Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီကို ILO ပုဒ်မ ၃၃ အရ အရေးယူနိုင်ဖို့ စစ်ကိုင်းတိုင်းမှာ ဆန္ဒပြ

စစ်ကိုင်းတိုင်းအတွင်းသပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေကဒီကနေ့(ဇွန်လ ၄)မှာစစ်အာဏာရှင်စနစ်ကိုဆန့်ကျင်​ကြောင်းနဲ့ စစ်ကောင်စီကို ILO ပုဒ်မ ၃၃ အရအရေးယူနိုင်ရေးတောင်းဆိုတဲ့ဆန္ဒပြပွဲတွေသပိတ်အဖွဲ့တွေကပြုလုပ်ခဲ့ကြပါတယ်။

ဇွန် ၄၊၂၀၂၅။ သုည/People’s Spring

စစ်ကိုင်းတိုင်းအတွင်းသပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေကဒီကနေ့(ဇွန်လ ၄)မှာစစ်အာဏာရှင်စနစ်ကိုဆန့်ကျင်​ကြောင်းနဲ့ စစ်ကောင်စီကို ILO ပုဒ်မ ၃၃ အရအရေးယူနိုင်ရေးတောင်းဆိုတဲ့ဆန္ဒပြပွဲတွေသပိတ်အဖွဲ့တွေကပြုလုပ်ခဲ့ကြပါတယ်။

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းတောင်ဒေသမှာ လူထုသပိတ်က ဦးဆောင်ပြီး ပြည်သူတွေနဲ့အတူ “Vote ILO Article 33 to save LIVES” စာသားကိုင်ဆောင်ကာ ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။

ဒါ့အပြင်ကျင်းပလျက်ရှိတဲ့ ILOအစည်းအဝေးကြီးကနေပြီး လူသားမျိုးနွယ်အပေါ် စစ်ရာဇဝတ်မှုပေါင်းများစွာ ကျူးလွန်နေတဲ့ စစ်ကောင်စီကိုအရေးယူနိုင်ရေးအတွက် “လူ့အသက်တွေကယ်တင်ဖို့ ILO Article 33 ကိုမဲပေးပါ” ဆိုတဲ့ လူထုလှုပ်ရှားမှုကိုလည်း ပြုလုပ်ခဲ့ကြပါတယ်။

Public Service Announcement

Public Service Announcement

ယင်းမာပင်မြို့နယ်မြောက်ခြမ်းမှာလည်း နောက်ပြန်မလှည့်ကြေး ဒီတော်လှန်ရေး သပိတ်စစ်ကြောင်းက ဒီကနေ့မှာ စစ်အာဏာရှင်စနစ်အမြစ်ပြတ်ချေမှုန်းရေး ကြွေးကြော်သံတွေနဲ့ ချီတက်ဆန္ဒပြခဲ့ကြပါတယ်။

ဆားလင်းကြီးမြို့နယ်ကျေးရွာတစ်ရွာမှာလည်း တော်လှန်ပုန်ကန်ဒေါင်းတို့အားမာန်သပိတ်စစ်ကြောင်းဟာ “တော်လှန်ရေးရဲ့အဆုံးအဖြတ်ဟာလူထုမှတပါးအခြားမရှိ” ၊ “တော်လှန်ပုန်ကန်ဒေါင်းတို့အားမာန်” စာသားတွေနဲ့ စစ်အာဏာရှင် ဆန့်ကျင်ရေး သပိတ်စစ်ကြောင်း ချီတက်ခဲ့ပါတယ်။

စစ်ကိုင်းတိုင်းအတွင်းက ဒေသခံတော်လှန်ပြည်သူတွေဟာနယ်မြေမငြိမ်သက်မှုကြားထဲကနေ အကြမ်းဖက်စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသပိတ်တွေကို နေ့စဉ်ပြုလုပ်နေကြပါတယ်။

ဓာတ်ပုံ-စစ်ကိုင်းဒေသသပိတ်အင်အားစု၊ လက်ပံတောင်းသပိတ်

ဆက်စပ်သတင်းများ

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) နဲ့ စစ်ကိုင်းဖက်ဒရယ်ယူနစ်၊ မကွေးဖက်ဒရယ်ယူနစ်၊ မန္တလေးဒေသတို့မှ အစိုးရ၊ လွှတ်တော် တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း SCEFက ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊အင်းတော်၊မော်လူးမြို့တို့ကို ထိုးစစ်ဆင် နေတဲ့ တပ်မ(၃၃)ကစစ်​ကြောင်း တွေ နောက်တန်းပြန်ဆုတ်လာပြီး ဇူလိုင်လ ၂၂ရက်ညနေပိုင်းမှာကားအစီး ၈၀နဲ့ မန္တ လေးမြို့တွင်း ပြန်ဝင်တယ်လို့ ‌‌‌‌‌‌‌တော်လှန်ရေးအင်အားစုတွေကပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းက တော်လှန်သပိတ်အင်အားစုတွေ၊ ဒေသခံပြည်သူတွေဟာ ဦးဂျင်မီ၊ဦးဖြိုးဇေယျာသော်၊ကိုလှမျိုးအောင်၊ကိုအောင်သူရဇော် ကြိုးပေးခံရမှု (၄) နှစ်ပြည့်အဖြစ် လူထုသပိတ်လှုပ်ရှားမှုတွေကို ဒီကနေ့ (ဇူလိုင် ၂၃) မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။