Connect with us

Hi, what are you looking for?

သတင်း

မန္တလေးမှာ လူငယ်တစ်ဦးကို ပျူစောထီးတွေ ရိုက်နှက်ဖမ်းဆီး

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ် မနော်ဟရီလမ်းနဲ့ မြို့ပတ်လမ်းအနီးမှာ မနေ့ညပိုင်းက ထမင်းဆိုင်ပတ်ရှာနေတဲ့ လူငယ်တစ်ဦးကို ပျူစောထီးတွေက ဝိုင်းဝန်းရိုက်နှက်ကာ ဖမ်းဆီးသွားတယ်လို့ မြို့ခံတွေ ဆီကသိရပါတယ်။

ပျူစောထီးတွေကို စစ်သင်တန်းပေးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ကို တွေ့ရစဥ်။ ဓာတ်ပုံ - စကစ

ဇွန်-၇၊ ၂၀၂၅။ ရှိန်း/People’s Spring

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ် မနော်ဟရီလမ်းနဲ့ မြို့ပတ်လမ်းအနီးမှာ မနေ့ညပိုင်းက ထမင်းဆိုင်ပတ်ရှာနေတဲ့ လူငယ်တစ်ဦးကို ပျူစောထီးတွေက ဝိုင်းဝန်းရိုက်နှက်ကာ ဖမ်းဆီးသွားတယ်လို့ မြို့ခံတွေ ဆီကသိရပါတယ်။

ဇွန်လ ၆ရက် နေ့ ည၁၁နာရီလောက်မှာ မနော်ဟရီလမ်းမကြီးထိပ်က လေးမျက်နှာဘုရားနဲ့ မလှမ်းမကမ်းမှာ လမ်းလျှောက်နေတဲ့ လူငယ်တစ်ဦးကို အသက် ၁၃နှစ်နဲ့ ၁၂နှစ်အရွယ်တွေ ပါဝင်တဲ့ လေးမျက်နှာဘုရားဝန်းထဲ တပ်စွဲနေထိုင်တဲ့ ပျူစောထီးအုပ်စုက ရိုက်နှက်ဖမ်းဆီးသွားတာလို့ မြို့ခံတချို့က ပြောပါတယ်။

“လမ်းပေါ်ကိုတခုခုပတ်ရှာနေတဲ့ ပုံစံပဲကောင်လေးက။ အဲတာကို လာဖမ်းပြီး ဝိုင်းထိုးကြကန်ကြတာ။ ကျွန်တော် ထမင်းဆိုင်ရှာနေတာပါဗျာဆိုပြီး ငိုယိုတောင်းပန်နေတာကို မရဘူး။ ဒူးထောက်ပြီး တောင်းပန် နေတာကို ဝိုင်းကန်ပြီး ရိုက်ကြတာ။ ရိုက်တဲ့အထဲ ၁၀နှစ်ကျော်အရွယ်ကလေးတွေပါ ပါတယ်”လို့ မျက်မြင်တွေ့ ရှိသူတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒူးထောက်တောင်းပန်တာကို ရပ်ကွက်ရုံးထဲ ဖမ်းဆီးခေါ်သွားပြီး တလမ်းလုံး ဝိုင်းဝန်းရိုက်နှက်သွားကြတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီက ကျူးကျော်မှ နေထိုင်သူတချို့ကို ပျူစောထီးအဖြစ် လက်သပ် မွေးထားပြီး မြို့ဝင်၊ အထွက်တွေကိုပါ စစ်ဆေးခွင့်ပေးထားတာပါ။

အထက်ပါဖြစ်စဉ်မှာ ပါဝင်တဲ့ကျူးလွန်သူတချို့ဟာလည်း အရင်က အဲဒီအနီးနားမှာ နေထိုင်တဲ့ ကျူးကျော်တချို့ပါတယ်လို့သိရပါတယ်။

လေးမျက်နှာဘုရားမှာ တပ်စွဲနေထိုင်တဲ့ စစ်ကောင်စီနဲ့ ပျူစောထီးတွေဟာ ၂၀၂၁ကတည်းက နာမည်ဆိုးနဲ့ ကျော်ကြားပြီး ညဖက်မှာ မူးရူးကာ လမ်းသွားလမ်းလာတွေကို ရမ်းသမ်းပစ်ခတ်တာတွေ၊ ရိုက်နှက်တာတွေ ပြုလုပ်လေ့ရှိတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့၊ချမ်းမြသာစည်မြို့နယ်၊ကန်တော်ကြီးကန်ပတ်လမ်းမှာအမျိုး သားတစ်ဦးရဲ့ ရုပ်အလောင်းကို မနေ့ ( စက်တင်ဘာလ ၁၈ ရက်) နေ့ခင်းပိုင်းက မြို့ခံတွေ တွေ့ရှိခဲ့တယ်လို့ လူမူကူညီရေး လုပ်ကိုင်သူအချို့ဆီကသိရပါတယ်။

သတင်း

ပေါ်တာစွဲခံထားရပြီး မန္တလေးနန်းတွင်းမှာ ချုပ်နှောင်ခံထားရတဲ့ လူငယ်တွေကို ပုသိမ်ကြီးနယ်က ခလရ(၁၁၆)နဲ့ (၁၁၉)တပ်ရင်းကို ပို့လိုက်ပြီလို့ မြို့ခံတွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ဒေးဝန်းအနောက်ဘက် သင်္ဂဇာချောင်းအနီးမှာအမျိုးသမီးရုပ်အလောင်းကို ဒီနေ့ (စက်တင်ဘာလ ၁၆ ရက်) မနက်ပိုင်းက ဒေသခံတွေတွေ့ရှိခဲ့တယ်လို့ လူမူကူညီရေး လုပ်ကိုင်သူအချို့ဆီကသိရပါတယ်။

သတင်း

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်မှာ လင်မယား၂ဦး နေအိမ်အတွင်း သတ်ဖြတ်ခံထားရကြောင်း ဒေသခံတွေက ပြောပါတယ်။