Connect with us

Hi, what are you looking for?

သတင်း

လူ​သေဆုံးထိခိုက်​စေ​သောဖားကန့် ပေါက်ကွဲမှု စစ်တပ်ကအသေခံဒရုန်းဖြင့်ဖောက်ခွဲခြင်းဟု​ဒေသခံသတင်းရင်းမြစ်အချို့​ပြော

ဖားကန်မြို့နယ်၊ မှော်စီစာကျေးရွာရှိ ကျောက်စိမ်းတူးဖော်ရေးလုပ်ကွက်တစ်ခုအတွင်း လူထိခိုက်သေဆုံးမှုများပြားသည့် ပြင်းထန်သော ပေါက်ကွဲမှုတစ်ခုဖြစ်ခဲ့ပြီး စစ်ကောင်စီက အသေခံဒရုန်းဖြင့်ဖောက်ခွဲခြင်းဟု ​ဒေသခံသတင်းရင်းမြစ်အချို့ကပြောသည်။

​ပေါက်ကွဲမှုဖြစ်ပွား​နေစဥ်။ဓါတ်ပုံ-CJ

ဇွန်-၃၊၂၀၂၅။ယောနသံ/People’s Spring

ဖားကန်မြို့နယ်၊ မှော်စီစာကျေးရွာရှိ ကျောက်စိမ်းတူးဖော်ရေးလုပ်ကွက်တစ်ခုအတွင်း လူထိခိုက်သေဆုံးမှုများပြားသည့် ပြင်းထန်သော ပေါက်ကွဲမှုတစ်ခုဖြစ်ခဲ့ပြီး စစ်ကောင်စီက အသေခံဒရုန်းဖြင့်ဖောက်ခွဲခြင်းဟု ​ဒေသခံသတင်းရင်းမြစ်အချို့ကပြောသည်။

မှော်စီစာကျေးရွာတင်အောင်ကြိုင်လုပ်ကွက်အမည်ရကျောက်စိမ်းတူးဖော်ရေးလုပ်ကွက်အတွင်း ယနေ့(ဇွန်လ ၃ရက်) နေ့လယ်၁နာရီ​ကျော်တွင် ပေါက်ကွဲမှုဖြစ်ပွားခြင်းဖြစ်သည်။

လူ၃၀ဦးထက်မနည်းထိခိုက်ခဲ့ပြီးသေဆုံးသူများလည်းရှိကြောင်း ဒေသခံသတင်းရင်းမြစ်ကပြောသည်။ သေဆုံးသူနှင့် ဒဏ်ရာရသူများကို လူမှုကူညီရဲ့အဖွဲ့များကသွားရောက်သယ်ဆောင်ခဲ့ပြီး ဆေးကုသနိုင် ရေးဆောင်ရွက်နေသည်။ထိခိုက်သေဆုံးမှုအရေအတွက်အ​သေးစိပ်ကိုမူမသိရသေးပေ။

Public Service Announcement

Public Service Announcement

လတ်တလောရရှိထားသောသတင်းများအရ ၂ဦးသေဆုံးပြီး ဆယ်ဦးကျော် ဒဏ်ရာရရှိခဲ့သည်ဟု လူမှုကူညီရေးအသင်းတာဝန်ရှိသူတစ်ဦးကပြောသည်။

“ကုမ္ပဏီကယမ်းဂိုဒေါင်ထပေါက်ကွဲတယ်ဆိုပြီး သတင်းတွေတက်နေတယ်။တကယ်ကစစ်တပ်ကအသေခံဒရုန်းနဲ့ပစ်သွားတာပါ။ ဒါကရိုးရိုးတန်းတန်းဖြစ်စဉ်မဟုတ်ပါဘူး” ဟု ဒေသခံသတင်းရင်းမြစ်တစ်ဦးကပြောသည်။

ပေါက်ကွဲမှုဖြစ်စဉ်အသေးစိတ်ကိုမည်သူကမျှတိတိကျကျပြောနိုင်ခြင်းမရှိသေးပေ။ အလွန်ကျယ်လောင်ပြီးပြင်းထန်သည့်ပေါက်ကွဲသံကြောင့်ဒေသခံများထွက်ပြေးခဲ့ကြပြီး ကျောင်းများလည်းအရေးပေါ်ပိတ်ကာကလေးငယ်များအားမိဘများက အပြေးအလွှားသွားရောက်ခေါ်ဆောင်ခဲ့ကြသည်။

အဆိုပါကွဲမှုအကြောင်းရင်းကိုမသိရသေးဘဲစုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်းကချင်လွတ်လပ်ရေးတပ်မတော်(KIA)က သတင်းပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

စစ်ကောင်စီ၏ဝါဒဖြန့်ချိရေးတယ်လီဂရမ်ချန်နယ်များတွင်အထက်ပါပေါက်ကွဲမှုအပေါ် ဝမ်းသာကြောင်းရေးသားမှုများရှိနေသည်။ဖားကန့်သို့ရောက်ရှိနေသည့်စစ်ကောင်စီစစ်ကြောင်းသည်ဇွန် ၃ ရက် နံနက် ၈ နာရီ ၄၅ မိနစ်ခန့်က မှောင်စီဆာလုပ်ကွက်ရှိ ကျောက်စိမ်းကုမ္ပဏီပိုင်တစ်ခုပိုင် မြေသယ်ကား ၂ စီး၊ ဘက်ဟိုးကား ၁ စီးတို့ကိုမီးရှို့ဖျက်ဆီးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ဝိုင်းမော်တွင် အင်အားထောင်ချီစုစည်းကာ KIA သိမ်းပိုက်ထားသည့် ပန်ဝါ၊ ချီဖွေ၊ ကန်ပိုက်တီကို ထိုးစစ်ဆင်ရန် စစ်ကောင်စီပြင်ဆင်နေဟုဆို

သတင်း

လားရှိုးမြို့ပေါ် ရပ်ကွက်များအတွင်း PDF များရှိနေသည်ဟု ဆိုကာ စစ်ကောင်စီက လိုက်လံစစ်ဆေးနေပြီး လူငယ်သုံးဦးကိုလည်း TNLA တပ်ဖွဲ့ဝင်များဖြစ်သည်ဟုဆိုကာ ဖမ်းဆီးသွားကြောင်း ​​ဒေသခံအချို့က​ပြောသည်။

သတင်း

ပြည်သူတွေအပေါ် အကြမ်းဖက်မှုကျူးလွန်နေတဲ့ စစ်ကောင်စီအတွက် စစ်ဘက်ဆိုင်ရာကျွမ်းကျင်မှုသင်တန်းပေးနေတဲ့ ဘယ်လာရုစ်တက္ကသိုလ်တွေကို နိုင်ငံတကာပညာ‌ရေးအသိုင်းအဝိုင်းက သပိတ်မှောက်ဖို့နဲ့ ကန့်ကွက်ဖို့ Justice For Myanmar က တောင်းဆိုလိုက်သည်။