Connect with us

Hi, what are you looking for?

သတင်း

ပဲခူးမြို့တွင် ပျောက်ဆုံးနေသည့် (၁၄)နှစ် အရွယ်ကျောင်းသား အသတ်ခံထားရသည့်ရုပ်အလောင်းပြန်တွေ့

ပဲခူးမြို့တွင် နေအိမ်မှပျောက်ဆုံးနေသည့် (၁၄)နှစ်အရွယ်ကျောင်းသားတစ်ဦး ၂ရက်အကြာတွင် အသတ်ခံထားရသော ရုပ်အလောင်းပြန်လည်တွေ့ရှိ၍ အဆိုပါမြို့ခံများက စိုးရိမ်ထိတ်လန့်နေကြသည်။

မေ ၂၃၊၂၀၂၅။ဇော်ရမ်း/People’s Spring

ပဲခူးမြို့တွင် နေအိမ်မှပျောက်ဆုံးနေသည့် (၁၄)နှစ်အရွယ်ကျောင်းသားတစ်ဦး ၂ရက်အကြာတွင် အသတ်ခံထားရသော ရုပ်အလောင်းပြန်လည်တွေ့ရှိ၍ အဆိုပါမြို့ခံများက စိုးရိမ်ထိတ်လန့်နေကြသည်။

ပဲခူးမြို့၊မဇင်းရပ်ကွက်၊မဟာစေတီ (၃)လမ်းနေ မောင်သက်နိုင်မင်းသည် မေလ ၂၀ရက် ညနေ ၅နာရီခန့်က ပျောက်ဆုံးသွားခဲ့ခြင်းဟု မြို့ခံတစ်ဦးက ပြောသည်။

မိသားစုဝင်များနှင့် လူမှုရေးအဖွဲ့များက လိုက်ရှာစဉ် ခြံဝင်းတစ်ခုအတွင်း သတ်ဖြတ်ခံထားရသည့်ရုပ်လောင်းကို မေလ ၂၂ရက်တွင် ပြန်တွေ့ခြင်းဟု ၎င်းက ပြောသည်။

Public Service Announcement

Public Service Announcement

မောင်သက်နိုင်မင်းသည် လာမည့်ပညာသင်နှစ်တွင် G-7 တက်မည့်ကျောင်းသားတစ်ဦးဖြစ်သည်။ ပဲခူးမြို့ပေါ်ရပ်ကွက်တွင် ကလေးတစ်ဦး ယခုကဲ့သို့ ဖမ်းဆီးသတ်ဖြတ်ခံရမှုမှာ စစ်ကောင်စီလက်အောက်တွင် မြို့ပေါ်၌ပါ တရားဥပဒေစိုးမိုးမှုမရှိတော့သည်ကို ပြသခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

” အာဏာသိမ်းမင်းအောင်လှိုင်က ကလေးတွေကို ဗုံးကြဲသတ်နေသလို မြို့မှာနေတဲ့ ကလေးတွေတောင် မလုံခြုံတော့တဲ့အထိ အခြေအနေဆိုးသွားပါပြီ။ ဒီဝန်ထုပ်ဝန်ပိုးကို မိဘတွေ အရမ်းကြောက်လန့်နေတယ်”ဟု ပဲခူးမြို့ခံတစ်ဦးကပြောသည်။

စစ်ကောင်စီထိန်းချုပ်ထားဆဲ မြို့နယ်များတွင် ဓားပြမှု၊ ပြန်ပေးဆွဲမှု၊လုယက်သတ်ဖြတ်မှုများ ပိုဖြစ်နေပြီး ပြီးခဲ့သည့်ဧပြီနှင့် လက်ရှိ မေလအတွင်းမှာပင် မူဆယ်၊ မန္တလေး၊ရန်ကုန်၊ဖျာပုံမြို့တို့၌ ပြန်ပေးဆွဲ လူသတ်မှု ၅မှုထက်မနည်းဖြစ်ခဲ့သည်။

မေလ ၃ရက်က မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် အိမ်ခြံမြေအကျိုး‌ ဆောင်အမျိုးသမီးတစ်ဦး ရွှေထည်၊ငွေကြေးအချို့နှင့်အတူ ပြန်ပေးဆွဲခံရပြီးပျောက်ဆုံးနေသည်။

ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွှန့်မြို့နယ်မှ တိုက်ခန်းတစ်ခုတွင် တစ်ဦးတည်းနေထိုင်သည့် အမျိုးသမီးကြီးသည် ရွှေထည်ပစ္စည်းများ လုယက်ခံရပြီး သတ်ဖြတ်ခံရမှု ဧပြီ ၂၂ရက် ညက ဖြစ်ခဲ့သည်။ဧပြီ၂၅ရက်ကလည်း မန္တလေးမြို့မှ အိမ်ခြံမြေရင်းနှီးမြှုပ်နှံသူ အငြိမ်းစားတက္ကသိုလ်ပါမောက္ခတစ်ဦးအား အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက သတ်ဖြတ်ပြီး ရွှေထည်များ ယူဆောင်သွားမှုဖြစ်ခဲ့သည်။

ထို့အပြင် ဧရာဝတီတိုင်း၊ ဖျာပုံမြို့တွင် ဖေဖော်ဝါရီ ၂၁ ရက်က နေအိမ်မှထွက်သွားသည့် အသက်၂၃နှစ်အရွယ်အမျိုးသမီးသည် အသတ်ခံရပြီး ဧပြီ ၂၉ရက်တွင် ရုပ်အလောင်းပြန်တွေ့ခဲ့သည်။

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့တွင်လည်း လုယက်မှု၊ ပြန်ပေးဆွဲမှုများ မကြာခဏဖြစ် နေသည်ဟု ဒေသခံများက ပြောသည်။လက်ရှိအခြေအနေသည် ရန်ကုန်မြို့အပါအဝင် မည်သည့်မြို့တွင်မှ လုံခြုံမှုမရှိတော့၍ သတိပြုနေထိုင်ကြရန် ပြည်သူအချင်းချင်းသတိပေးနေကြသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းနိုင်ငံမှာ grade 3 ကျောင်းသား တစ်ယောက်က ကိုင်းခုတ်ဓားကိုင်ပြီး လိုက်တဲ့ ဗီဒီယိုဟာ လူမှုကွန်ရက်တွေပေါ် ပျံ့နှံ့နေပါတယ်။

သတင်း

ရန်ကုန်မြို့၊ မြောက်ဒဂုံမြို့နယ်မှာ ဇွန်လ ၈ရက်က ပျောက်ဆုံးသွားတဲ့ (၁၃)နှစ်အရွယ် ၆တန်းကျောင်းသားလေးဟာ အသတ်ခံထားရပြီး ရေကန်ထဲမှာ စွန့်ပစ်ထားတဲ့ရုပ်အလောင်းကို တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

သတင်း

မန္တလေးတိုင်း၊ မိတ္ထီလာမြို့၊ အထ.က (၁)မှာ ကျောင်းသားတွေကို ကတုံးဆံထောက်ပုံစံညှပ်ထားမှသာ ကျောင်းအပ်လက်ခံမယ်ဆိုလို့ကျောင်းသားနဲ့မိဘတွေ အခက်တွေ့နေကြပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။