်း၊ မြိုင်မြို့နယ်ရှိ ဗဟင်းကျေးရွာကို စစ်ကောင်စီ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာ ဒေသခံပြည်သူနှင့် ရဲဘော် စုစုပေါင်း ခုနစ်ဦးခန့် သေဆုံးကြောင်း သတင်းရရှိသည်။

ယနေ့(မေလ ၂၀ရက်) ညနေ ၅နာရီခွဲခန့်က စစ်ကောင်စီ၏ လေကြောင်းဗုံးကြဲမှုသည် ဗဟင်းရွာရှိ ထမင်းဆိုင် ကို ပစ်မှတ်ထားခဲ့ခြင်းဟု ဒေသတွင်း သတင်းရင်းမြစ်အချို့က ဆိုသည်။

“စကစဟာ လေယာဥ်နဲ့ တိုက်ခိုက်တဲ့နေရာမှာ လူတွေကို လှည့်ဖျားမှုလုပ်ပြီး တိုက်ခိုက်လာနေတာကို တွေ့ရပါတယ်ဗျ။ယနေ့ မြိုင်နယ်ကိုလေကြောင်းတိုက်ခိုက်ခဲ့တဲ့ JF တစ်စီးဟာ တံတားဦးလေတပ်မှ ညနေ ၄နာရီ ၅၅မိနစ်တွင် တက်လာပြီး ချောင်းဦး -ဆားလင်းကြီး-ပုလဲ- ပုံတောင်-ထီးလင်း အထိ ပျံဝဲပြီး ဘယ်မှမချခဲ့ဘဲ ပြန်လာပြီး မြိုင်နယ်ရောက်မှသာ တိုက်ခိုက်မှု ပြုလုပ်တာကို တွေ့ရပါတယ်”ဟု အညာမြေအရပ်ဖက်လူမှုအဖွဲ့အစည်း-မြိုင်က ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

ဗုံးကြဲခံရသည့်နေရာသည် လူစည်ကားသည့်နေရာဖြစ်သည့်အတွက် လူသေဆုံးမှုများရှိခဲ့ကြောင်းလည်း ဆိုသည်။

“ငါ့ညီတွေရာ ဘယ်လိုဖြစ်ရတာလဲ။ကျန်းမာရေးမကောင်းလို့ ငါ့မှာ ဆေးကုနေရပါတယ်ဆိုမှ မင်းတို့က Air Strikeလုပ်ခံရပြီး ကျသွားတယ်တဲ့ကွာ။ တို့တရင်းတည်းတင် လေးယောက်ကျတာ အတော်ဆိုးရွားတဲ့အဖြစ်အပျက်ပါပဲ။ငါ ဒီနေ့ကိုဘယ်တော့မှမမေ့ဘူး”ဟု ပခုက္ကူခရိုင်တပ်ရင်း(၁၂)မှ တာဝန်ရှိသူ ကိုနှင်းရိပ်နွေက ၎င်း၏ လူမှုကွန်ရက်တွင် ဗဟင်းရွာလေကြောင်းတိုက်ခိုက်ခံရသည့်ဖြစ်စဥ်အပေါ် ရေးသားထားသည်။

ထို့အပြင် ထမင်းဆိုင်ပိုင်ရှင်ဇနီးမောင်နှံနှစ်ဦးလည်း သေဆုံးခဲ့ရ​ကြောင်း ဒေသတွင်း အခြားသတင်းရင်းမြစ်တစ်ဦးက ပြောသည်။ယနေ့ လေကြောင်းတိုက်ခိုက်ခံရမှုသည် စစ်ကောင်စီ၏ မြေပြင်သတင်းပေးကြောင့်ဟုလည်း ၎င်းက သုံးသပ်သည်။

လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရသည့် ရဲဘော်အရေအတွက်နှင့် မည့်သည့်တပ်ဖွဲ့က ြဖစ်သည်ကို စုံစမ်းနေဆဲဖြစ်သည်။

စစ်ကောင်စီသည် နိုင်ငံတဝန်းတိုက်ပွဲများ၌ အထိနာနေသည့် အခြေအနေတွင် မကွေး၊ စစ်ကိုင်းတိုင်းအပါအဝင် နိုင်ငံတဝန်း ပြည်သူလူထု နေထိုင်ရာ နေရာများ၊ စာသင်ကျောင်း၊ ကျန်းမာရေးနှင့် ဘာသာရေးဆိုင်ရာ အဆောက်အဦများကို ပစ်မှတ်ထား လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီး၊ ဒရုန်း တိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်လျက်ရှိရာ ပြည်သူလူထုသေဆုံးထိခိုက်မှုများ မကြာခဏ ဖြစ်နေသည်။

ယခု မေလအတွင်း စစ်ကိုင်း၊မန္တလေး၊မကွေး၊ပဲခူး၊ရခိုင်၊ ကချင်၊ရှမ်းမြောက်နှင့်ရှမ်းတောင်ဒေသတို့၌ စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများ ပိုမိုပြုလုပ်လာ၍ အစုလိုက်၊အပြုံလိုက် သေဆုံးထိခိုက်ခဲ့ရမှု ဖြစ်စဉ်များရှိခဲ့ပြီး ကလေးငယ်များအပါအဝင် ပြည်သူသေဆုံးထိခိုက်မှုများ မြင့်တက်နေသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စစ်တပ် စစ်ကြောင်းထိုးနေတဲ့ကြားက အာဇာနည်နေ့ အခမ်းအနားကို တော် လှန်ရေးအင်အားစုတွေ ကျင်းပခဲ့ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဇူလိုင် ၁၄ ရက် ၁ရက်တည်း ကလေးငယ် ၄ ဦး သေဆုံးပြီး ၇ ဦးထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။

သတင်း

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို သမ္မတအမည်ခံတင်မြှောက်ပြီး ရက် ၁၀၀ စီမံကိန်း အပူတပြင်း ပုံဖော်နေပေမဲ့ စစ်တပ်ဟာ အရပ်သား ပြည်သူတွေကို ပစ်မှတ်ထားတဲ့ လေကြောင်း တိုက်ခိုက်မှုတွေ ဆက်လုပ်နေလို့ ကလေးငယ်တွေ အပါအဝင် ပြည်သူ ရာချီသေဆုံးထိခိုက်ခဲ့ရတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သား ပြည်သူသေဆုံးထိခိုက်မှုတွေ ရှိနေကြောင်း ကန်ပက်လက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)က သတင်းထုတ်ပြန်ခဲ့ပြီး မြို့နယ်အတွင်း ပြည်သူတွေ အနေနဲ့ နေအိမ် တိုင်း ပုန်းခိုကျင်းတွေ တူးကြဖို့ နှိုးဆော် ထားပါတယ်။