Connect with us

Hi, what are you looking for?

သတင်း

မြန်မာ့အကျပ်အတည်း စေ့စပ်ညှိနှိုင်းမှုနည်းလမ်းနဲ့ ဖြေရှင်းနိုင်ဖို့ အာဆီယံ ယုံကြည်ထားဆဲလို့ ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဆို

အရှေတောင်အာရှနိုင်ငံများအစည်းအရုံး(အာဆီယံ)ရဲ့ နိုင်ငံခြားရေးဝန်ကြီးတွေဟာမြန်မာ့ငြိမ်းချမ်းရေးအတွက်စေ့စပ်ဆွေးနွေးမှုနဲ့ အဖြေရှာနိုင်မယ့်အလားအလာတွေရှိနေဆဲလို့ရှုမြင်ကြတယ်လို့ထိုင်းနိုင်ငံခြားရေးဝန်ကြီးကပြောပါတယ်။

ထိုင်းနိုင်ငံခြား​ရေးဝန်ကြီးကိုမာရစ်ကို အာဆီယံ​​ဆွေး​နွေးပွဲတစ်ခုမှာ​တွေ့ရစဥ်။ဓါတ်ပုံ-mfa.go.th

​​မေ-၂၆၊၂၀၂၅။People’s Spring

အရှေတောင်အာရှနိုင်ငံများအစည်းအရုံး(အာဆီယံ)ရဲ့ နိုင်ငံခြားရေးဝန်ကြီးတွေဟာမြန်မာ့ငြိမ်းချမ်းရေးအတွက်စေ့စပ်ဆွေးနွေးမှုနဲ့ အဖြေရှာနိုင်မယ့်အလားအလာတွေရှိနေဆဲလို့ရှုမြင်ကြတယ်လို့ထိုင်းနိုင်ငံခြားရေးဝန်ကြီးကပြောပါတယ်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီးမာရစ် ဆန်ဂီယမ်ပွန်ဆာဟာအာဆီယံထိပ်သီးညီလာခံနဲ့ ဆက်စပ် အစည်းအဝေးတွေ တက်ရောက်ဖို့ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့ကို ရောက်ရှိနေတာပါ။ မြန်မာနိုင်ငံရဲ့ ပြည်တွင်းစစ်ကို ဆွေးနွေး အဖြေရှာမှု နည်းလမ်းတွေနဲ့အဆုံးသတ်နိုင်မယ့်အခြေအနေတွေကို အာဆီယံ အဖွဲ့ဝင် နိုင်ငံတွေက ဆက်လက် မျှော်လင့်နေဆဲ ဖြစ်ကြောင်း၊ ထိုင်းဟာ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဒေသတွင်း ဆွေးနွေးပွဲတွေ၊ လူသားချင်းစာနာမှု အကူအညီပေးရေးကိစ္စတွေမှာပါဝင်ဆောင်ရွက်ပေးဖို့ ခိုင်ခိုင်မာမာ ဆုံးဖြတ်ထားကြောင်း မာရစ်က ဆိုပါတယ်။

မြန်မာ့ ပြည်တွင်းရေးအကျပ်အတည်းကိုငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်းနိုင်ရေးမှာ အာဆီယံဟာ ကြားခံ ညှိနှိုင်းရေးအင်အားစု တစ်ခုအဖြစ် ပါဝင်နိုင်ဖို့ ရည်ရွယ်ပြီးမေလ ၂၆ ရက် မနက်ပိုင်းက အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးတွေ စုံညီ စည်းဝေးခဲ့တယ်လို့ မာရစ်ကဆိုပါတယ်။

Public Service Announcement

Public Service Announcement

မြန်မာနိုင်ငံမှာမတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ ဖျက်အားပြင်းငလျင်ကြီးအပြီးအာဆီယံအလှည့်ကျ ဥက္ကဋ္ဌ မလေးရှား နိုင်ငံက လူသားချင်း စာနာမှု အကူအညီတွေ စုစည်းပေးပို့ခဲ့တဲ့ အားထုတ်မှုကိုထိုင်းက အဲဒီ အစည်းအဝေးမှာ ချီးကျူး အသိအမှတ် ပြုခဲ့တယ်လို့လည်း သူက ဆိုပါတယ်။

မြန်မာနိုင်ငံမှာ ပြည်တွင်းစစ် ရပ်ဆိုင်းပြီးငြိမ်းချမ်းရေးအတွက် လမ်းဖွင့်ပေးဖို့ဆိုရင် အစုအဖွဲ့ပေါင်းစုံ ပါဝင်ပြီး အပြုသဘောဆန်တဲ့ ဆွေးနွေးမှုတွေ ရှိလာဖို့ လိုအပ်ကြောင်း၊အဲဒီအခြေအနေတွေ အမှန်တကယ် အထမြောက်လာမယ့် အလားအလာနဲ့ အရိပ်လက္ခဏာတွေကို မြင်နေရပြီလို့ အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးတွေက လက်ခံ ယူဆထားကြောင်းလည်း မာရစ်က မှတ်ချက်ပေးသွားခဲ့ပါတယ်။

သူက မြန်မာ့အကျပ်အတည်းကို ဖြေရှင်းဖို့ဆိုရင် အဖက်ဖက်က ပွင့်လင်းပြီး အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုတွေ မဖြစ်မနေ လိုအပ်တယ်ဆိုတဲ့ ထိုင်းရဲ့ အယူအဆကိုလည်း အစည်းအဝေးမှာ ထည့်သွင်း တင်ပြခဲ့တယ်လို့ ဆိုပါတယ်။

ထိုင်းဟာ အဲဒီလို ဆွေးနွေးမှုတွေ အထမြောက်လာစေဖို့ ၂၀၂၄ နှစ်လယ်လောက် ကတည်းက စတင်အားထုတ် ကြိုးစားနေခဲ့တယ်လို့လည်း မာရစ်က ဆိုပါတယ်။ အဲဒီဆွေးနွေးမှုတွေမှာ မြန်မာနိုင်ငံရဲ့ ပြည်တွင်း အင်အားစုတွေသာ မကဘဲ အာဆီယံ ဒေသတွင်း နိုင်ငံတွေ၊ မြန်မာ့ အိမ်နီးချင်း နိုင်ငံတွေနဲ့ပါပူးပေါင်း ညှိနှိုင်းမှုတွေ ရှိခဲ့တယ်လို့ သူကဆိုပြန်ပါတယ်။

ဒါတင် မကသေးဘဲ ဒီဇင်ဘာလလောက်ကစပြီး ထိုင်းဟာ နယ်စပ်လုံခြုံရေး၊ နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုတွေနဲ့ ကျားဖြန့်ဂိုဏ်းတွေကို တိုက်ဖျက်ရေး၊ မူးယစ်ဆေးဝါးနဲ့ လူမှောင်ခိုမှု တိုက်ဖျက်ရေး ကဏ္ဍတွေမှာ မြန်မာနဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေ ပိုမို မြှင့်တင်လာခဲ့ကြောင်းလည်း မာရစ်က ပြောကြားသွားခဲ့ပါတယ်။

ကိုးကား-Nation

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)ရဲ့ အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ကို ထမ်းဆောင်ဖို့ အသင့်ရှိနေပြီလို့ ဖိလစ်ပိုင် သမ္မတ ဖာဒီနန် မားကို့စ် ဂျူနီယာက ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)ရဲ့ ထိပ်တန်း အစည်းအဝေး ကာလအတွင်း မလေးရှား အမျိုးသမီး ကိုယ်ရံတော်တွေရဲ့ ပေါ့ပါးဖျတ်လတ်မှုကို လူမှုကွန်ရက် သုံးစွဲသူတွေက ချီးကျူးနေကြပါတယ်။

သတင်း

ဘုံသဘောတူညီချက် ၅ ရပ် ပိုပြီး ထိထိရောက်ရောက် အကောင်အထည်ဖော်ဖို့လိုကြောင်း အာဆီယံ တိုက်တွန်း

သတင်း

အရပ်သားတွေအပေါ် စစ်တပ်ရဲ့ ရက်စက်မှုအပေါ် နှုတ်ဆိတ်နေခြင်း အဆုံးသတ်ဖို့ ၊ နိုင်/ကျဉ်းအားလုံး လွှတ်မြောက်ရေးတောင်းဆိုဖို့ နိုင်ငံတကာကို တိုက်တွန်း