Connect with us

Hi, what are you looking for?

သတင်း

ငလျင်ဒဏ်သင့် မန္တလေး၊ ပုသိမ်ကြီးနဲ့ ကျောက်ဆည်မှာ အပူဒဏ်ကြောင့် လူသေဆုံးမှုရှိလာ၊ ဆေးရုံတက်လူနာ များပြား

ငလျင်ဘေးဒဏ်သင့် မန္တလေးတိုင်းက မြို့နယ်အချို့မှာ နေ့အပူချိန်မြင့်တက်နေပြီး Heat Stroke(အပူရှပ်)ဖြစ်လို့ လူသေဆုံးမှုတွေ ရှိလာသလို ဆေးရုံတက်လူနာတွေလည်းများပြား လာပါတယ်။

ငလျင်တစ်လပြည့်သည့် ယနေ့နံနက်ပိုင်းက မန္တလေးမြို့လယ် ၈၄ လမ်းနှင့် ၂၉ လမ်းထောင့်ရှိ အဆောက်အအုံအား ရှင်းလင်းနေသည်ကို တွေ့ရစဥ်။ ဓာတ်ပုံ-PS

ဧပြီ ၂၆၊၂၀၂၅။ရှိန်း/People’s Spring

ငလျင်ဘေးဒဏ်သင့် မန္တလေးတိုင်းက မြို့နယ်အချို့မှာ နေ့အပူချိန်မြင့်တက်နေပြီး Heat Stroke(အပူရှပ်)ဖြစ်လို့ လူသေဆုံးမှုတွေ ရှိလာသလို ဆေးရုံတက်လူနာတွေလည်းများပြား လာပါတယ်။

မန္တလေးမြို့မှာ ဧပြီလလယ်ခန့်ကစပြီး နေ့အပူချိန် ၄၀ဒီဂရီဒီဂရီဆဲလ်စီးယပ်‌အထက်မြင့်တက်လာပြီးတဲ့နောက် အပူရှပ်လူနာတွေများလာတယ်လို့ မန္တလေးပြည်သူ့ဆေးရုံကြီးကကျန်းမာရေးဝန်ထမ်းတချို့က ပြောပါတယ်။မန္တလေးမြို့မှာ ရက်ပိုင်းအတွင်း Heat Stroke ကြောင့် ဆေးရုံရောက်လာသူ မန္တလေးဆေးရုံကြီးမှာ ၃ဦးနဲ့ တခြားဆေးရုံမှာ တစ်ဦးရှိတယ်လို့ သိရပါတယ်။

“သေဆုံးတော့စာရင်းမတက်သေးဘူး။ရောက်လာတာက အပူချိန်၁၀၇(ကိုယ်ခန္တာအပူချိန်)အထိရှိတယ်။တော်တော် အန္တရာယ်များတဲ့ အနေအထား‌‌ပါ”လို့ ဆရာဝန်တစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

မန္တလေးမြို့မှာ Heat Strokeကြောင့် လူသေဆုံးမှုမရှိသေးဘူးလို့ ကျန်းမာရေးဝန်ထမ်းတွေကပြောပေမယ့် အပူတွေမြင့်တက်လို့ သေဆုံးသူတချို့ရှိနေတယ်လို့ လူမှုရေးအသင်းတစ်ခုမှ အဖွဲ့ဝင်တစ်ဦးကပြောပါတယ်။

” အထူးသဖြင့် အသက်ကြီးပိုင်းတချို့ အရေးပေါ်အခြေအနေနဲ့ ဆေးရုံပို့ရသလို သေဆုံးတာလည်းရှိနေပါတယ်။ တိုက်ပြိုတိုက်ပျက်တွေနဲ့ဆိုတော့ အပူဒဏ်ပိုများတာပေါ့။ နောက်ပြီးတော့ စိတ်တွေလည်းညစ်နေကြတာလေ။ ကျန်းမာရေးပြဿနာကပိုဆိုးတာပေါ့” လို့ မန္တလေးမြို့က အရပ်ဖက်အရေးဆောင်ရွက်သူတစ်ယောက်က ပြောပါတယ်။

အပူချိန်မြင့်တက်နေချိန် လျှပ်စစ်မီးလည်းတရက်လုံးနေမှာ နာရီအနည်းငယ်သာရလို့ အခက်အခဲတွေပိုမိုကြီးမားနေတယ်လို့ မန္တလေးမြို့ခံတွေက ပြောပါတယ်။ဒါ့အပြင် ပုံမှန်အိမ်သုံးဆေးဝါးတွေတောင် လွယ်တကူဝယ်မရဘဲ စျေးတွေလည်းတက်သွားတယ်လို့ တံတားဦးမြို့နယ်က ဆေးဆိုင်တစ်ဆိုင်ကနေ သိရပါတယ်။

” ပိုက်ဆံရှိရင်တောင် ရှာပြီးတော့လိုက်ဝယ်နေရတယ်။ ဆေးတွေပြတ်နေတာဆိုးတယ်။ ဓါတ်စားတို့တောင်တစ်ထုပ် ၃၀၀၊၄၀၀ တက်သွားတယ်”ဟု ဆေးဆိုင်ပိုင်ရှင်တစ်ဦးက ပြောပါတယ်။

မန္တလေးတိုင်းမှာ မန္တလေးမြို့အပြင် မရပူရ၊ တံတားဦး၊ ပုသိမ်ကြီး၊ ကျောက်ဆည်၊ မြစ်သား၊ စဉ့်ကိုင်၊ ပျော်ဘွယ်၊ ရမည်းသင်းမြို့နယ်တွေမှာလည်း မတ်လ ၂၈ရက်က ငလျင်ကြောင့် ထိခိုက်ပျက်စီးမှုတွေများပြားခဲ့ပါတယ်။ ပြိုကျသွားတဲ့နေအိမ်တွေ၊မပြိုပေမယ့် ကြံ့ခိုင်မှုမကောင်းတော့လို့ လူနေလို့မရတော့တဲ့အိမ်တွေက မိသားစုဝင်တွေဟာ ယာယီကယ်ဆယ်ရေးစခန်းအချို့နဲ့ နီးစပ်ရာဆွေမျိုးတွေအိမ်မှာ အဆင်ပြေသလိုနေကြရပါတယ်။ ဖြိုဖျက်ထားတဲ့အိမ်တွေအနီးမှာ ယာယီတဲထိုးပြီးနေတဲ့သူတွေလည်းရှိပါတယ်။ ဒါကြောင့် အပူဒဏ်ကိုပိုပြီးရင်ဆိုင် နေကြရတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ရက်အနည်းငယ်က ကျောက်ဆည်မြို့နဲ့ ပုသိမ်ကြီးမြို့နယ်မှာ Heat Strokeကြောင့် အမျိုးသားနှစ်ဦးသေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မန္တလေး၊ စစ်ကိုင်းနဲ့ မကွေးတိုင်းတို့ဟာ ကျန်ဒေသတွေထက် အပူချိန်မြင့်တက်နေပြီး မြို့တွေအနေနဲ့ မန္တလေး၊ မြင်းမူ၊ မြင်းခြံ၊မုံရွာ၊ ကလေးဝ၊ မကွေး၊ မင်းဘူး၊အောင်လံ၊ ဆင်ဖြူကျွန်း၊ ချောက်မြို့တွေမှာ အပူချိန် ၄၀ဒီဂရီဆဲလ်စီးယပ်အထက် ရှိနေပါတယ်။ ယမန်နေ့က တိုင်းနဲ့ပြည်နယ်အချို့မှာ မိုးသီးတွေကြွေတဲ့အထိ မိုးသက်လေပြင်းချခဲ့ပေမယ့် လက်ရှိအပူချိန်မြင့်နေတဲ့ဒေသတွေမှာတော့ မိုးရွာသွန်းခြင်းမရှိခဲ့ပေ။

ဒေသအချို့မှာ ယခုရက်ပိုင်း မိုးရွာသွန်းမူကြောင့် ငလျင်ဘေးသင့်ဒေသတွေမှာလည်း အပူချိန်အနည်းငယ်လျော့ကျနိုင်ပေမယ့် အပူချိန်က ၄၀ဒီဂရီဆဲလ်စီးယပ်ဝန်းကျင်မှာ ဆက်ရှိနေပါသေးတယ်။

ဒီက‌နေ့ ဧပြီ ၂၈ရက်နဲ့ မေလ ၄ရက်အတွင်း မြန်မာနိုင်ငံဒေသအများစုမှာ မိုးရွာနိုင်ပြီးတော့ အပူချိန်တွေလျော့ကျလာနိုင်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊လူသားချင်းစာနာထောက်ထားရေးနှင့်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန (MOHADM)က သတင်းထုတ်ပြန်ထားပါတယ်။

မန္တလေးတိုင်းအပါအဝင် ငလျင်ဘေးသင့်ဒေသတွေမှာ နောက်ဆက်တွဲ ဆိုးရွားတဲ့ကျန်းမာရေးပြဿနာတွေ ရင်ဆိုင်ရနိုင်ပြီး အရေးပေါ်ထောက်ပံ့မှုတွေ လိုအပ်နေတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO)က ထုတ်ပြန်ထားသည်။ငလျင်ဘေးသင့်ပြည်သူ ၄ ဒသမ ၃သန်းကျော်အတွက် စားနပ်ရိက္ခာနဲ့နေထိုင်ရေးအကူအညီ‌တွေ၊သန့်ရှင်းတဲ့ရေရရှိရေးနဲ့ကျန်းမာရေးဆိုင်ရာ စိန်ခေါ်မှုတွေရှိနေတယ်လို့ ကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA)က ထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်မှုထမ်းအတွက်ဖမ်းဆီးထားသူ​တွေကိုမန္တလေးမြို့၊နန်းတွင်းထဲကနေ ပုသိမ်ကြီးမြို့နယ်၊တပ်မ(၃၃)လက်အောက်ခံစစ်မှုထမ်းသင်တန်း ကျောင်းကိုယ​နေ့ ပို့စဥ်လူငယ်တဦး ကကားပေါ်မှ ခုန်ချထွက်​ပြေးသွားပြီးစစ်တပ်ကလိုက်လံရှာဖွေနေတယ်လို့ ဒေသခံ တွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့ပေါ်မှာ သောင်းကျန်းနေတဲ့ ပျူစောထီးတပည့်တွေကို သူ့နာမည်မသုံးဖို့ ပျူစောထီးခေါင်းဆောင် ပေါက်ကိုယ်တော်က တားမြစ်လိုက်ပါတယ်။

သတင်း

မန္တလေးမြို့၊ ကျောက်တော်ကြီးဘုရားပွဲမှာ ဆိုင်ခန်းခတွေ စျေးအဆမတန် မြင့်တက်သွားလို့ စျေးသည်တွေ အခက်အခဲတွေ့နေပါတယ်။

သတင်း

မန္တလေးမြို့၊ချမ်းမြသာစည်မြို့နယ်၊ကန်တော်ကြီးကန်ပတ်လမ်းမှာအမျိုး သားတစ်ဦးရဲ့ ရုပ်အလောင်းကို မနေ့ ( စက်တင်ဘာလ ၁၈ ရက်) နေ့ခင်းပိုင်းက မြို့ခံတွေ တွေ့ရှိခဲ့တယ်လို့ လူမူကူညီရေး လုပ်ကိုင်သူအချို့ဆီကသိရပါတယ်။