Connect with us

Hi, what are you looking for?

သတင်း

မန္တလေးမှာ စစ်မှုထမ်းစာရင်းပါသူအကို ကိုမတွေ့လို့ အသက်မပြည့်သေးတဲ့ညီဖြစ်သူကိုခေါ်သွား

မန္တလေးတိုင်း ၊ ပြည်ကြီးတံခွန်မြို့နယ်မှာ စစ်မှုထမ်းစာရင်းပါသူ အကို ကို မတွေ့လို့ အသက်မပြည့်သေးတဲ့ ညီဖြစ်သူကို စစ်ကောင်စီ ရဲ့ရပ်ကွက်အုပ်ချုပ်ရေးပိုင်းက မနေ့ (မေလ ၃၁) ရက်ညပိုင်းမှာ ခေါ်ယူသွားတယ်လို့ ရပ်ကွက်မှာနေထိုင်သူတွေထံကသိရပါတယ်။

ပြီးခဲ့တဲ့ မတ်လအတွင်းစစ်မှုထမ်း စာရင်းပါသူတွေ မဲလာနှိုက်ဖို့ စစ်ကောင်စီလက်အောက်ခံအုပ်ချုပ်ရေးပိုင်းနဲ့ ပျုစောထီးတွေ အသံချဲ့စက်နဲ့ လိုက်လံဖိအားပေးကြေညာနေပုံ

ဇွန် – ၁၊ ၂၀၂၅၊ ဆိုင်းမင်း/People’s Spring

မန္တလေးတိုင်း ၊ ပြည်ကြီးတံခွန်မြို့နယ်မှာ စစ်မှုထမ်းစာရင်းပါသူ အကို ကို မတွေ့လို့ အသက်မပြည့်သေးတဲ့ ညီဖြစ်သူကို စစ်ကောင်စီ ရဲ့ရပ်ကွက်အုပ်ချုပ်ရေးပိုင်းက မနေ့ (မေလ ၃၁) ရက်ညပိုင်းမှာ ခေါ်ယူသွားတယ်လို့ ရပ်ကွက်မှာနေထိုင်သူတွေထံကသိရပါတယ်။

အဲဒီဖြစ်စဉ် ဟာ ပြည်ကြီးတံခွန်မြို့နယ် ၊ စက်မှု (၁) ရပ်ကွက်မှာ ဖြစ်ခဲ့တာပါ။

မနေ့ညပိုင်း ၉ နာရီခန့်က ရပ်ကွက် အုပ်ချုပ်ရေးမှုး ၊ ပြည်သူ့စစ် ခေါ် ပျုစောထီးတွေ နဲ့ စစ်သားတွေက စစ်မှုထမ်း စာရင်းပါသူ လူငယ်ကို နေအိမ်မှာလာရောက်ရှာဖွေခဲ့တာလို့သိရပါတယ်။

Public Service Announcement

Public Service Announcement

” အိမ်ကိုလိုက်လာတာ နာမည်စာရင်းပါတဲ့ကောင်လေးက ကြောက်ကြောက်လန့်လန့်နဲ့ပြေးတာပေါ့” လို့ ဖြစ်စဉ်ကိုသိတဲ့ရပ်ကွက်နေ ပြည်သူတစ်ဦးက ပြောပါတယ်။

စစ်မှုထမ်းစာရင်းမှာပါတဲ့ လူငယ်ဟာ အသက် ၂၀ ခန့်ရှိပြီဖြစ်ပြီး သူ့ကိုမတွေ့တာကြောင့် အသက်မပြည့်သေးတဲ့ ညီဖြစ်သူကို ခေါ်သွားတယ်လို့ သိရပါတယ်။ အဲဒီကလေးကတော့အသက် ၁၄ နှစ် ဝန်းကျင်ပဲ ရှိတယ်ဆိုတာကို ရပ်ကွက်နေသူတွေထံက တဆင့်သိရပါတယ်။

ပြည်ကြီးတံခွန်မြို့နယ်ထဲမှာ စစ်တပ်လက်ဝေခံ ပျုစောထီးတွေက လူငယ်တွေကို စစ်မှုထမ်းအတွက် ရှာဖွေတာ ၊ဖမ်းဆီးတာတွေကို ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့တွေနဲ့ ပူးပေါင်း လုပ်ကိုင်နေတာလို့ မြို့ခံတွေက ပြောပြပါတယ်။

ရပ်ကွက်မှာ လူငယ်တွေ ရှိတဲ့ နေအိမ်တွေကို စောင့်ကြည့်တာမျိုးရှိသလို ဧည့်စာရင်း မကြာခဏ ဝင်ရောက်စစ်ဆေးလေ့ရှိတယ်လို့လည်းမြို့ခံတွေဆီက သိရပါတယ်။

လက်ရှိ မန္တလေးမှာ စစ်ကောင်စီ ရဲ့ အုပ်ချုပ်ရေးပိုင်းက လာမယ့် စစ်မှုထမ်းအပတ်စဉ် (၁၄) အတွက် လူအင်အားစုဆောင်းရှာဖွေတာတွေပြုလုပ်နေပါတယ်။

စစ်မှုထမ်းအပတ်စဉ် (၁၃ ) ကိုတော့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် အခြေစိုက်ရာ မန္တလေးနန်းတွင်းမှာ ပြီးခဲ့တဲ့ မေလ ၁၉ ရက်က ပြုလုပ်ခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့ပေါ်မှာ သောင်းကျန်းနေတဲ့ ပျူစောထီးတပည့်တွေကို သူ့နာမည်မသုံးဖို့ ပျူစောထီးခေါင်းဆောင် ပေါက်ကိုယ်တော်က တားမြစ်လိုက်ပါတယ်။

သတင်း

မန္တလေးမြို့၊ ကျောက်တော်ကြီးဘုရားပွဲမှာ ဆိုင်ခန်းခတွေ စျေးအဆမတန် မြင့်တက်သွားလို့ စျေးသည်တွေ အခက်အခဲတွေ့နေပါတယ်။

သတင်း

မန္တလေးမြို့၊ချမ်းမြသာစည်မြို့နယ်၊ကန်တော်ကြီးကန်ပတ်လမ်းမှာအမျိုး သားတစ်ဦးရဲ့ ရုပ်အလောင်းကို မနေ့ ( စက်တင်ဘာလ ၁၈ ရက်) နေ့ခင်းပိုင်းက မြို့ခံတွေ တွေ့ရှိခဲ့တယ်လို့ လူမူကူညီရေး လုပ်ကိုင်သူအချို့ဆီကသိရပါတယ်။

သတင်း

ပေါ်တာစွဲခံထားရပြီး မန္တလေးနန်းတွင်းမှာ ချုပ်နှောင်ခံထားရတဲ့ လူငယ်တွေကို ပုသိမ်ကြီးနယ်က ခလရ(၁၁၆)နဲ့ (၁၁၉)တပ်ရင်းကို ပို့လိုက်ပြီလို့ မြို့ခံတွေက ပြောပါတယ်။

Facebook