Connect with us

Hi, what are you looking for?

သတင်း

မန္တလေးမှာ နောက်ဆက်တွဲငလျင်တခုလှုပ်လို့ ပြည်သူတွေ နေအိမ်ပေါ်ကဆင်းပြေးရ

မန္တလေးအနီးတဝိုက်မှာ ဒီကနေ့မနက်ပိုင်း သိသာတဲ့ နောက်ဆက်တွဲ ငလျင်ငယ်တခု လှုပ်ခတ်သွားပြီး နေအိမ်ပေါ်ကနေ ဆင်းပြေးခဲ့ရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ဇွန်-၂၂၊၂၀၂၅။မေရီ/ People’s Spring

မန္တလေးအနီးတဝိုက်မှာ ဒီကနေ့မနက်ပိုင်း သိသာတဲ့ နောက်ဆက်တွဲ ငလျင်ငယ်တခု လှုပ်ခတ်သွားပြီး နေအိမ်ပေါ်ကနေ ဆင်းပြေးခဲ့ရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ဒီကနေ့ ဇွန်လ (၂၂)ရက် မနက် ၄ နာရီ ၄၂ မိနစ်ခန့်က မန္တလေးမြို့နဲ့အနီးတဝိုက် အမရပူရ၊ စစ်ကိုင်း၊ ပလိပ် စတဲ့ ဒေသတွေမှာ အချိန်အနည်းငယ်ကြာပြီး သိသာတဲ့ငလျင်ငယ်တခု လှုပ်ခတ်သွားကြောင်း၊ ငလျင်ကြီးလှုပ်ပြီထင်လို့ နေအိမ်နဲ့ တိုက်ခန်းတွေပေါ်ကနေ ဆင်းပြေးကြကြောင်း မြို့ခံတွေက ပြောပါတယ်။

“အတော်သိသာပါတယ်။ အထက်အောက် ၂ ခါဆင့် လှုပ်တာ။ ထွက်ပြေးလိုက်ရတယ်။ ကြာလ​ည်းကြာတယ်။”လို့ မန္တလေးမြို့ခံတဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီရဲ့ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနကတော့ ပုသိမ်ကြီးမြို့ရဲ့ အရှေ့-အရှေ့မြောက်ဘက် (၇) မိုင်ခန့်အကွာကို ဗဟိုပြုပြီး အင်အား ၃.၈ ရစ်(ခ်)တာစကေး အဆင့်ရှိတဲ့ မြေငလျင်တခု လှုပ်ခတ်သွားတယ်လို့ ထုတ်ပြန်ထားပါတယ်။

ငလျင်အနည်းငယ်ပြင်းတာကြောင့် ပြိုလက်စအဆောက်အအုံ တချို့ ထပ်ပြိုမှာကို မြို့ခံတွေက စိုးရိမ်နေကြပြီး ထိခိုက်မှု ရှိမရှိ မသိရသေးပါဘူး။

မတ်လ (၂၈)ရက်က လှုပ်ခတ်ခဲ့တဲ့ စစ်ကိုင်းငလျင်ကြီးကြောင့် မန္တလေးမြို့မှာ လူရာချီသေဆုံးပြီး အဆောက်အဦးလေးထောင်ကျော် ပျက်စီးခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္ဆလေးမြို့မှာ အာဏာသိမ်းစစ်တပ်ရဲ့ ဝါဒဖြန့်ဇာတ်မင်းသား အောင်ဇမ္ဗူရဲ့ ဖျော်ဖြေပွဲကို ၃ ရက်ကြိုတင်ကာ ညအိပ်စောင့်ပြီး လက်မှတ်လာတန်းကြတဲ့ ပရိသတ်တွေ မိုးမိပြီး ဒုက္ခရောက်ခဲ့ကြပါတယ်။

သတင်း

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်မှာ ကွမ်းယာရောင်းနေတဲ့ စစ်ရှောင်သားအဖ ၂ဦး ဓားထိုးခံရပြီး ဖခင်ဖြစ်သူသေဆုံးတဲ့ဖြစ်စဥ်တစ်ခု ဇူလိုင်၂၉ရက်က ဖြစ်ပွားခဲပါတယ်။

သတင်း

မန္တလေးမြို့၊ ပုသိမ်ကြီးမြို့အနီးကို ဗဟိုပြုပြီး ၄.၆ အဆင့်ရှိ အင်အား အတော်အသင့်ရှိတဲ့ မြေငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လူမှုရေးရာ၊ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန(MoSLHA)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးမြို့မှာ ထောင်ကျခံပြီးသား တပ်ပြေးတစ်ဦးကို စသ်ကောင်စီလက်အောက်ခံ ရာအိမ်မှူးက ဖမ်းဆီးပြီး စစ်မှုထမ်းထဲ ပြန်ထည့်လိုက်ကြောင်း Voice Of Mandalay အဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။