Connect with us

Hi, what are you looking for?

သတင်း

ရန်ကုန်မြို့မှာ စစ်ကောင်စီရဲတွေ နဲ့ ပျူစောထီးအဖွဲ့တွေ အချင်းချင်းပစ်ခတ်နေ

ရန်ကုန်မြို့မှာစစ်ကောင်စီရဲ့လက်အောက်ခံ ရဲတွေနဲ့ စစ်ကောင်စီက ပျူစောထီး​ခေါ် ပြည်သူ့စစ်တွေ၊ရပ်ကွက်အုပ်ချုပ်ရေးမှူးအဖွဲ့တွေ၊ လူမိုက်အဖွဲ့တွေနဲ့ အချင်းချင်းကြားပြန်လည်ပစ်ခတ်မှုတွေဖြစ်နေပါတယ်။

စစ်သား​တွေ ၊ရဲ​တွေ ၊အုပ်ကြီးနဲ့ ပျူ​စောထီး​တွေက ဧည်စာရင်းစစ်​နေစဥ်။ဓါတ်ပုံ-CJ

ဇွန်-၁၄၊ ၂၀၂၅။ People’s Spring

ရန်ကုန်မြို့မှာစစ်ကောင်စီရဲ့လက်အောက်ခံ ရဲတွေနဲ့ စစ်ကောင်စီက ပျူစောထီး​ခေါ် ပြည်သူ့စစ်တွေ၊ရပ်ကွက်အုပ်ချုပ်ရေးမှူးအဖွဲ့တွေ၊ လူမိုက်အဖွဲ့တွေနဲ့ အချင်းချင်းကြားပြန်လည်ပစ်ခတ်မှုတွေဖြစ်နေပါတယ်။

ရန်ကုန်မြို့၊ လမ်းမတော်မြို့နယ်က Junction Mawtin ကုန်တိုက်အနီးမှာ စစ်ကောင်စီလက်အောက်ခံ ရဲတွေနဲ့ပျူစောထီးအဖွဲ့တွေအချင်းချင်းပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ စုံစမ်းသိရပါတယ်။

မနေ့ည (ဇွန်လ ၁၃ရက်) ည၈နာရီလောက်မှာ Junction Mawtin ကုန်တိုက်အနီးမှာ ရှိနေတဲ့ ရဲတစ်ဦးကို ပျူစောထီးတွေက ကားတစ်စီးနဲ့လာရောက်ပြီး ဓားနဲ့ခုတ် တုတ်တွေနဲ့ ရိုက်ကြတာလို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

“ညက လမ်းမတော်မှာ ဖြစ်သွားတာ တော်တော်ကြမ်းတယ်။ ရဲကို အုပ်လိုက်ကြီးကားနဲ့လာပြီး ဓားနဲ့ခုတ်သွားတာတဲ့။ နောက်ကျမှ အခြားရဲတွေ ရောက်လာပြီး သေနတ်နဲ့ပစ်မှ ထွက်ပြေးသွားကြတာပါ။ ၃ ယောက်ပဲ ဖမ်းမိတယ်။ အခုတ်ခံရတဲ့ရဲ တော်တော်ထိသွားတယ် ကြားတယ်။ မိန်းမကိစ္စ ညှိတယ်လို့တော့ ကြားတယ်။ မနေ့ညထဲက လမ်းမတော်ပတ် တလျောက်လုံး ရဲတွေ အုပ်ကြီးတွေ ပေါင်းပြီး ဧည့်စာရင်းတွေ စစ်နေတယ်” ဟု လမ်းမတော်မြို့နယ်နေ ပြည်သူတစ်ဦးက ဆိုသည်။

အဲဒီနောက်ရဲတွေထပ်ရောက်လာပြီးသေနတ်နဲ့ ပစ်ခတ်ခဲ့တယ်လို့ လမ်းမတော်မြို့နယ်ဒေသခံတွေက ပြောပါတယ်။ ဓားနဲ့ခုတ်ခံရတဲ့ရဲ နဲ့ပတ်သက်နဲ့ အမျိုးသမီးကိစ္စကြောင့်လို့ လမ်းမတော်မြို့ခံအချို့က ပြောပါတယ်။

“ရဲနဲ့ကြိုက်နေတဲ့အမျိုးသမီးကပိုက်ဆံခိုးသွားတယ်ပြောတယ်။အဲဒါကို လူမိုက်တွေကလိုက်လာတာလို့ကြားတယ်”လို့လမ်းမတော်မြို့ခံတစ်ဦးက ပြောပါတယ်။

အဲဒီဖြစ်စဉ်အတွင်းမှာရဲတစ်ဦး ပြင်းထန်ဒဏ်ရာရခဲ့ပြီး ပျူစောထီးလေးဦးဖမ်းဆီးခံရတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

ဒါအပြင် ပြီးခဲ့တဲ့ မေလ ၂၅ရက်ကလည်းကမာရွတ်မြို့နယ်ရဲစခန်းမှာ ပျူစောထီးအဖွဲ့တွေကဝင်ရောက်သေနတ်ပစ်ခတ်ခဲ့ဖြစ်စဉ်ဖြစ်ပွားခဲ့ပါသေးတယ်။

ပျူစောထီးတွေဖြစ်တဲ့ လှိုင်မြို့နယ်(၆)ရပ်ကွက်အုပ်ချုပ်ရေးမှူးကျော်သူနဲ့ (၈)ရက်ကွက်အုပ်ချုပ်ရေးမှူး စန်းဌေးနဲ့ (၁၀)ရပ်ကွက်အုပ်ချုပ်ရေးမှုးသန့်ဇင်ဦးတို့အဖွဲ့ဟာ မေလ ၂၅ရက်ညပိုင်းမှာ ကမာရွတ်ရဲစခန်းကို သွားရောက်ပြီး သေနတ်ပစ်ခဲ့ကြတာလို့ အဲဒီဖြစ်စဉ်ကိုသိတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

(၈)ရပ်ကွက်အုပ်ချုပ်ရေးမှူးစန်းဌေးမိန်းမစီနင်းလာတဲ့ လိုင်စင်မဲ့ ဆိုင်ကယ်ကို ကမာရွတ်ရဲစခန်းကရဲတွေက ဖမ်းဆီးသိမ်းဆီးထားတာနဲ့ ပတ်သက်ပြီး ပြန်ပေးဖို့ပြောရာကမကျေလည်ဖြစ်ပြီး သေနတ်နဲ့ သွားပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

အဲဒီပစ်ခတ်မှုအတွင်းမှာ ကမာရွတ်ရဲစခန်းက ရဲနှစ်ဦး ထိမှန်ဒဏ်ရာရတယ်လို့လည်း ဆိုပါတယ်။

“သူတို့အချင်းချင်းချတာက ကောင်းပါတယ်။ ဘယ်လိုချချ”လို့ ရန်ကုန်မြို့ခံ လူငယ်တစ်ဦးက ပြောပါတယ်။

ဒေသအသီးသီးက စစ်ကောင်စီထိန်းချုပ်ထားတဲ့ မြို့ရွာတွေက ရပ်ကွက်နဲ့ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်တွေကို စစ်ကောင်စီက ပျူစောထီးအဖွဲ့ဝင်တွေအဖြစ်သတ်မှတ်ပြီး လက်နက်တပ်ဆင်ပေးထားတာပါ။ ဒါ့အပြင် မြို့ရွာတွေက လူမိုက်တွေကိုလည်း စစ်ကောင်စီက လက်နက်တပ်ဆင်ပေးထားပါတယ်။ ​ဒါအပြင် ​ဒေသအချို့မှာ​တော့စစ်​ကောင်စီက လူမိုက်​တွေ၊ ​ခေတ်အဆက်ဆက် ဒုစရိုက်လုပ်သူ​တွေကို ရပ်ကွက် ၊​ကျေးရွာ အုပ်ချုပ်​ရေးမှူး​တွေအဖြစ်ခန့်အပ်ထားတာလည်းရှိပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်တိုင်း ၊မြောက်ဒဂုံမြို့နယ်မှာရှိတဲ့ ကြက်ခြေနီရုံးနားမှာအသက်နှစ်လသားအရွယ်အမွှာကလေးနှစ်ဦးကို သြဂုတ်လ ၂ ရက်က လာရောက်စွန့်ပစ်သွားတဲ့ဖြစ်စဉ်ဖြစ်ခဲ့တ​ယ်လို့ လူမှုကူညီရေးလုပ်ကိုင်သူအချို့ဆီကသိရပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

ရန်ကုန်မြို့လယ် ၊ကမာရွတ်မြို့နယ်မှာ တစ်ယောက်တည်းလမ်းလျှောက်တဲ့ အမျိုးသမီးတွေကိုအမျိုးသားတဦးကလိုက်နှောက်ယှက်တဲ့ဖြစ်ရပ်ကိုလုံခြုံ​ရေးကင်မရာ( စီစီတီဗီ)က အမိအရ မှတ်တမ်းတင်နိုင်ခဲ့ပါတယ် ။