Connect with us

Hi, what are you looking for?

သတင်း

ရန်ကုန်ရှိ သံအမတ်ကြီးနဲ့ စစ်သံမှူးကိုဘင်္ဂလားဒေ့ရှ်အစိုးရ ပြန်လည် ခေါ်ယူ

ဘင်္ဂလားဒေ့ရှ်အစိုးရဟာ မြန်မာနိုင်ငံကို စေလွှတ်ထားတဲ့ သံအမတ်ကြီးကို မြို့တော်ဒါကာကို ချက်ချင်းပြန်လာဖို့ ညွှန်ကြားလိုက်တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက မနေ့က အတည်ပြုကြောင်း Bangla News 24 သတင်းဌာနက ဖော်ပြပါတယ်။

အာ​ဏာသိမ်း​​ခေါင်း​ဆောင်အပါအဝင်စစ်​ကောင်စီ​​ခေါင်း​ဆောင်များနဲ့ ဘင်္ဂလားဒေ့ရှ်သံအမတ်ကြီး ၊စစ်သံမှူးတို့ကို ​အတူတွေ့ရစဥ်။ဓါတ်ပုံ-စစ်​ကောင်စီ

မေ-၂၉၊ ၂၀၂၅။ People’s Spring

ဘင်္ဂလားဒေ့ရှ်အစိုးရဟာ မြန်မာနိုင်ငံကို စေလွှတ်ထားတဲ့ သံအမတ်ကြီးကို မြို့တော်ဒါကာကို ချက်ချင်းပြန်လာဖို့ ညွှန်ကြားလိုက်တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက မနေ့က အတည်ပြုကြောင်း Bangla News 24 သတင်းဌာနက ဖော်ပြပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်သံအမတ်ကြီး မိုနိုဝါဟော့ဆန်ဟာ ၂၀၂၃ သြဂုတ်လမှာ စတင်ထမ်းဆောင်ခဲ့ပြီး လက်ရှိမှာ နှစ်နိုင်ငံသံတမန်ဆက်ဆံရေးတင်းမာလာချိန်မှာ ချက်ချင်းပြန်လာဖို့ တိုက်ရိုက်အမိန့်ညွှန်ကြားခံရတာလို့ သိရပါတယ်။

သံတမန်သတင်းရင်းမြစ်တွေရဲ့အဆိုအရ ဘင်္ဂလားဒေ့ရှ်တာဝန်ရှိသူတွေက ရခိုင်ပြည်နယ် တစ်ပြည်နယ်လုံးနီးပါးကို တိုက်ခိုက်သိမ်းပိုက်ထားတဲ့ အာရက္ခတပ်တော်(AA)နဲ့ ထိတွေ့ဆက်ဆံတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာအပြီးမှာ မြန်မာစစ်ကောင်စီက ဆန့်ကျင်ကန့်ကွက်ခဲ့တယ်လို့ ဆိုပါတယ်။ စစ်ကောင်စီရဲ့ အဲဒီကန့်ကွက်မှုအပြီး ဘင်္ဂလားဒေ့ရှ်အစိုးရကလည်း အခုလို တုန့်ပြန်လာတာဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ဘင်္ဂလားဒေ့ရှ်အစိုးရရဲ့ အမျိုးသားလုံခြုံရေးဆိုင်ရာအကြံပေး ခါလီလာရာမန်က ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ်တလျှောက်လုံးကို ထိန်းချုပ်ထားတဲ့ အာရက္ခတပ်တော်(AA)နဲ့ ထိတွေ့ဆက်ဆံဖို့ လိုအပ်ပြီး ထိတွေ့ဆက်ဆံမှုတွေ ပြုလုပ်ဖို့ ဆုံးဖြတ်ခဲ့တာလို့ လူသိရှင်ကြားထုတ်ဖော်ပြောကြားထားပါတယ်။ ဘင်္ဂလားဒေ့ရှ်နယ်စပ်ကို ကာကွယ်ဖို့နဲ့ အဲဒီဒေသငြိမ်းချမ်းဖို့က မိမိတို့တာဝန်ဖြစ်တယ်လို့ အမျိုးသားလုံခြုံရေးအကြံပေး ခါလီလာရာမန်က ပြောထားပါတယ်။

ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ AA တို့အကြား ထိတွေ့ဆက်ဆံမှုတွေ သတင်းထွက်ပေါ်လာအပြီး မင်းအောင်လှိုင်ခေါင်းဆောင်တဲ့ အာဏာသိမ်းစစ်ကောင်စီက ဒါကာရှိ နိုင်ငံခြားရေးဝန်ကြီးဌာနကို တရားဝင်ကန့်ကွက် အကြောင်းကြားစာ ပေးပို့ခဲ့တယ်လို့ သိရပါတယ်။

အာရက္ခတပ်တော်(AA)က ရခိုင်ပြည်နယ်ရှိ ၁၇ မြို့အနက် ၁၄ မြို့နယ်ကို သိမ်းပိုက်ထိန်းချုပ်ထားပြီး ဘင်္ဂလားဒေ့ရှ်နဲ့ နယ်မြေထိစပ်နေတဲ့ကုန်းမြေသာမက ရေပိုင်နက်ကိုပါ စိုးမိုးထိန်းချုပ်ထားပါတယ်။

ဒီလဆန်းမှာလည်း ရန်ကုန်မှာရှိတဲ့ ဘင်္ဂလားဒေ့ရှ်သံရုံး စစ်သံမှူး ဗိုလ်မှူးချုပ် အက်ဖ်တက်ဟော့ဆန်ကိုလည်း ဒါကာကို အရေးပေါ် ပြန်လည်ခေါ်​ယူခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာ ဒုက္ခသည်တွေထဲက အရေအတွက် ၁၈၀,၀၀၀ ဟာ မြန်မာဖက်ကို ပြန်ပိုင်ခွင့် ရှိတယ်လို့ အာဏာသိမ်း စစ်ကောင်စီက ဘင်္ဂလားဒေ့ရှ် အစိုးရဆီ အတည်ပြုခဲ့ပါတယ်။