Connect with us

Hi, what are you looking for?

သတင်း

မန္တလေးမြေပြင်သပိတ်ဦးဆောင်ခဲ့သူ ခွန်စိုင်း ကျဆုံး

မန္တလေးမြို့ မြေပြင်သပိတ်တွေမှာ ဦးဆောင်ပါဝင်ခဲ့ပြီး လက်နက်ကိုင်တော်လှန်ရေးကို အစောဆုံးကူးပြောင်းခဲ့သူ ရတနာပုံတော်လှန်ရေးတပ်ဖွဲ့မှ တပ်မှူးခွန်စိုင်း(ခ)ဗိုလ်ဒေါင်း ကျဆုံးခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။

ရှေ့တန်းမှာ ကျဆုံးခဲ့သူ တပ်မှူးခွန်စိုင်း

မေ-၃၁၊ ၂၀၂၅။ People’s Spring

မန္တလေးမြို့ မြေပြင်သပိတ်တွေမှာ ဦးဆောင်ပါဝင်ခဲ့ပြီး လက်နက်ကိုင်တော်လှန်ရေးကို အစောဆုံးကူးပြောင်းခဲ့သူ ရတနာပုံတော်လှန်ရေးတပ်ဖွဲ့မှ တပ်မှူးခွန်စိုင်း(ခ)ဗိုလ်ဒေါင်း ကျဆုံးခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။

မေလ ၂၈ရက်က စစ်ကောင်စီကို ရင်ဆိုင်တိုက်ခိုက်ရင်း တိုက်ပွဲတွင်း ရှေ့တန်းတနေရာမှာ ကျဆုံးခဲ့တာလို့ သိရပါတယ်။

“ မန္တလေးမြို့ပေါ် ပျောက်ကြားသပိတ်တွေမှာ ဦး ဆောင်ပါခဲ့တယ်။ လက်နက်ကိုင် တော်လှန်ရေးကို ပြောင်းတဲ့အချိန်မှာလည်း သူကအစောဆုံးလို့တောင် ပြောလို့ရတယ်။ ၂၀၂၁ ဧပြီလလောက်မှာ သင်တန်းတက်ပြီးနေပြီ။ ၂၀၂၂လောက်အထိ မြို့ပေါ်မှာ UGလုပ်ခဲ့တယ်။ တော်လှန်ရေးသိက္ခာက အသက်ထက် အရေးကြီးတယ်လို့ ပြောပြီး သူနောက်ဆုံးအထိ သက်သေပြသွားခဲ့တယ်” လို့ တော်လှန်ရေး ရဲဘော်တစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

တပ်မှူးခွန်စိုင်း ကျဆုံးချိန်မှာ အသက်၂၂နှစ်ရှိပြီလို့သိရပါတယ်။ သူကျဆုံးခဲ့တဲ့ တိုက်ပွဲအကြောင်းကိုတော့ လတ်တလော အခြေအနေရ ထုတ်ပြန်လို့ မရသေးဘူးလို့ နီးစပ်သူတွေက ပြောပါတယ်။

တပ်မှူးခွန်စိုင်းရဲ့ နာရေးကို ​မေလ ၃၁ ရက်​နေ့မှာ ပြုလုပ်ခဲ့တယ်လို့သိရပါတယ်။

ဆက်စပ်သတင်းများ

Facebook