Connect with us

Hi, what are you looking for?

သတင်း

မုံရွာမြို့မှာ မိုးများရေလျှံလို့ မြို့ပေါ်ကနေအိမ်တွေ ရေဝင်

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ မိုးများပြီး ရေကြီး၊ရေလျှံလို့ ရပ်ကွက်တွေက နေအိမ်တွေအတွင်း ရေဝင်နေပါတယ်။

မုံရွာမြို့တွင် မိုးများ၍ ရေကြီးနေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ − screengrab

မေ ၂၅၊၂၀၂၅။ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ မိုးများပြီး ရေကြီး၊ရေလျှံလို့ ရပ်ကွက်တွေက နေအိမ်တွေအတွင်း ရေဝင်နေပါတယ်။

မနေ့က မေလ ၂၄ရက်ကနေ ဒီကနေ့ မနက်ပိုင်းအထိ မုံရွာမြို့မှာ မိုးသည်းထန်စွာ ရွာသွန်းခဲ့တာကြောင့် မုံရွာမြို့ပေါ်က ရုံးကြီးရပ်၊ ဘုန်းစိုးရပ်၊ ချမ်းမြဝတီရပ်၊ မြဝတီရပ်၊ ရန်ကင်းရပ်၊ ရုံးကြီးရပ်၊ မုံရွာတောင်ရပ် စတဲ့ရပ်ကွက်တွေအပါအဝင် ရပ်ကွက်အများအပြားက နေအိမ်တွေအထဲ ရေဝင်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“မနှစ်က သုံးလေးရက်ရွာမှ တက်တာ။ ဒီနှစ်က တခါရွာတခါတက်တာ။”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ရုတ်တရက်ရေတွေဝင်လာခဲ့တာကြောင့် နေအိမ်တွေက လျှပ်စစ်ပစ္စည်းတွေ ရေဝင်ပျက်စီးခဲ့တယ်လို့ ရပ်ကွက်ခံတွေက ပြောပါတယ်။ မိုးများတာအပြင် ရေမြောင်းတွေ ရေမဆင်းတာ၊ ချောင်းရေတွေလျှံတာတွေကြောင့်ပါ ရေကြီးခဲ့တာလို့ မုံရွာမြို့ခံတွေက ဆိုပါတယ်။

“အခုက စည်ပင်တွေက လူကြီးလမ်းကြောင်း ရှိမယ့်နေရာလောက် အလုပ်လုပ်ကြတော့တာ။ မြောင်းတွေလည်းအကုန်ပိတ်ဆို့နေတာ”လို့ မုံရွာမြို့ခံတစ်ဦးက ပြောပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနကတော့ ဘင်္ဂလားပင်လယ်အော်နဲ့ ကပ္ပလီပင်လယ်ပြင်တို့မှာ မုတ်သုံလေအားကောင်းနေတာကြောင့် မြန်မာနိုင်ငံတဝှမ်းလုံး နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာနိုင်ကြောင်း၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ တနင်္သာရီတိုင်းနဲ့ ရန်ကုန်တိုင်းတို့မှာ နေရာကွက်ပြီး မိုးကြီးနိုင်ပြီး တချို့နေရာတွေမှာ ရေကြီးရေလျှံနိုင်တယ်လို့ ပြီးခဲ့တဲ့ ၂၃ရက်က သတိပေးခဲ့ပါတယ်။

လာမယ့် မေလ ၂၇ရက်မှာ ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းမှာ လေဖိအားနည်းရပ်ဝန်းတစ်ခုဖြစ်ပေါ်လာနိုင်ခြေရှိပြီး အဲဒီနေ့ကနေ နောက်ထပ် ၄၈နာရီအတွင်း ပိုမိုအားကောင်းလာနိုင်တယ်လို့ ဆိုပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ ဒီကနေ့ ဩဂုတ် ၂ရက် ညနေပိုင်းက ကားဆီတန်းပြန်လာတဲ့ လူငယ် အပါအဝင် ၁၃ ဦးထက်မနည်းကို စစ်တပ်က ရိုက်နှက်ပေါ်တာဆွဲသွားကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်က သစ်ညိုပင်ကျေးရွာဘုန်းကြီးကျောင်းကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ကလေးငယ်တွေအပါအဝင် ပြည်သူ ၁၂ ဦး ဒဏ်ရာရပြီး ဘုန်းကြီးကျောင်းအပါအဝင် ပျက်စီးမှုတွေ ရှိခဲ့ကြောင်း မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းမြို့နယ်မှာ စစ်ကောင်စီယာဥ်တန်းအတွက် လုံခြုံရေးယူပေးနေတဲ့ စစ်သားတွေ မိုင်းဆွဲတိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုတွေရှိခဲ့ကြောင်း လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းနဲ့ ဝက်လက်မြို့နယ်ကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ထပ်မံဗုံးကြဲတိုက်ခိုက်လို့ စစ်ရှောင်အဘိုးအိုအပါအဝင် ပြည်သူ ၂ ဦးသေဆုံးကာ ၃ ဦးဒဏ်ရာရပြီး နေအိမ် အလုံး ၂၀ ခန့် မီးလောင်ပျက်စီးခဲ့ပါတယ်။