Connect with us

Hi, what are you looking for?

သတင်း

အင်းတော်မြို့မှဆေးခန်း လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ကျန်းမာရေးဝန်ထမ်း ၁ ဦးကွယ်လွန်

အင်းတော်မြို့အား ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များကသိမ်းပိုက်စဉ် ဒေသခံများနှင့် တော်လှန်ရေးတပ်ဖွဲ့ဘော်များအား ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့သည့် ကျန်းမာရေးဝန်ထမ်းတစ်ဦးသည် စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့်ကွယ်လွန်ခဲ့သည်။

ဇွန်-၁၀၊၂၀၂၅။ဇော်ရမ်း/People’s Spring

အင်းတော်မြို့အား ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များကသိမ်းပိုက်စဉ် ဒေသခံများနှင့် တော်လှန်ရေးတပ်ဖွဲ့ဘော်များအား ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့သည့် ကျန်းမာရေးဝန်ထမ်းတစ်ဦးသည် စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့်ကွယ်လွန်ခဲ့သည်။

ဧပြီလကအင်းတော်မြို့နယ်အတွင်းရှိဆေးခန်းတစ်ခုအပေါ် စစ်ကောင်စီကလေကြောင်းတိုက်ခိုက်စဉ်အသက် (၆၁)အရွယ် သူနာပြု ဦးအေးမောင်နှစ်ဒဏ်ရာရခဲ့ခြင်းဖြစ်သည်။ ဆေးကုသမှုခံယူခဲ့သော်လည်းမေလ ၂၂ရက်က ကွယ်လွန်ခဲ့သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနက ယနေ့(ဇွန်လ ၁၀ရက်)သတင်းထုတ်ပြန်သည်။

ဦးအေးမောင်သည်ဒေသခံတိုင်းရင်းသားပြည်သူများနှင့် တော်လှန်ရေးရဲဘော်များအား ဆေးကုသမှုများ၊ ကျန်းမာရေးစောင့်ရှောက်မှုများ ပေးအပ်နေသူဖြစ်ပြီး နွေဦးတော်လှန်ရေး၏ လမ်းခုလတ်တစ်နေရာ၌ ကျဆုံးခဲ့ရသောကြောင့် မိသားစုနှင့်ထပ်တူ ကြေကွဲဝမ်းနည်းရကြောင်း ကျန်းမာရေးဝန်ကြီးဌာနက​ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

အင်းတော်မြို့ကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ် (၁) စစ်ဒေသ၏ အစီအစဥ်ဖြင့်၂၀၂၄ သြဂုတ်လကတည်းက ထိုးစစ်ဆင်ခဲ့ပြီး ၂၀၂၅ ဧပြီ ၇ ရက်တွင် သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။ မြို့သိမ်းတိုက်ပွဲအတွင်း တပ်မ(၇၇)တပ်မမှူး ဗိုလ်မှူးချုပ်အောင်သက်ဦးကိုစစ်သုံ့ပန်းအဖြစ် ဖမ်းဆီးနိုင်ခဲ့သည်။ စစ်ကောင်စီက အင်းတော်မြို့ကိုလက်လွတ်ဆုံးရှုံးရပြီး​နောက် လေကြောင်းမှမကြာခဏလာရောက်တိုက်ခိုက်နေသည်။

ပြီးခဲ့သည့်မတ်လ ၂၂ရက်က ဂန့်ဂေါမြို့နယ် နှမ်းခါးကျေးရွာဆေးခန်းကို စစ်ကောင်စီကလေကြောင်းမှတိုက်ခိုက်ရာ CDM ဆရာဝန် ဒေါက်တာမြစိုးအောင်နှင့် ကိုယ်ဝန်ဆောင်ဇနီး ၊အထက်တန်းသူနာပြုဖြစ်သူ ဒေါ်ခိုင်နှင်းဝေ၊ သားဖြစ်သူတို့အပါအဝင်ဒေသခံ ၁၁ ဦး သေဆုံးခဲ့ပြီး ခြောက်ဦးဒဏ်ရာရခဲ့သည်။

စစ်ကောင်စီ၏လေကြောင်းဗုံးကြဲတိုက်ခိုက်မှုများပိုမိုဆိုးရွားလာ၍ ဗုံးဒဏ်ခံနိုင်သော မြေအောက်ဆေးရုံ‌၊ ဆေးခန်းများဖွင့်နိုင်ရန်လိုအပ်ပြီး ပြည်သူများထည့်ဝင်ကူညီကြရန် NUG ကျန်းမာ​ရေးဝန်ကြီး​ဒေါက်တာ ​ဇော်​ဝေစိုးကတိုက်တွန်းထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်နဲ့ စစ်ကိုင်းတိုင်းအစပ် အင်းတော်ဒေသမှာလည်း တိုက်ပွဲတွေဆက်ဖြစ်နေကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ဒေသတွင်းကသောက်သုံးရေကန်တွေနဲ့ စားသောက်ကုန်တွေမှာစစ်တပ်ကအဆိပ်ခပ်သွားဟု​ဒေသခံ​တွေ​ပြော

သတင်း

အင်းတော်နဲ့မော်လူးမြို့နယ်ပတ်ဝန်းကျင်ကို စစ်တပ်က လေကြောင်းမှ ဗုံးမကြာခဏကြဲနေလို့ စစ်ဘေးရှောင် တွေလုံခြုံရေးအန္တရာယ်သတိပြုကြဖို့ တော်လှန်ရေးအင်အားစုတွေကသတိပေးထားပါတယ်။

သတင်း

​ရွှေကူမြို့အနီးတိုက်ပွဲစစ်တပ် ​သေဆုံးထိခိုက်သူများ​နေ