Connect with us

Hi, what are you looking for?

သတင်း

မန္တလေးမှာ ဆိုင်ကယ်စီးအမျိုးသမီးကို အုပ်စုဖွဲ့ပြီး ရန်ပြုကာ ဆိုင်ကယ်လုယက်မှုဖြစ်ပွား

မန္တလေးမြို့မှာ အမျိုးသား ခြောက် ဦးက အုပ်စုဖွဲ့ပြီး ဆိုင်ကယ်စီး အမျိုးသမီး ကို ရန်ပြုကာ ဆိုင်ကယ် လုယက်သွားတဲ့ ဖြစ်စဉ် မနေ့ ဇွန်လ ၇ ရက် မနက် ၆ နာရီခွဲဝန်းကျင်က ဖြစ်ပွားခဲ့တယ်လို့ လုယက်ခံသူနဲ့ နီးစပ်သူတွေထံကသိရပါတယ်။

ဇွန် – ၈ ၊ ၂၀၂၅ ၊ဆိုင်းမင်း/People’s Spring

မန္တလေးမြို့မှာ အမျိုးသား ခြောက် ဦးက အုပ်စုဖွဲ့ပြီး ဆိုင်ကယ်စီး အမျိုးသမီး ကို ရန်ပြုကာ ဆိုင်ကယ် လုယက်သွားတဲ့ ဖြစ်စဉ် မနေ့ ဇွန်လ ၇ ရက် မနက် ၆ နာရီခွဲဝန်းကျင်က ဖြစ်ပွားခဲ့တယ်လို့ လုယက်ခံသူနဲ့ နီးစပ်သူတွေထံကသိရပါတယ်။

အဲဒီဖြစ်စဉ်က မဟာအောင်မြေမြို့နယ် ၇၁လမ်း ၊ ၃၈ လမ်း (အေ )မှာ Scoopy အမျိုးအစား ဆိုင်ကယ် စီးလာတဲ့ အမျိုးသမီးကို အုပ်စုဖွဲ့ လုယက်တာပါ။

ဆိုင်ကယ် သုံး စီးနဲ့အမျိုးသား ခြောက်ဦးဟာ အမျိုးသမီး ဆိုင်ကယ်နောက်ကို လိုက်လာခဲ့ပြီး အမျိုးသမီး နေထိုင်ရာအဆောင် နားအရောက်မှာတော့ ဆိုင်ကယ်ကိုတွန်းလှဲပြီး ရန်ပြုကာ လုယက်တာကို CCTV မှတ်တမ်းအရတွေ့ရပါတယ်။

Public Service Announcement

Public Service Announcement

အမျိုးသမီးကို ကိုယ်ထိလက်ရောက် ရိုက်နှက်သလို ဆံပင်ကိုဆွဲပြီး တရွတ်တိုက်ဆွဲချတာကိုလည်းတွေ့ရပါတယ်။ လုယက်တဲ့အမျိုးသားတွေထဲမှာ ဓားရှည်ကိုင်ထားတဲ့သူလည်းပါဝင်ပါတယ်။

အခြားသော CCTV မှတ်တမ်းတစ်ခုမှာတော့ ဆိုင်ကယ်စီးအမျိုးသမီး လမ်းထဲဝင်လာချိန်ကတည်းက ဆိုင်ကယ်မှောက်သွားအောင် ဘေးချင်းကပ်ပြီး ဆိုင်ကယ်ပေါ်က နေ ကန်ကြောက်နေတာကို CCTV မှတ်တမ်းမှာပါရှိပါတယ်။

CCTV မှာတော့ အမျိုးသမီးနောက် ကို ဆိုင်ကယ်သုံးစီးနဲ့ အမျိုးသားခြောက်ဦး လိုက်လာတာ တွေ့ရပါတယ်။

https://www.facebook.com/LuduNwayOo/videos/1752854352177713

လုယက်ခံရမှုမှာ ဆိုင်ကယ်အပြင် ဆိုင်ကယ်တူးဘောက် ( Tool Box ) ထဲက ဖုန်း၊ ပိုက်ဆံအိတ်၊ မှတ်ပုံတင် ၊ကျောင်းသားကဒ်တွေ ပါသွားတယ်လို့ သိရပါတယ်။

အခုဖြစ်စဉ်မဖြစ်ခင် ဇွန်လ ၆ ရက်လည်း ချမ်းအေးသာစံမြို့နယ်​၊ ၈၇လမ်း၊ ၃၃လမ်းနဲ့ ၃၄လမ်းကြားမှာ နေ့ခင်းကြောင်တောင် အချိန် အမျိုးသမီးတစ်ဦးကို ဓားနဲ့ခုတ်ပြီး ငွေလုယက်မှုဖြစ်ပွားခဲ့တာရှိပါတယ်။

အခုလို လူမြင်ကွင်းမှာ အုပ်စုလိုက် အသက်အန္တရာယ်စိုးရိမ်ရတဲ့အထိ ရန်ပြု လုယက်မှု ကျုးလွန်သူတွေကို မန္တလေးမြို့ကို အုပ်ချုပ်နေရတဲ့အာဏာသိမ်းစစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့က ဖမ်းမိတဲ့သတင်းထုတ်ပြန်တာမတွေ့ရသေးပါဘူး။

အခုလို လုယက်မှုတွေ ဖြစ်ပွားချိန်ဟာ မန္တလေးမြို့အနှံမှာ စစ်ကောင်စီ ကလူအင်အားသုံးပြီး လိုင်စင်မဲ့ ကား ၊ဆိုင်ကယ်တွေကို ပစ်မှတ်ထား ဖမ်းဆီးနေတဲ့ ကာလလည်းဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့မှာ အမျိုးသားပုံစံဝတ်ဆင်နေထိုင်တဲ့ ပစ္စည်းတွေသယ်ယူပို့ဆောင်ပေးသူ(Delivery) အမျိုးသမီးတစ်ဦး ပစ္စည်းပို့ရင်း ပျောက်ဆုံးနေကြောင်း သတင်းရရှိပါတယ်။

သတင်း

မန္တလေးမြို့မှာ ဆိုင်ကယ်စီးနင်းလာသူ အမျိုးသားတစ်ဦး အုပ်စုဖွဲ့ ဆိုင်ကယ်လုယက် ခံလိုက်ရပါတယ်။

သတင်း

မန္တလေးမြို့မှာ စုံ/မစနစ်နဲ့ မော်တော်ယာဥ်တွေ ပြန်လည်ဖမ်းဆီးလာပြီး ယာဥ်အများအပြား ဖမ်း​ဆီးခံလိုက်ရကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့မှာ စစ်ကောင်စီတပ်က လုံခြုံရေးအကြောင်းပြ ပိတ်ထားတဲ့လမ်းတွေကို ပြန်ဖွင့်ပေမယ့် တရုတ် ကောင်စစ်ဝန်ရုံး ရှေ့ကလမ်းကိုတော့ ဆက်လက်ပိတ်ဆို့ထားကြောင်း ဒေသခံ တွေကပြောပါတယ်။