Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီကို ILOရဲ့ ပုဒ်မ(၃၃)အရ အရေးယူနိုင်ရေးနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး စစ်ကိုင်းတိုင်းမှာ ဆန္ဒပြ

စစ်ကိုင်းတိုင်းအတွင်း သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက ဒီကနေ့ (မေလ ၂၅)မှာ စစ်ကောင်စီကို ILOရဲ့ ပုဒ်မ (၃၃)အရ အရေးယူနိုင်ရေးနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသပိတ်လှုပ်ရှားမှုတွေ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။

မေ ၂၅၊၂၀၂၅။ သုည/People’s Spring

စစ်ကိုင်းတိုင်းအတွင်း သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက ဒီကနေ့ (မေလ ၂၅)မှာ စစ်ကောင်စီကို ILOရဲ့ ပုဒ်မ (၃၃)အရ အရေးယူနိုင်ရေးနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသပိတ်လှုပ်ရှားမှုတွေ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်မှာ အောင်လံလွှင့်မည် ဒေါင်းသွေးနီသပိတ်စစ်ကြောင်းဟာ စစ်တပ်ကပြုလုပ်နေတဲ့ ရာဇဝတ်မှုတွေ၊ အဓမ္မစစ်သားအဖြစ် ခိုင်းစေမှုတွေ စတဲ့ စစ်တပ်က ပြုလုပ်ခဲ့တဲ့အရာတွေကို အရေးယူ အပြစ်ပေးနိုင်ရန် ILOရဲ့ ပုဒ်မ (၃၃)ကို မဲပေးကြဖို့ ကမ်ပိန်းပြုလုပ်ခဲ့ကြပါတယ်။

လက်ပံတောင်းတောင်ဒေသမှာလည်း လူထုသပိတ်က ဦးဆောင်ပြီး ပြည်သူတွေနဲ့အတူ “Vote ILO Article 33 to save LIVES” စာသားကိုင်ဆောင်ကာ စစ်အာဏာရှင်ဆန့်ကျင်ရေးကြွေးကြော်သံတွေ ဟစ်ကြွေးကာ လူထုလှုပ်ရှားမှုပြုလုပ်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အဆိုပါလှုပ်ရှားမှုဟာ ဇွန်လ၂ရက်နဲ့ ၃ ရက်နေ့မှာ မဲခွဲဆုံးဖြတ်မယ့် ILO အစည်းအဝေးကြီးကနေ လူသားမျိုးနွယ်အပေါ် စစ်ရာဇဝတ်မှုပေါင်းများစွာ ကျူးလွန်နေတဲ့ စစ်ကောင်စီကို အရေးယူနိုင်ဖို့ လူ့အသက်တွေကယ်တင်ဖို့ ILOရဲ့ ပုဒ်မ(၃၃)ကိုမဲပေးပါဆိုတဲ့ ရည်ရွယ်ချက်နဲ့ လုပ်ဆောင်ခဲ့တာ ဖြစ်ကြောင်း သပိတ်ကော်မတီဝင်က ဆိုပါတယ်။

စစ်ကိုင်းတိုင်းအတွင်းက ဒေသခံတော်လှန်ပြည်သူတွေဟာ နယ်မြေမငြိမ်သက်မှုကြားထဲကနေ အကြမ်းဖက်စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသပိတ်တွေကို နေ့စဉ်ပြုလုပ်နေကြပါတယ်။

ဓာတ်ပုံ – စစ်ကိုင်းဒေသသပိတ်အင်အားစု၊ လက်​ပံတောင်းသပိတ်

ဆက်စပ်သတင်းများ