မေ ၂၉၊၂၀၂၅။သတိုး/People’s Spring
ရန်ကုန်မြို့၊မှော်ဘီမြို့နယ်ရှိ စစ်ကောင်စီ၏ လေတပ်မိသားစုဝင်ဖြစ်သည့် တပ်ကုန်းကြီးကျေးရွာအုပ်ချုပ်ရေးမှူးပိုင်ဆိုင်သည့် ဈေးဆိုင်ခန်းသုံးခန်းကို လက်ပစ်ဗုံးများဖြင့် တိုက်ခိုက်ခဲ့ကြောင်း Yangon Army(YA) အဖွဲ့တာဝန်ရှိသူက ပြောသည်။
“တစ်မျိုးလုံးလေတပ်က ဟာတွေ။ အသီးသုံးလုံးပစ်တာ နှစ်လုံးပဲကွဲတယ်”ဟု ၎င်းက ပြောသည်။
အဆိုပါအုပ်ချုပ်ရေးမှူးမိသားစုသည် လေတပ်ဝန်ထမ်းများဖြစ်ပြီး ၎င်း၏ညီဖြစ်သူသည် လက်ရှိတွင် စစ်ကောင်စီလေတပ်၌ တာဝန်ထမ်းဆောင်နေသူဖြစ်သည်ဟု ဆိုသည်။

Public Service Announcement
ယင်းစစ်ဆင်ရေးကို မေလ ၂၉ ရက် ည ၈နာရီခန့်တွင် လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး အနောက်ပိုင်းခရိုင်ပကဖ နှင့် Yangon Army အဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခြင်းဖြစ်သည်။
” ဆိုင်ခန်းအတွဲလိုက် သုံးခန်းဖွင့်ထားတာ” ဟု အထက်ပါတာဝန်ရှိသူက ပြောသည်။
ယင်းစစ်ဆင်ရေးပြုလုပ်ရန် စျေးဆိုင်အတွင်း၌ လူများရှိသောကြောင့် စစ်ဆင်ရေးပြုလုပ်မည့် ရဲဘော်များ မိုးရေထဲ စောင့်ဆိုင်း၍ လုပ်ဆောင်ခဲ့ရခြင်းဖြစ်ပြီး အားလုံးဘေးကင်းရာသို့ ရောက်ရှိပြီဖြစ်ကြောင်း ၎င်းက ပြောသည်။
Yangon Army အဖွဲ့သည် မေလ ၁၉ ရက်ကလည်း The Blood Line နှင့်အတူ စမ်းချောင်းမြို့နယ် စမ်းတောင်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို လက်ပစ်ဗုံးဖြင့် တိုက်ခိုက်ခဲ့သေးသည်။


















































