Connect with us

Hi, what are you looking for?

သတင်း

ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အထိမ်းအမှတ် နှင့်စစ်အာဏာရှင်ဆန့်ကျင်ရေး၊ နိုင်ကျဉ်းများ လွတ်မြောက်ရေး ကိုရီးယား​ရောက်မြန်မာများဆန္ဒပြ

လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၈၀ နှစ်ပြည့်မွေးနေ့အထိမ်းအမှတ်အဖြစ် ကိုရီးယားနိုင်ငံ ဆိုးလ်မြို့၌ စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး နှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် ကိုရီးယား​ရောက်မြန်မာများကဆန္ဒပြခဲ့ကြသည်။

ဓါတ်ပုံ-​ပေးပို့

ဇွန်-၁၅၊၂၀၂၅။ထားမြတ်/People’s Spring

လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၈၀ နှစ်ပြည့်မွေးနေ့အထိမ်းအမှတ်အဖြစ် ကိုရီးယားနိုင်ငံ ဆိုးလ်မြို့၌ စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး နှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် ကိုရီးယား​ရောက်မြန်မာများကဆန္ဒပြခဲ့ကြသည်။

စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးကော်မတီ(ကိုရီးယား) က ဦးစီးကျင်းပသည့် အဆိုပါ ဆန္ဒပြပွဲနှင့် ချီတက်ပွဲလှုပ်ရှားမှုကို ဇွန်လ ၁၅ ရက်နေ့ မွန်းလွဲပိုင်း၌ ကျင်းပခဲ့ခြင်းဖြစ်ပြီး ရာနှင့်ချီ​သော ကိုရီးယား​ရောက်မြန်မာများပါဝင်ခဲ့ကြသည်။

ဆန္ဒပြပွဲနှင့် ချီတက်ပွဲသိ့ လူအင်အား ၃၀၀ ခန့် လာရောက်ပါဝင်ခဲ့ပြီး ဆိုးလ်မြိုလယ် ဘိုရှင်းဂတ်ပန်းခြံမှမြောင်ဒုံဘူတာအထိချီတက်လမ်းလျှောက်ဆန္ဒပြသည်ဟု ပါဝင်ဆန္ဒပြခဲ့သူများက​ပြောသည်။

Public Service Announcement

Public Service Announcement

ဆန္ဒပြပွဲတွင် ပါဝင်သူများက “အမေစု ကျန်းမာပါစေ” ၊ “အမေစုအမြန်ဆုံးလွတ်မြောက်ပါစေ”၊ “အမေစု သက်တော်ရာကျော်ရှည်ပါစေ”ဟု ပြောကြားခဲ့ကြပြီး ကိုရီးယားဘာသာစကားဖြင့်လည်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ဆန္ဒပြပွဲသို အမျိုးသားညီညွတ်ရေးအစိုးရ ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာမြန်မာကိုယ်စားလှယ် ဦးရန်နိုင်ထွန်း လည်း တက်ရောက်ခဲ့ကြောင်း စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးကော်မတီ(ကိုရီးယား) က အသိပေးသည်။ဦးရန်နိုင်ထွန်းကတော်လှန်ရေးစကားနှင့် ဒေါ်အောင်ဆန်းစုကြည် ၈၀ပြည့်နှစ် မွေးနေ့အတွက် ဆုတောင်းစကား ပြောကြားခဲ့ဟုသိရသည်။

ဆန္ဒပြချီတက်ပွဲတလျှောက်တွင် ဒေါ်အောင်ဆန်းစုကြည်၏ သားငယ် ကိုထိန်လင်း၏ မွေးနေ့ ဆုတောင်းစကား အပါအဝင် ဒေါ်စု၏ ရုပ်သံမှတ်တမ်းများ၊ ဂုဏ်ပြုတေးသီချင်းများကို ကိုရီးယား အင်္ဂလိပ် မြန်မာ သုံးဘာသာဖြင့် ထုတ်လွှင့်ပြသခဲ့သည်။

https://www.facebook.com/LuduNwayOo/videos/1443163500009319

ဆန္ဒပြပွဲပါဝင်သူများက လူထုခေါင်းဆောင်မွေးနေ့ ပြည်တွင်းလှုံ့ဆော်မှုကို အားပေးသည့်အနေဖြင့် အပြာရောင်ဝတ်ဆင်ပြီးနှင်းဆီပန်းများလည်း ကိုင်ဆောင်ကြကြောင်း၊ ထို့ပြင်မြန်မာ့နွေဦးတော်လှန်ရေး ကိုရီးယားဘာသာ လက်ကမ်းစာစောင်များကိုလည်း ဖြန့်ဝေခဲ့ကြောင်း စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးကော်မတီ(ကိုရီးယား)ကအသိ​ပေးသည်။

လူထုခေါင်းဆောင်၏ အသက် ၈၀ ပြည့်နှစ်မွေးနေ့ အထိမ်းအမှတ် လူထု ဆန္ဒပြ ချီတက်ပွဲတွင် “ခွန်အားဖြည့်မိငယ်” ၊“ကြယ်” သီချင်းများဖြင့် ဂုဏ်ပြုကြပြီး “သွေးသစ္စာ”သီချင်း သံပြိုင်သီဆို၍ ရုတ်သိမ်းခဲ့ကြောင်းလည်း ထုတ်ပြန်သည်။

ဓါတ်ပုံ-​ပေးပို့

ဆက်စပ်သတင်းများ

သတင်း

ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဥ်းသားတွေ လွတ်မြောက်ရေးနဲ့ မြန်မာစစ်အာဏာရှင်ဆန့်ကျင်ရေး စက်တင်ဘာ ၈ရက်မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

တောင်ကိုရီးယားနိုင်ငံ ဘူဖျောင်းမြို့မှာ ပြည်ပရောက် မြန်မာတွေက သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂမှာ ဆက်လက်ထားရှိနိုင်ဖို့ တောင်းဆိုတဲ့လှုပ်ရှားမှုကို ​စက်တင်ဘာ ၆ ရက်က ပြုလုပ်ခဲ့ပါတယ်။

သတင်း

Proof Of Life ကမ်ပိန်းရဲ့ နောက်တစ်ဆင့်အနေနဲ့ မိခင်ဖြစ်သူဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးတောင်းဆိုမယ့် Free Her လှုပ်ရှားမှုမှာ ပြည်သူတွေ ဆက်လက်ပါဝင်ပေးကြဖို့ သားဖြစ်သူ ကင်မ်အဲရစ် (ခ)ကိုထိန်လင်းက တိုက်တွန်းထားပါတယ်။

သတင်း

သြစ​တြေးလျနဲ့ တောင်ကိုရီးယားနိုင်ငံမှာ ပြည်ပရောက် မြန်မာတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဥ်းသားတွေ လွှတ်ပေးရေးနဲ့ ရေဘေးသင့်ပြည်သူတွေအတွက် ရေဘေးရန်ပုံငွေစျေးရောင်းပွဲတို့ကို ဒီက​နေ့ (သြဂုတ် ၃၀) ပြုလုပ်ခဲ့ပါတယ်။

Facebook