Connect with us

Hi, what are you looking for?

သတင်း

ပုလဲမြို့နယ်မှာ စစ်ကောင်စီ ဂျက်ဖိုက်တာတစ်စီးကို PLA ပစ်ချ

လေယာဥ်မှူး ဦးထုပ်။ဓာတ်ပုံ - PLA ၊​ပေးပို့

ဇွန်-၁၀၊ ၂၀၂၅။​​နေ့သစ်/ People’s Spring

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ် ကန့်ဒေါင့်ရွာတိုက်ပွဲကို လာရောက် ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့ စစ်ကောင်စီတပ်ရဲ့ ဂျက်ဖိုက်တာလေယာဉ်ကို တော်လှန်ရေးတပ်တွေက ပစ်ချနိုင်ခဲ့တယ်လို့ PLA နဲ့ ​မြေပြင်ကရဲ​ဘော်တွေဆီကသိရပါတယ်။

ပုလဲမြို့တွင်ရှိနေတဲ့ ရဲဘော်တစ်ဦးက”ပွိုင့် ၅ နဲ့ ပစ်ချနိုင်ခဲ့တာ”လို့​ပြောပါတယ် ။

“၁၂နာရီ ၁၀မိနစ် လောက်မှာ ပျက်ကျတဲ့အသံကို ကြားလိုက်တယ်။ ကျတာကတော့ စပါး​စေ့နဲ့ လက်ပန်းကန်ကြားထဲမှာ ကြားထဲမှာလား။ စပါး​စေ့ရွာထဲမှာလားမသိဘူး။ အိမ်တအိမ်မီးလောင်​နတယ်”လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတ‌ယ်။

Public Service Announcement

Public Service Announcement

စပါးစီးရွာဟာ မင်းတိုင်ပင်ရွာရဲ့ အရှေ့မြောက်ဘက်မှာ ရှိတာလို့ သိရပါတယ်။

လေယာဥ်မောင်းသူတွေလည်းသေဆုံးတယ်လို့ ULF အဖွဲ့က တာဝန်ရှိသူတဦးက ပြောပါတယ်။

ပြည်သူ့လွတ်မြောက်ရေးတပ်မတော် – PLA ကယနေ့ နေ့လယ် ၁၂ နာရီ ၁၅ မိနစ် အချိန်မှာ ပုလဲမြို့နယ်၊ ကန့်ဒေါင့်စခန်းသိမ်း တိုက်ပွဲမှာစစ် ကောင်စီရဲ့ ဂျက်ဖိုက်တာ တစင်းကို ပစ်ချနိုင်ခဲ့တယ်လို့ ကနဦး သတင်းထုတ်ပြန်ထားပါတယ်။

အသေးစိတ်အချက်အလက်​တွေကို ဆက်လက်ဖော်ပြပေးမယ်လို့လည်း​ဖော်ပြထားပါတယ်။

အဲဒီလေယာဉ်ဟာ တံတားဦးလေတပ်ကတက်လာတဲ့ ဂျက်ဖိုက်တာဖြစ်ပြီး ဒီနေ့မနက်မှာ ကျေးနင်း၊ ဇီးဖြူကုန်း၊ အင်မထီးရွာတွေကို လှည့်လည်ပစ်ခတ်နေတဲ့ ဂျက်ဖိုက်တာလို့ သိရပါတယ်။

ပုလဲ မြို့နယ်တိုက်ပွဲမှာရှိ​နေတဲ့အခြား ရဲဘော်တစ်ဦးကလည်း “ဂျက်ဖိုက်တာတစီး ပေါင်ငါးရာနှစ်လုံးချပြီး စပါးစေ့ရွာပေါ် ပျက်ကျတာ”လို့ လူထုနွေဦးကို​ပြောပါတယ် ။

https://www.facebook.com/LuduNwayOo/videos/1228411988724862

“သူတစီးထဲကို ပတ်ပစ် နေတာဗျ။ ကျွန်တော်တို့ကာကင်းတွေ ပစ်ချလိုက်လို့လား၊ ရာသီဥတုကြောင့်လားတော့ မသိဘူး။ သူပျက်ကြချိန်မှာ မိုးလည်းနည်းနည်းရွာတယ်”လို့ တော်လှန်ရေး တပ်ဖွဲ့ဝင်တစ်ဦးကပြောပါတယ်။

“ဇီးဖြူကုန်းစခန်းသိမ်းတိုက်ပွဲကို ဒီမနက် ၅နာရီမှာ ချတာ။ MiG 29က လာပစ်ပြီး အင်အားဖြည့်တာကို ပစ်ချတာ”လို့ ကာကွယ်ရေးရဲဘော်တစ်ဦးကပြောပါတယ် ။

ပုလဲမြို့ရဲ့ အဓိကစခန်းတစ်ခုဖြစ်တဲ့ ကမ်းဒေါင့်စခန်းသိမ်းတိုက်ပွဲကိုPLA ဦး​ဆောင်ပြီးပူး​ပေါင်းတပ်​တွေက ဇွန်လ၂ရက်၌ စတင်ပြီးတိုက်ခိုက်နေတာပါ ။ဇွန် ၁၀ ရက် နံနက်ပိုင်းမှာ​တော့ ကျန်စခန်းသိမ်းတိုက်ပွဲ​တွေကိုပါ ခရိုင် PDF တပ်ရင်း​တွေ နဲ့ ပူးပေါင်းတပ်​တွေ ကဦးဆောင် တိုက်ခိုက်နေပြီး ​တော့တိုက်​တွေအလွန်ပြင်းထန်နေပါတယ်။

စစ်တပ်အာဏာသိမ်းပြီး​နောက်ပိုင်း ​စစ်​ကောင်စီကို ခုခံ​တော်လှန်​နေတဲ့ တော်လှန်​ရေးတပ်​တွေက ပစ်ချတဲ့ တိုက်​လေယာဥ်နဲ့ ရဟတ်ယာဥ်စုစု​ပေါင်းအနည်းဆုံး ၁၂ စီးရှိပြီဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

​မန္တလေးတိုင်း၊ ရမည်းသင်းမြို့နယ်ကနေ စစ်ကြောင်းထိုးလာတဲ့ စစ်တပ်ကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA)က မကွေးတိုင်းအတွင်းမှာ ဖြတ်တောက်တိုက်ခိုက်ခဲ့ရာ စစ်တပ်ထိခိုက်သေဆုံးမှုရှိပြီး တိုက်ခိုက်ရေးဒရုန်းတစ်စင်းအပါအဝင် စစ်အသုံးအဆောင်ပစ္စည်းများ သိမ်းဆည်းရရှိခဲ့ကြောင်း ထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်အနောက်ခြမ်းမှာ စစ်ကောင်စီတပ်စစ်ကြောင်း တိုက်ခိုက်ခဲ့ရာ လက်နက်ခဲယမ်းအချို့ သိမ်းရတယ်လို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA) တာဝန်ရှိသူက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊ တောင်သာမြို့နယ်က ကျောက် ပန်းတောင်း - မြင်းခြံလမ်းပိုင်းမှာ တရုတ်ဓာတ်ငွေ့ပိုက်လိုင်းလာပြင်တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်ရာ ထိခိုက်သေဆုံးမှုရှိကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အတွင်း စစ်ကောင်စီတပ်က အင်အားအများအပြားပို့ စစ်ကြောင်းထိုးနေပြီး တော်လှန်ရေးတပ်များထိန်းချုပ်ထားသည့် ကန့်ဒေါင့်ရွာစခန်း ပြန်သိမ်းပိုက်ရန်ကြိုးစားနေကြောင်း သတင်းရရှိသည်။