Connect with us

Hi, what are you looking for?

သတင်း

လိုင်စင်မဲ့ယာဉ် ဖမ်းဆီးမှု ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ခံ‌ဝန်ထမ်းတွေ ကင်းလွတ်ခွင့်ရဟုဆို

မန္တလေးမြို့မှာ လိုင်စင်မဲ့ကားနဲ့ ဆိုင်ကယ်ဖမ်းဆီးမှုတွေ စီမံချက်နဲ့ စတင်လုပ်ဆောင်နေပြီး ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ခံဌာနတွေက ဝန်ထမ်းတွေတော့ ကင်းလွတ်ခွင့် ပေးထားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

မန္တလေးမြို့လယ်တနေရာမှာ ဆိုင်ကယ်မောင်းနှင်သူတချို့ကို စစ်ကောင်စီရဲများက စစ်ဆေးနေစဥ်။ ဓာတ်ပုံ - စကစ

ဇွန်-၃၊ ၂၀၂၅။ People’s Spring

မန္တလေးမြို့မှာ လိုင်စင်မဲ့ကားနဲ့ ဆိုင်ကယ်ဖမ်းဆီးမှုတွေ စီမံချက်နဲ့ စတင်လုပ်ဆောင်နေပြီး ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ခံဌာနတွေက ဝန်ထမ်းတွေတော့ ကင်းလွတ်ခွင့် ပေးထားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

ဇွန်လ ၁ရက်ကစတင်ကာ လိုင်စင်မဲ့ယာဉ် ဖမ်းဆီးမှုတွေ စတင်လုပ်ဆောင်နေတာဖြစ်ပြီး မြို့တွင်းမြို့ပြင်နဲ့ မြို့အဝင်တိုးဂိတ်တွေမှာ တင်းတင်းကြပ်ကြပ် လုပ်ဆောင်နေတာလို့ သိရပါတယ်။

မန္တလေးမြို့မှာ ဇွန်လ ၁ရက်က မန္တလေး-ပြင်ဦးလွင်လမ်းမှာ အောင်ပင်လယ်တိုးဂိတ်ကနေ အုန်းချောရွာ ၁၆မိုင်ဂိတ်အထိ ယာဉ်ထိန်းရဲနဲ့ ရဲတွေ ပူးပေါင်းဖမ်းဆီးနေတာလို့ မြို့ခံတွေက ဆိုပါတယ်။ ဒါပေမဲ့ အဲဒီယာဉ်ဖမ်းဆီးမှုမှာ ယာဉ်ထိန်း၊ ရဲ၊ စစ်တပ်နဲ့ အထွေအထွေအုပ်ချုပ်ရေးမှူးရုံးက လူတွေကိုတော့ ကင်းလွတ်ခွင့်ပေးထားတယ်လို့ ဖြစ်စဥ်ကို သိရှိသူတွေက ပြောပါတယ်။

Public Service Announcement

Public Service Announcement

“တခြားဌာနက ဦးစီးမှူးကားကို ကျောက်မီးရွာနားမှာ ဖမ်းတယ်။ နောက်က စစ်တပ်ကအရာရှိ ‌‌တွေရဲ့ကား ဝစ်သောက်နှစ်စီး နောက်ကပါလာတယ်။ ဒီအတိုင်း လွှတ်ပေးလိုက်တယ်။ လွတ်တာ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ပြည်ထဲရေးလက်အောက်ခံ ဝန်ထမ်းတွေရဲ့ ကားတွေပဲရှိတယ်။ ပြည်သူတွေကျ ဆိုင်ကယ် ၅၀ CC တွေတောင် လူပါဖမ်းတာ”လို့ စစ်ကောင်စီဝန်ထမ်းတစ်ဦးက ပြောပါတယ်။

ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ခံဌာနတွေဟာ အချင်းချင်း နားလည်မှုနဲ့ ညှိုပြီး လွှတ်ပေးနေတာလို့ သူကဆက်ပြောပါတယ်။

“အဲဒီဌာနက လူတွေဆို စစ်ဆေးရေးကတ်၊ (ဝန်ထမ်းကဒ်)ထုတ်ပြရုံပဲ။ ဝန်ထမ်းချင်းတဆင့်မြင့်တဲ့ သဘောပေါ့”လို့ အဲဒီဝန်ထမ်းက ဆိုပါတယ်။

မြို့တွင်း လိုင်စင်မဲ့ယာဉ်စီးနင်းမှုဟာ စစ်ကောင်စီဝန်ထမ်း၊ ပျူစောထီး နဲ့ စစ်‌ကောင်စီနဲ့ နီးစပ်သူတွေသာ စီးနေတာလို့ မြို့ခံတွေကလည်း ပြောပါတယ်။

အခုတကြိမ် လိုင်စင်မဲ့ယာဉ်တွေ ဖမ်းဆီးမှုမှာ ယာဉ်တွေကို သိမ်းယူပြီး မောင်းနှင်သူတွေကိုပါ ဖမ်းဆီးနေပြီး ငွေကျပ် ၁သိန်းကနေ သိန်း၅၀ အထိ တောင်းယူတာတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မေလပထမအပတ်ထဲမှာ လိုင်စင်မဲ့ယာဥ်တွေကို စီမံချက်နဲ့ ဖမ်းဆီးမယ်လို့ ပြောကြားခဲ့ပြီး အခုလို ဖမ်းဆီးတာတွေ ပြုလုပ်နေတာပါ။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့ပေါ်မှာ သောင်းကျန်းနေတဲ့ ပျူစောထီးတပည့်တွေကို သူ့နာမည်မသုံးဖို့ ပျူစောထီးခေါင်းဆောင် ပေါက်ကိုယ်တော်က တားမြစ်လိုက်ပါတယ်။

သတင်း

မန္တလေးမြို့၊ ကျောက်တော်ကြီးဘုရားပွဲမှာ ဆိုင်ခန်းခတွေ စျေးအဆမတန် မြင့်တက်သွားလို့ စျေးသည်တွေ အခက်အခဲတွေ့နေပါတယ်။

သတင်း

မန္တလေးမြို့၊ချမ်းမြသာစည်မြို့နယ်၊ကန်တော်ကြီးကန်ပတ်လမ်းမှာအမျိုး သားတစ်ဦးရဲ့ ရုပ်အလောင်းကို မနေ့ ( စက်တင်ဘာလ ၁၈ ရက်) နေ့ခင်းပိုင်းက မြို့ခံတွေ တွေ့ရှိခဲ့တယ်လို့ လူမူကူညီရေး လုပ်ကိုင်သူအချို့ဆီကသိရပါတယ်။

သတင်း

ပေါ်တာစွဲခံထားရပြီး မန္တလေးနန်းတွင်းမှာ ချုပ်နှောင်ခံထားရတဲ့ လူငယ်တွေကို ပုသိမ်ကြီးနယ်က ခလရ(၁၁၆)နဲ့ (၁၁၉)တပ်ရင်းကို ပို့လိုက်ပြီလို့ မြို့ခံတွေက ပြောပါတယ်။

Facebook