Connect with us

Hi, what are you looking for?

သတင်း

ကချင်အထူး​ဒေသ(၁)ကိုသိမ်းထား​သော KIA ကို စစ်​ကောင်စီနှင့်ပြည်သူ့စစ်​ပေါင်း၍ စစ်​ကြောင်းထိုးရန်စီစဥ်​နေ

စစ်ကောင်စီက ကချင်လွတ်လပ်ရေးတပ်မတော်(KIA)သိမ်းပိုက်ထားသည့် ကချင်အထူးဒေသ (၁)ကိုလည်း ပြန်လည်တိုက်ခိုက်ရန်အတွက် ပြည်သူ့စစ်အများအပြားဖြင့် စစ်ကြောင်းထိုးရန်စီစဥ်နေသည်။

KIA နှင့်ပူး​ပေါင်းတပ်များက ကချင်အထူး​ဒေသ(၁)ကို ၂၀၂၄ နှစ်ကုန်ပိုင်းတွင်သိမ်းယူစဥ်

​မေ-၃၀၊၂၀၂၅။ကဖေး/People’s Spring

စစ်ကောင်စီက ကချင်လွတ်လပ်ရေးတပ်မတော်(KIA)သိမ်းပိုက်ထားသည့် ကချင်အထူးဒေသ (၁)ကိုလည်း ပြန်လည်တိုက်ခိုက်ရန်အတွက် ပြည်သူ့စစ်အများအပြားဖြင့် စစ်ကြောင်းထိုးရန်စီစဥ်နေသည်။

စစ်ကောင်စီ တပ်နှင့် ပြည်သူ့စစ်ပူးပေါင်းတပ်အင်အား ၅၀ဝနီးပါးသည် ဝိုင်းမော်မြို့နယ်၊ လမြန်ရွာအနီးသို့ ရောက်နေပြီး KIA နှင့် ထိပ်တိုက်ရင်ဆိုင်ထားသည့်အခြေအနေဖြစ်ကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။

KIA နှင့်ပူး​ပေါင်းတပ်များက ကချင်အထူး​ဒေသ(၁)ကို ၂၀၂၄ နှစ်ကုန်ပိုင်းတွင်သိမ်းယူစဥ်

“နေ့တိုင်းတင့်ကားနဲ့လှမ်းပစ်ပြီးရှေ့ကိုတိုး​​နေတယ်။KIA ၊PDF ကစောင့်ပစ်တယ်။စစ်တပ်စစ်ကြောင်းက တဖြည်းဖြည်းချင်း တိုးနေတဲ့အနေအထား” ဟု ဒေသခံသတင်းရင်းမြစ်က ပြောသည်။

Public Service Announcement

Public Service Announcement

ဦးဇခုန်တိန့်ယိန်း ဦးဆောင်သည့်ကချင်ဒီမိုကရေစီသစ်တပ်မတော် (NDA-K) ပြည်သူ့စစ်က ထိန်းချုပ်ထားသော ကချင်အထူးဒေသ (၁) နယ်မြေတွင်ဆော့လော်၊ ချီဖွေ၊ ဆဒုံး၊ပန်ဝါ၊ကန်ပိုင်တီမြို့တို့ပါဝင်ပြီး KIAနှင့် မဟာမိတ်များ က ၂၀၂၄ နှစ်ကုန်ပိုင်းအပြီးသတ်ထိုးစစ်ဆင်သိမ်းပိုက်ခဲ့သည်။ ထို့​နောက် ကချင်အထူး​ဒေသ (၁) သတ်မှတ်ချက်ကိုတရားဝင်ဖျက်သိမ်း​ကြောင်း KIO က​ကြေညာခဲ့သည်။

KIA နှင့် မဟာမိတ်များထိုးစစ်ဆင်​ရာဦးဇခုန်တိန့်ယိန်းနှင့်မိသားစုသည် ထွက်ပြေးသွားခဲ့သည်။ လက်ရှိတွင် နေပြည်တော်၌ ရှိနေကြောင်းသတင်းများထွက်ပေါ်နေသော်လည်း သီးခြားအတည်ပြု၍မရသေးပေ။

စစ်အာဏာရှင်အစိုးရများသတ်မှတ်ခဲ့သည့် ကချင်အထူးဒေသ(၁)သတ်မှတ်ချက်ကိုလည်းဖျက်သိမ်းလိုက်ကြောင်းနှင့်ရင်းနှီးမြုပ်နှံသူများအနေဖြင့် ဒေသဖွံ့ဖြိုးရေးပူးပေါင်းဆောင်ရွက်ရန် ၂၀၂၄ နိုဝင်ဘာ ၂၈ ရက်တွင် KIAကဖိတ်ခေါ်ခဲ့သည်။

အ‌ဆိုပါဒေသများတွင် တရုတ်နိုင်ငံကအဓိကမက်​မော​သော တန်ဖိုးကြီး မြေရှားသတ္တုအဓိကထွက်ပြီး ဒေသတွင်း သတ္တုထုတ်လုပ်ရေးနှင့်ဖွံ့ဖြိုးရေးပိုင်းကို KIAက စီမံခန့်ခွဲနေသည်။

ထိုဒေသကို ပြန်လည်တိုက်ခိုက်ရန်အတွက် စစ်ကောင်စီက ဦးဇခုန်တိန့်ယိန်း၏သား ဇခုန်ယိန်းဆောင်ဦးဆောင်သည့် ပြည်သူ့စစ်များကို မြစ်ကြီးနားမြို့ရှိ မြောက်ပိုင်းစစ်ဌာနချုပ်၌ လပေါင်းများစွာကြာအောင် စစ်သင်တန်းပေးခဲ့သည်ဟု သတင်းရရှိသည်။

NDA-Kနှင့်နီးစပ်သူတစ်ဦးက ဇခုန်ယိန်းဆောင်ဦးဆောင်သည့် ပြည်သူ့စစ်များသည် KIAကို ပြန်လည်တိုက်ခိုက်မည်ကို သိရှိထားသည်ဟု ပြောသည်။

စစ်ကောင်စီ၏ စစ်ရေးလှုပ်ရှားမှုသတင်းများ ကြားသိထားပြီး လက်ရှိတွင် ‌ဒေသတစ်ခုလုံး တည်ငြိမ်အေးချမ်းနေသည်ဟု KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူက People’s Spring အား ပြောသည်။

လက်ရှိ စစ်ကောင်စီစစ်ကြောင်းရောက်နေသည့် ဝိုင်းမော်မြို့နယ်သည်ဆော့လော်၊ ချီဖွေ၊ ဆဒုံး၊ပန်ဝါ၊ ကန်ပိုင်တီမြို့တို့နှင့်ဆက်စပ်နေပြီး တရုတ်နိုင်ငံနှင့်ကုန်သွယ်‌ရေးလမ်းကြောင်းပေါ်တွင်ရှိသည်။

စစ်ကောင်စီသည် လပေါင်းများစွာလက်လွှတ်ထားရသည့်ဖားကန့်ကျောက်စိမ်းဒေသကိုလည်း စစ်ကြောင်းထိုးရန် ပြီးခဲ့သည့် ဧပြီလမှစ၍ ကြိုးပမ်းခဲ့သည်။ စစ်ကောင်စီ၊ ရှမ်းနီ(SNA)နှင့်ပြည်သူ့စစ်ပူးပေါင်းအဖွဲ့များသည်မေလ ၂၇ရက်တွင် လုံးခင်းဒေသကို ရောက်လာပြီးမေလ ၃၀ရက်၌ ဖားကန့်သို့ရောက်ရှိနေသည်။

ဖားကန့်သို့မရောက်မီမေလ ၂၈ရက်တွင် KIA၊PDF ကတိုက်ခိုက်ခဲ့သည်။ ဆက်လက်တိုက်ခိုက်ပါက လုံးခင်း‌ဒေသအား လေကြောင်းမှ ဗုံးကြဲပြီး မီးရှို့ဖျက်ဆီးမည်ဟု ခြိမ်းခြောက်ကာ ဖားကန့်သို့ဆက်ထွက်ခဲ့ခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ ဒီကနေ့ ဇူလိုင် ၃၀ မနက်ကစတင်ပြီး တိုက်ပွဲတွေ ပြင်းထန်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်နဲ့ စစ်ကိုင်းတိုင်းအစပ် အင်းတော်ဒေသမှာလည်း တိုက်ပွဲတွေဆက်ဖြစ်နေကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ကချင်ပြည်နယ်၊ရွှေကူမြို့နယ်ထဲမှာ တိုက်ပွဲတွေဆက်တိုက်ဖြစ်ပွားနေပြီး မြို့ထဲက အာဏာသိမ်းစစ်‌တပ်ရဲ့စခန်းတွေ KIA နဲ့ KPDF တို့က တိုက်ခိုက်တဲ့အတွက် စစ်တပ်သေဆုံးထိခိုက်မှုတွေရှိတယ်လို့ မြို့ခံတွေကပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ်မှာ တိုက်ပွဲတွေ နေ့စဉ်ဖြစ်ပွားနေတယ်လို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIO/KIA) သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။