Connect with us

Hi, what are you looking for?

သတင်း

ပေါက်ခေါင်းမြို့နယ်တွင် ကျေးရွာမီးရှို့ဖျက်ဆီးသည့် စစ်‌တပ်စစ်ကြောင်းအား PDF ပူးပေါင်းတပ် တိုက်ခိုက်

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်ရှိ သိုက်ချောင်းကျေးရွာ မီးရှို့ဖျက်ဆီးသည့် စစ်ကောင်စီတပ်စစ်ကြောင်းအား ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။

ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်ရှိ သိုက်ချောင်းကျေးရွာအား စစ်ကောင်စီတပ် စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီး၍ ဒေသခံများ ဘေးလွတ်ရာထွက်ပြေးနေစဉ်။ ဓာတ်ပုံ - ဒို့ပြည်

မေ ၂၇၊၂၀၂၅။အိမ်သွင်/People’s Spring

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်ရှိ သိုက်ချောင်းကျေးရွာ မီးရှို့ဖျက်ဆီးသည့် စစ်ကောင်စီတပ်စစ်ကြောင်းအား ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။

သိုက်ချောင်းကျေးရွာကို မေလ ၂၆ ရက် နေ့လည် ပိုင်းတွင် စစ်ကောင်စီတပ်စစ်ကြောင်း ဝင်လာပြီး နေအိမ်များအား မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။

ညနေပိုင်းတွင် ပြည်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော်(၃၆၀၁) အမှတ်(၁) တပ်ရင်းနှင့် ပူးပေါင်းတပ်များက ကျေးရွာအနီးတွင် တိုက်ခိုက်ခဲ့ခြင်းဟု တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်မှ တစ်ဦးသေဆုံးပြီး ခုနစ်ဦး ဒဏ်ရာရရှိကာ သေဆုံးသူနှင့် ဒဏ်ရာရသူများအား ထိုနေ့ညပိုင်းတွင် ပေါက်ခေါင်းမြို့ပေါ်သို့ ပြန်လည်ခေါ်ဆောင်သွားကြောင်း သတင်းရရှိသည်။

သိုက်ချောင်းကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ် စစ်ကြောင်းဝင်လာခြင်းဟု ပေါက်ခေါင်းမြို့ခံတစ်ဦးက ပြောသည်။

” စစ်ကောင်စီ စစ်ကြောင်းမရှိတော့ပေမယ့် ပြန်မဝင်ရဲသေးဘူး။ ရွာထဲက အိမ်ဆယ်လုံး မီးလောင်သွားတယ်လို့ကြားတယ်။ ဘယ်သူမှပြန်မဝင်ရဲသေးတာ။ အခြေအနေကြည့်နေရတယ်”ဟု သိုက်ချောင်းရွာဒေသခံတစ်ဦးက ပြောသည်။

ပေါက်ခေါင်းမြို့နယ်တွင် ပြီးခဲ့သည့် ဖေဖော်ဝါရီက တိုက်ပွဲပြင်းထန်ပြီးနောက်ပိုင်း ထိပ်တိုက်ရင်ဆိုင်တိုက်ပွဲမဖြစ်ခဲ့ဘဲ ယခုတစ်ကြိမ်တိုက်ပွဲပြန်ဖြစ်ခြင်းဖြစ်သည်။

ဖေဖော်ဝါရီ ၁၈ရက်က ပေါက်ခေါင်းမြို့အနီး စစ်ကောင်စီတပ် ထောက်ပို့ကားကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဘက်မှ ကိုးဦးသေဆုံးခဲ့သည်။

ဖေဖော်ဝါရီက စစ်ရေးတင်းမာခဲ့စဉ် စစ်ကောင်စီက လေကြောင်းနှင့်လက်နက်ကြီးတိုက်ခိုက်မှုများ၊ စစ်ကြောင်းထိုးခြင်းများ ပြုလုပ်ခဲ့၍ ပေါက်ခေါင်းမြို့၊ အိုင်စောက်ရွာ၊ ကွင်းကြီးရွာနှင့်အနီး ရိုးမပတ်ဝန်းကျင်ရွာများမှ ဒေသခံပြည်သူ၅၀၀၀ကျော် ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

တော်လှန်ရေးအားကောင်းသည့် ဒေသများ၌ အရပ်သားများအားဦးတည်၍ မြေလှန်စနစ်ကျင့်

သုံးသည့် စစ်ကောင်စီ၏ အကြမ်းဖက်မှုများ ပြည်ခရိုင်အတွင်း ရောက်လာပြီဖြစ်၍ ဒေသခံများ သတိပြုကြရန် ပြည်မြို့နယ်အခြေခံပညာကျောင်းသားများသမဂ္ဂက သတိပေးထားသည်။

ပြည်ခရိုင်အတွင်း ပြည်၊ပေါက်ခေါင်း၊ ရွှေတောင်၊ ပန်းတောင်းမြို့နယ်တို့ တည်ရှိသည်။

လက်ရှိတွင် ပန်းတောင်းမြို့နယ်အတွင်းရှိ ပန်းတောင်းနှင့်ဥသျှစ်ပင်မြို့မှ စစ်ကောင်စီတပ်စခန်းများကို အာရက္ခတပ်တော်(AA)နှင့် ပူးပေါင်းတပ်များက တိုက်ခိုက်နေပြီး တိုက်ပွဲများဖြစ်နေသည်။စစ်ကောင်စီက လက်နက်ကြီးပစ်ခတ်မှုများ၊ မြေပြင်စစ်ကြောင်းများက သေနတ်ဖြင့် ပစ်ခတ်မှုများ ဆက်ရှိနေသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီ လက်နက်ချအလင်းဝင်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

Facebook