Connect with us

Hi, what are you looking for?

သတင်း

လူ​သေဆုံးထိခိုက်​စေ​သောဖားကန့် ပေါက်ကွဲမှု စစ်တပ်ကအသေခံဒရုန်းဖြင့်ဖောက်ခွဲခြင်းဟု​ဒေသခံသတင်းရင်းမြစ်အချို့​ပြော

ဖားကန်မြို့နယ်၊ မှော်စီစာကျေးရွာရှိ ကျောက်စိမ်းတူးဖော်ရေးလုပ်ကွက်တစ်ခုအတွင်း လူထိခိုက်သေဆုံးမှုများပြားသည့် ပြင်းထန်သော ပေါက်ကွဲမှုတစ်ခုဖြစ်ခဲ့ပြီး စစ်ကောင်စီက အသေခံဒရုန်းဖြင့်ဖောက်ခွဲခြင်းဟု ​ဒေသခံသတင်းရင်းမြစ်အချို့ကပြောသည်။

​ပေါက်ကွဲမှုဖြစ်ပွား​နေစဥ်။ဓါတ်ပုံ-CJ

ဇွန်-၃၊၂၀၂၅။ယောနသံ/People’s Spring

ဖားကန်မြို့နယ်၊ မှော်စီစာကျေးရွာရှိ ကျောက်စိမ်းတူးဖော်ရေးလုပ်ကွက်တစ်ခုအတွင်း လူထိခိုက်သေဆုံးမှုများပြားသည့် ပြင်းထန်သော ပေါက်ကွဲမှုတစ်ခုဖြစ်ခဲ့ပြီး စစ်ကောင်စီက အသေခံဒရုန်းဖြင့်ဖောက်ခွဲခြင်းဟု ​ဒေသခံသတင်းရင်းမြစ်အချို့ကပြောသည်။

မှော်စီစာကျေးရွာတင်အောင်ကြိုင်လုပ်ကွက်အမည်ရကျောက်စိမ်းတူးဖော်ရေးလုပ်ကွက်အတွင်း ယနေ့(ဇွန်လ ၃ရက်) နေ့လယ်၁နာရီ​ကျော်တွင် ပေါက်ကွဲမှုဖြစ်ပွားခြင်းဖြစ်သည်။

လူ၃၀ဦးထက်မနည်းထိခိုက်ခဲ့ပြီးသေဆုံးသူများလည်းရှိကြောင်း ဒေသခံသတင်းရင်းမြစ်ကပြောသည်။ သေဆုံးသူနှင့် ဒဏ်ရာရသူများကို လူမှုကူညီရဲ့အဖွဲ့များကသွားရောက်သယ်ဆောင်ခဲ့ပြီး ဆေးကုသနိုင် ရေးဆောင်ရွက်နေသည်။ထိခိုက်သေဆုံးမှုအရေအတွက်အ​သေးစိပ်ကိုမူမသိရသေးပေ။

Public Service Announcement

Public Service Announcement

လတ်တလောရရှိထားသောသတင်းများအရ ၂ဦးသေဆုံးပြီး ဆယ်ဦးကျော် ဒဏ်ရာရရှိခဲ့သည်ဟု လူမှုကူညီရေးအသင်းတာဝန်ရှိသူတစ်ဦးကပြောသည်။

“ကုမ္ပဏီကယမ်းဂိုဒေါင်ထပေါက်ကွဲတယ်ဆိုပြီး သတင်းတွေတက်နေတယ်။တကယ်ကစစ်တပ်ကအသေခံဒရုန်းနဲ့ပစ်သွားတာပါ။ ဒါကရိုးရိုးတန်းတန်းဖြစ်စဉ်မဟုတ်ပါဘူး” ဟု ဒေသခံသတင်းရင်းမြစ်တစ်ဦးကပြောသည်။

ပေါက်ကွဲမှုဖြစ်စဉ်အသေးစိတ်ကိုမည်သူကမျှတိတိကျကျပြောနိုင်ခြင်းမရှိသေးပေ။ အလွန်ကျယ်လောင်ပြီးပြင်းထန်သည့်ပေါက်ကွဲသံကြောင့်ဒေသခံများထွက်ပြေးခဲ့ကြပြီး ကျောင်းများလည်းအရေးပေါ်ပိတ်ကာကလေးငယ်များအားမိဘများက အပြေးအလွှားသွားရောက်ခေါ်ဆောင်ခဲ့ကြသည်။

အဆိုပါကွဲမှုအကြောင်းရင်းကိုမသိရသေးဘဲစုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်းကချင်လွတ်လပ်ရေးတပ်မတော်(KIA)က သတင်းပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

https://www.facebook.com/LuduNwayOo/videos/683269731229058

စစ်ကောင်စီ၏ဝါဒဖြန့်ချိရေးတယ်လီဂရမ်ချန်နယ်များတွင်အထက်ပါပေါက်ကွဲမှုအပေါ် ဝမ်းသာကြောင်းရေးသားမှုများရှိနေသည်။ဖားကန့်သို့ရောက်ရှိနေသည့်စစ်ကောင်စီစစ်ကြောင်းသည်ဇွန် ၃ ရက် နံနက် ၈ နာရီ ၄၅ မိနစ်ခန့်က မှောင်စီဆာလုပ်ကွက်ရှိ ကျောက်စိမ်းကုမ္ပဏီပိုင်တစ်ခုပိုင် မြေသယ်ကား ၂ စီး၊ ဘက်ဟိုးကား ၁ စီးတို့ကိုမီးရှို့ဖျက်ဆီးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ဩဂုတ်လ၁ရက် မနက်၉နာရီခွဲခန့်က ဖားကန့်မြို့၊ လုံးခင်းဆေးရုံကုန်းအနီးမှာအိမ်တစ်အိမ် ဓားပြတိုက်ခံနေရတာကိုသတင်းရတဲ့KIAနဲ့ KPDFကပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

သတင်း

မိုးတွင်းကာလ ရေဘေးဆက်တိုက်ရင်ဆိုင်နေရတဲ့ ဖားကန့်မှာ ဇူလိုင်လ ၁၉ရက်ကစတဲ့ ရေ ဘေးကြောင့် လမ်းနဲ့အိမ် ပျက်စီးမှုတွေများပြားခဲ့ပြီး ဒေသခံတွေအခက်အခဲကြုံတွေ့နေပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ ဒေသခံတွေ ယခုရက်ပိုင်း ရင်ဆိုင်နေရတဲ့ရေဘေးကြောင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)နဲ့ KPDF က စစ်ရေးလှုပ်ရှားမှုရပ်နားထားပေမယ့်စစ်တပ်ကဒီကနေ့ ညနေပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲပြီး စက်သေနတ်နဲ့ပါ ပစ်ခတ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။