Connect with us

Hi, what are you looking for?

သတင်း

မန္တလေးမှာ စစ်မှုထမ်းစရိတ်အဖြစ် လစဉ် တစ်အိမ်ကို အနည်းဆုံး ကျပ်သုံးသောင်း ကောက်ခံ

မန္တလေးမြို့၊ အမရပူရနဲ့ ပုသိမ်ကြီးမြို့နယ်အတွင်းက ကျေးရွာတွေမှာ စစ်မှုထမ်းစရိတ်အဖြစ် လစဉ် တစ်အိမ် ကျပ်သုံးသောင်းကနေ ကျပ်တစ်သိန်းအထိ အသီးသီးပေးနေရတယ်လို့ ဒေသခံတွေထံကနေသိရပါတယ်။

ဓာတ်ပုံ - စစ်ကောင်စီ

ဇွန် – ၁၉ ၊၂၀၂၅ ၊ ဆိုင်းမင်း/People’s Spring

မန္တလေးမြို့၊ အမရပူရနဲ့ ပုသိမ်ကြီးမြို့နယ်အတွင်းက ကျေးရွာတွေမှာ စစ်မှုထမ်းစရိတ်အဖြစ် လစဉ် တစ်အိမ် ကျပ်သုံးသောင်းကနေ ကျပ်တစ်သိန်းအထိ အသီးသီးပေးနေရတယ်လို့ ဒေသခံတွေထံကနေသိရပါတယ်။

စစ်မှုထမ်းဖို့အတွက် ကျေးရွာတွေမှာ လူမခေါ်တော့ဘဲ အဲဒီအစား လူစားထိုးလိုက်ရသူအတွက် ပေးရတဲ့ငွေကြေး ဆိုပြီး ကျေးရွာအုပ်ချုပ်ရေးပိုင်းက ကောက်ယူနေတာပါ။

ကျေးရွာထဲမှာ ငွေကြေးတက်နိုင်တဲ့ ပေါ်မူတည်ပြီး တစ်လကို ကျပ်သုံးသောင်းကနေ ကျပ်တစ်သိန်းထိ ကောက်ခံနေတာလို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

ငလျင်ကြီး မလှုပ်ခတ်ခင်လတွေက တစ်အိမ်ကို ကျပ်တစ်သောင်းခွဲနှုန်း သတ်မှတ်ထားပေမယ့် အခုတော့ အနည်းဆုံး ကျပ် သုံးသောင်းကနေ စတင်ကောက်ခံတာလို့ ဒေသခံတွေကအသိပေးပါတယ် ။

ငလျင်ဒဏ်ကိုဆိုးဆိုးရွားရွား ခံစားခဲ့ရတဲ့ အမရပူရမြို့နယ်အတွင်းက ကျေးရွာတွေမှာ စစ်မှုထမ်း စရိတ် မပေးနိုင်ရင် လူထည့်ပေးဖို့ ဖိအားပေးတာတွေရှိနေတယ်လို့သိရပါတယ်။

” အနည်းဆုံးငါးသောင်းပေးရမယ်ပြောတယ် ၊တစ်နေ့လုပ်တစ်နေ့စားကျတော့ ဒီငါးသောင်းကမလွယ်ဘူး” လုံခြုံရေးအရ ကျေးရွာအမည်မဖော်လိုတဲ့ အမရပူရမြို့နယ်အတွင်းနေထိုင်တဲ့ အိမ်ရှင်မတစ်ဦးကပြောပါတယ်။

မန္တလေးမြို့ပေါ်ရပ်ကွက်မှာတော့ ငွေကြေးကောက်ခံတာမျိုး နည်းပေမယ့် လူငယ်တွေရှိတဲ့အိမ်တွေကို စောင့်ကြည့်တာ ၊ အိမ်တိုင်ရာရောက်ဆင့်ခေါ်တာတွေ ရှိနေပါတယ်။

အာဏာသိမ်းစစ်ကောင်စီဟာ လက်နက်ကိုင်တော်လှန်မှုတွေကြောင့် တပ်အင်အား ပြုန်းတီးမှုများလာချိန်မှာ အသက် ၁၈ ကနေ ၃၅ နှစ်ကြား လူငယ်တွေ စစ်မှုထမ်းရမယ့် အစီအစဉ်ကို ပြီးခဲ့တဲ့ နှစ်က စတင်ခဲ့တာပါ။

တစ်နှစ်ကျော်ကာလအတွင်း စစ်မှုထမ်းအပတ်စဉ် ၁၄ ထိရောက်လာပြီဖြစ်သလို အပတ်စဉ် တစ်ခုကို လူအင်အား ငါးထောင်ခန့် ခေါ်ယူမယ်လို့ ကြေညာထားတာကြောင့် စစ်သားအင်အား ခုနှစ်သောင်းခန့် စုဆောင်းရရှိထားပြီလို့ နားလည်ရပါတယ်။

စစ်မှုထမ်းအပတ်စဉ် (၁၁) အထိ သင်တန်းဆင်းပြီးထားသူတွေကိုတော့ နိုင်ငံအနှံက တိုက်ပွဲပြင်းထန်နေတဲ့ဒေသတွေဆီ စေလွှတ်ပြီး လူအင်အားဖြည့်တင်းတာတွေ လုပ်ဆောင်နေတယ်လို့ စစ်တပ် အသိုင်းအဝိုင်းဆီက သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်မှုထမ်းဥပဒေကြောင့် မြန်မာပြည်တွင်းက လူငယ်လူရွယ်တွေ ဇာတိမြေကို စွန့်ခွာနေချိန်မှာပဲ အာဏာသိမ်းခေါင်းဆောင်က အဲဒီဥပဒေကို ဆက်လက်ကျင့်သုံးမယ်လို့ အသိပေးပြောကြားလိုက်ပါတယ်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်မှုထမ်းတပ်သားတွေနဲ့ အင်အားဖြည့်ထားတဲ့ စစ်တပ်က စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က စစ်မှုထမ်း‎တပ်သားတစ်ဦး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၄) တပ်‌ရင်း(၂၀၃)ထံ အလင်းဝင်လာကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

မန္ဆလေးမြို့မှာ အာဏာသိမ်းစစ်တပ်ရဲ့ ဝါဒဖြန့်ဇာတ်မင်းသား အောင်ဇမ္ဗူရဲ့ ဖျော်ဖြေပွဲကို ၃ ရက်ကြိုတင်ကာ ညအိပ်စောင့်ပြီး လက်မှတ်လာတန်းကြတဲ့ ပရိသတ်တွေ မိုးမိပြီး ဒုက္ခရောက်ခဲ့ကြပါတယ်။