Connect with us

Hi, what are you looking for?

သတင်း

လက်နက်စက်ရုံများအား ကွပ်ကဲသည့်စစ်ကောင်စီအရာရှိများကို ဒဏ်ခတ်ပိတ်ဆို့ပြီး အမည်ပျက်စာရင်းကြေညာရန် တမာအင်စတီကျူ့ တောင်းဆို

စစ်အုပ်စုအတွက် လက်နက်ပံ့ပိုးပေးသူများအပြင် ရက်စက်ကြမ်းကြုတ်မှုများလည်း အားပေးကူညီသူများဖြစ်ဟု ဖော်ပြ

စစ်ကောင်စီ​၏ ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးအရာရှိချုပ် ဒုဗိုလ်ချုပ်ကြီး ကံမြင့်သန်းအား တွေ့ရစဉ်။ ဓာတ်ပုံ - SAC

မေ ၃၁၊၂၀၂၅။ထားမြတ်/People’s Spring

စစ်အုပ်စု၏ ကာကွယ်ရေးပစ္စည်းစက်ရုံများသည် လက်နက်ပံ့ပိုးပေးသူများဖြစ်သည်သာမက ရက်စက်ကြမ်းကြုတ်မှုများကိုလည်း အားပေးကူညီသူများဖြစ်၍ အဆိုပါ လက်နက်စက်ရုံများအား ကွပ်ကဲသည့်အရာရှိများကို ဒဏ်ခတ်ပိတ်ဆို့ပြီး အမည်ပျက်စာရင်း ကြေညာရန် တမာအင်စတီကျူ့က မေလ ၃၀ရက်တွင် အစီရင်ခံစာ ထုတ်ပြန်တောင်းဆိုလိုက်သည်။

မြန်မာနိုင်ငံ၏ ပြည်တွင်းလက်နက်ထုတ်လုပ်မှု၏ နောက်ကွယ်က အဓိကတာဝန်ရှိသူများကို မီးမောင်းထိုးပြ ထားသည့် “သေနတ်များနောက်ကွယ်မှသွေးစွန်းလက်များ၊ မြန်မာစစ်တပ်၏ လက်နက်ထုတ်သူများ အားဖော်ထုတ်ခြင်း”အမည်ရှိ အစီရင်ခံစာတွင် မြန်မာစစ်တပ်၏ လက်နက်စက်ရုံများအားကွပ်ကဲသည့် အရာရှိကြီးများ၏ အမည်စာရင်းကိုပါ ပူးတွဲထုတ်ပြန် အသိပေးခဲ့သည်။

စစ်တပ်၏ နိုင်ငံတကာ ရာဇဝတ်မှုများတွင် အသုံးပြုလျက်ရှိသော ကျည်ဆံ၊ ဗုံး၊ ဒုံးကျည် အစရှိသည့် စစ်လက်နက်ပစ္စည်းများကို ကကထုတ်၏ လက်အောက်ခံကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးစက်ရုံ (ကပစ)များတွင် ထုတ်လုပ်နေခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေး အရာရှိချုပ်ရုံး ခေါင်းဆောင်များ၏ အမည်စာရင်းတွင် ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးအရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး ကံမြင့်သန်း၊ ဒုတိယ ကာကွယ်ရေးပစ္စည်း ထုတ်လုပ်ရေး အရာရှိချုပ်များဖြစ်သည့် ဗိုလ်ချုပ်ကိုကိုလွင်နှင့် ဗိုလ်ချုပ် မျိုးအောင်တို့၏ အမည်စာရင်းများအပြင် ကာကွယ်ရေးပစ္စည်း စက်ရုံ ၂၅ ခုမှ စက်ရုံမှူးများ၏ အမည်စာရင်းများကို ဖော်ပြခဲ့သည်။

ဥရောပသမဂ္ဂနှင့် ဩစတြေးလျနိုင်ငံတိုအနေဖြင့် အမေရိကန်ပြည်ထောင်စု၊ ယူကေနှင့် ကနေဒါနိုင်ငံများနည်းတူ ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးအရာရှိချုပ်ရုံး (ကကထုတ်)အပေါ် ဒဏ်ခတ်ပိတ်ဆိုမှု များ ချမှတ်ရန် တမာအင်စတီကျု့က တောင်းဆိုကြောင်း ဖော်ပြသည်။

ထိုအပြင် နိုင်ငံတကာအစိုးရများအနေဖြင့် ကကထုတ် ထိပ်ပိုင်းခေါင်းဆောင်များနှင့် စက်ရုံမှူးများအပေါ် ဒဏ်ခတ်ပိတ်ဆိုမှုများ ချမှတ်ရန်လည်း တမာအင်စတီကျု့က တောင်းဆိုသည်။

အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့်လည်း ယခု အစီရင်ခံစာတွင် ဖော်ထုတ်ထားသည့် ကကထုတ် ထိပ်ပိုင်းခေါင်းဆောင်များနှင့် စက်ရုံမှူးများအား အမည်ပျက်စာရင်းသွင်းကြေညာရန် တောင်းဆိုခဲ့သည်။

” ကကထုတ်အောက်ရှိ စစ်လက်နက်ထုတ်လုပ်သူများသည် သေနတ်ခလုတ်၊ ဗုံးခလုတ်များအား ဆွဲဖြုတ်သူများ မဟုတ်သည့်တိုင် စစ်အုပ်စုက ရက်စက်ကြမ်းကြုတ်သော အကြမ်းဖက်မှုများကို ဆက်လက်ကျူးလွန်နိုင်အောင် အား ပေးကူညီနေသူများဖြစ်သည်မှာ မလွဲဧကန်ပင်ဖြစ်သည်။ သိုဖြစ်၍ ၎င်းတိုသည် နိုင်ငံတကာရာဇဝတ် မှုများတွင် အားပေးကူညီခြင်းနှင့် ကိုယ်တိုင်တိုက်ရိုက် ပါဝင်ကျူးလွန်ခြင်းတိုအတွက် မဖြစ်မနေ တာဝန်ခံရမည် ဖြစ်သည်”ဟု တမာအင်စတီကျူ့က ထုတ်ပြန်သည့် အစီရင်ခံစာ၌ ဖော်ပြထားသည်။

ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးအရာရှိချုပ်ရုံး (ကကထုတ်)၏ အရာရှိချုပ်၊ ဒုတိယအရာရှိချုပ်နှစ်ဦးနှင့် ကာကွယ်ရေးပစ္စည်းထုတ်စက်ရုံ ၂၅ ရုံမှ စက်ရုံမှူးများသည် မြန်မာစစ်တပ်က ၂၀၁၇တွင် ကျူးလွန်ခဲ့သော ရိုဟင်ဂျာများအပေါ်လူမျိုးတုန်းသတ်ဖြတ်မှုနှင့် ၂၀၂၁ အာဏာသိမ်းကြိုးပမ်းမှုနောက် ကျူးလွန်ခဲ့သော ရက်စက်ကြမ်းကြုတ်သော အကြမ်းဖက် မှုကြီးများ အပါအဝင် စစ်တပ်၏ နိုင်ငံတကာရာဇဝတ်မှုများကို အားပေးကူညီနေဟု အစီရင်ခံစာ၌ ပါရှိသည်။

အစီရင်ခံစာတွင်ဖော်ပြထားသည့်

ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးစက်ရုံ (ကပစ) စက်ရုံမှူးများမှာ အမှတ် (၁)ကာကွယ်ရေးပစ္စည်းစက်ရုံ-ကပစ(၁)စက်ရုံမှူးဗိုလ်မှူးကြီးဇော်မျိုးမင်း၊ ကပစ(၂)စက်ရုံမှူးဗိုလ်မှူးကြီးလှသိန်း၊ ကပစ(၃)စက်ရုံမှူးဗိုလ်မှူးကြီးမောင်စိုး၊ ကပစ(၄) စက်ရုံမှူး ဒုတိယဗိုလ်မှူးကြီးဇော်မင်းထွန်း၊ ကပစ(၅)စက်ရုံမှူး ဗိုလ်မှူးချုပ်ထွေးလှ၊ ကပစ(၆)စက်ရုံမှူးဗိုလ်မှူးကြီးတိုးလွင်၊

ကပစ(၇)စက်ရုံမှူး ဗိုလ်မှူးကြီးထွန်းထွန်းစိုး၊ ကပစ(၈)စက်ရုံမှူးဗိုလ်မှူးကြီးမင်းစိုး၊ ကပစ(၉) စက်ရုံမှူးဗိုလ်မှူးကြီးတင်မောင်ချို၊ ကပစ(၁၀) စက်ရုံမှူး ဗိုလ်မှူးကြီးရွှေမြတို့ ဖြစ်သည်။

ထို့အပြင် ကပစ(၁၁) စက်ရုံမှူးဗိုလ်မှူးကြီးမင်းမင်းဇော်၊ ကပစ(၁၂) စက်ရုံမှူး ဗိုလ်မှူးကြီးနိုင်အောင်၊ ကပစ(၁၃) စက်ရုံမှူး ဗိုလ်မှူးကြီးထွန်းထွန်းအေး၊ ကပစ(၁၄) စက်ရုံမှူး ဗိုလ်မှူးကြီးရဲဇော်ထွေး၊ ကပစ(၁၅) စက်ရုံမှူး ဗိုလ်မှူးကြီးဝင်းမြင့်မောင်၊ ကပစ(၁၆)စက်ရုံမှူး ဗိုလ်မှူးကြီးဇော်ထွန်းဦး၊ကပစ(၁၇)စက်ရုံမှူး ဗိုလ်မှူးကြီးသိန်းလွင်၊ ကပစ(၁၈) စက်ရုံမှူး ဗိုလ်မှူးကြီးဇော်မျိုးနိုင်၊ ကပစ(၁၉) စက်ရုံမှူးဒုတိယဗိုလ်မှူးကြီးအောင်ထွေး၊ ကပစ(၂၀) စက်ရုံမှူးဗိုလ်မှူးကြီးသက်ဝင်းအောင်၊ ကပစ(၂၁)စက်ရုံမှူး

ဗိုလ်မှူးကြီးညီညီလတ်၊ကပစ(၂၂)စက်ရုံမှူး ဒုတိယဗိုလ်မှူးမြတ်သူ၊ကပစ(၂၃)စက်ရုံမှူးဗိုလ်မှူးကြီးတိုးလွင် ၊ ကပစ(၂၄)စက်ရုံမှူး

ဗိုလ်မှူးကြီးအောင်ကိုကို နှင့် ကပစ(၂၅) စက်ရုံမှူး ဗိုလ်မှူးကြီးရန်အေးတို့၏ အမည်စာရင်းများလည်း ဖော်ပြထားသည်။

ယခင်က ထုံးစံအားဖြင့် စစ်လက်နက်ထုတ်လုပ်ရေးအတွက်အဓိက တာဝန်ယူခဲ့သော ကပစ စက်ရုံ များသည် ၂၀၂၁အာဏာသိမ်းကြိုးပမ်းမှု နောက်တွင် အခန်းကဏ္ဍများ ထပ်တိုး တာဝန်ယူခဲ့ကြကြောင်း၊ ခုခံတော်လှန်မှုများကို မြန်မာနိုင်ငံ နေရာအနှံ့ ရင်ဆိုင်လာရချိန် စစ်အုပ်စုသည် ကပစမှ စစ်သည်များကို ရှေ့တန်းစစ်မြေပြင်နှင့် နယ်မြေရှင်းလင်းရေး၊ လုံခြုံရေးတိုတွင် အသုံးပြုလာပြီး၊ ၎င်းတို့သည် အရပ်သားပြည်သူများအား ညှဉ်းပန်းနှိပ်စက်ခြင်း၊ သတ်ဖြတ်ခြင်းနှင့် ကျေးရွာများအပေါ် လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းအပါအဝင် ဆိုးရွားသော ရာဇဝတ်မှုများကို ကျူးလွန်မှုများတွင် ပါဝင်ကြကြောင်း ဖော်ပြသည်။

ကပစ စက်ရုံမှူးအချို့သည် စစ်တပ်၏ တပ်နယ်မှူးများအဖြစ် တာဝန်ယူကြပြီး သက်ဆိုင်ရာတပ်နယ်အတွင်း လုံခြုံရေးဆိုင်ရာကိစ္စရပ်များကို အပြည့်အဝ ထိန်းချုပ်ခွင့်အာဏာရရှိကြသည်ဟု ဆိုသည်။

ထိုအပြင် စက်ရုံမှူးများလက်အောက်ရှိ ကပစအရာရှိကြီးအချိုသည် စစ်အုပ်စုဖိနှိပ်ရေးယန္တရား၏ အခြေခံအကျဆုံး ယူနစ်များဖြစ်ကြသည့် ခရိုင်နှင့် မြိုနယ်အုပ်ချုပ်ရေးကောင်စီ များတွင် အဖွဲဝင် (၁)အဖြစ်လည်း တာဝန်ယူကြသည်။

ထို့ကြောင့် ကပစစက်ရုံမှူးများနှင့် အရာရှိကြီးများသည် စစ်အုပ်စု၏ ရာဇဝတ်မှုများကို အထောက်အကူပြုသူများသာမက ရာဇဝတ်မှုများကို တိုက်ရိုက်ကျူးလွန်သူများလည်းဖြစ်ပြီး နှိပ်စက်ညှင်းပန်းမှုများ၊ သတ်ဖြတ်မှုများ၊ တရားမဲ့ဖမ်းဆီးမှုများနှင့် အတင်းအကျပ်စစ်သားစုဆောင်းများစသည့် ရာဇဝတ်မှုများအတွက် တာဝန်ယူရှိသူများလည်း ဖြစ်ကြဟု အစီရင်ခံစာက ဆိုသည်။

စစ်လက်နက်ထုတ်လုပ်ရေးတွင် ပါဝင်နေကြသည့် စစ်အင်ဂျင်နီယာကြီးများကို စစ် ခေါင်းဆောင် မင်းအောင်လှိုင်က နိုင်ငံတော်နှင့် စစ်ဘက်ဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ပေးအပ်၍ စစ် အုပ်စု၏ ရက်စက်ကြမ်းကြုတ်သော အကြမ်းဖက်မှုများတွင် ပါဝင်နေသည့် ၎င်းတို၏ အခန်းကဏ္ဍကို ဂုဏ်ပြုအလေးထားကြောင်း ပြသခဲ့ဟု ဖော်ပြသည်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။

သတင်း

ကျော်သောင်း ဆိုသူက ကျောက်စိမ်းမြေ ဖားကန့်ကို လှုပ်လှုပ်ရှားရှားဖြစ်သွားစေပါတယ်။စစ်တပ်ရဲ့ အကြိးစား ဒေါက်တိုင်လက်နက်ပွဲစား စီးပွားရေးလုပ်ငန်းရှင် ခရိုနီ ဂျော်နသန်ကျော်သောင်းမဟုတ်ပါ။ ဖားကန့်မြို့က နာမည်ကြီးပြည့်တန်ဆာလုပ်ငန်းရှင် ကျော်သောင်းဆိုသူဖြစ်ပါတယ်။