ဇွန်-၈၊၂၀၂၅။သတိုး/People’s Spring
ရန်ကုန်မြို့၊ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ် တရားရုံး၌ လုံခြုံရေးယူနေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ၄၀ မမ ဖြင့်တိုက်ခိုက်ခဲ့ကြောင်း Yangon Army(YA) အဖွဲ့ တာဝန်ရှိသူကပြောသည်။
“ထိခိုက်မှုရှိနိုင်တယ်။နှစ်လုံးပစ်တာနှစ်လုံးလုံး ရည်မှန်းချက်နေရာထိတယ်။” ဟု ၎င်းကပြောသည်။
အဆိုပါတိုက်ခိုက်မှုကိုYangon Armyနှင့်အနောက်ပိုင်းခရိုင်ပကဖ တို့ ပူးပေါင်း၍ ဇွန် ၇ ရက် ည ၁၀ နာရီခွဲခန့်တွင် 79အဝေးပစ်လောင်ချာဖြင့် ၄၀မမ နှစ်လုံးပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

Public Service Announcement
ယင်းတရားရုံး၌ လုံခြုံရေးယူနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် လေး၊ငါးဦးခန့် အမြဲရှိကြောင်းသိရသည်။
Yangon Army အနေဖြင့် စစ်ကောင်စီနှင့်သက်ဆိုင်သော ပစ်မှတ်များကို ဆက်လက်တိုက်ခိုက်သွားမည်ဟု သတင်းထုတ်ပြန်ထားသည်။
၎င်းတို့အဖွဲ့အနေဖြင့် ပြီးခဲ့သည့် မေ၂၉ ရက်က မှော်ဘီမြို့နယ် တပ်ကုန်းကြီးကျေးရွာ အုပ်ချုပ်ရေးမှုး၏ ဆိုင်ခန်းများကို လက်ပစ်ဗုံးများဖြင့် တိုက်ခိုက်ခဲ့သည်။


















































