Connect with us

Hi, what are you looking for?

သတင်း

မင်းလှနယ်တိုက်ပွဲအရာရှိအချို့သေဆုံးပြီး​နောက် စစ်ကောင်စီတပ် စစ်ကြောင်းထိုး

ဒုဗိုလ်မှူးကြီးအပါအဝင်စစ်​ကောင်စီအရာရှိလေးဦးသေဆုံးခဲ့သည့်မင်းလှမြို့နယ်အတွင်း စစ်တပ်က အင်အား ၈၀၀ခန့်ဖြင့် စစ်ကြောင်းထိုးလာပြီး သေဆုံးခဲ့သည့် ဗိုလ်မှူးကို စစ်ကောင်စီက ရာထူးတိုးပေးလိုက်သည်ဟုသတင်းရရှိသည်။

ဇွန် ၁၆ ၊၁၇ တိုက်ပွဲတွင် စစ်တပ်မှ​သေဆုံးခဲ့​သူများ ၏ ယူနီ​ဖောင်းအချို့ ။ဓါတ်ပုံ-MDF

ဇွန်-၂၂၊၂၀၂၅။ဇော်ရမ်း/People’s Spring

ဒုဗိုလ်မှူးကြီးအပါအဝင်စစ်​ကောင်စီအရာရှိလေးဦးသေဆုံးခဲ့သည့်မင်းလှမြို့နယ်အတွင်း စစ်တပ်က အင်အား ၈၀၀ခန့်ဖြင့် စစ်ကြောင်းထိုးလာပြီး သေဆုံးခဲ့သည့် ဗိုလ်မှူးကို စစ်ကောင်စီက ရာထူးတိုးပေးလိုက်သည်ဟုသတင်းရရှိသည်။

ပဲခူးတိုင်း၊မင်းလှမြို့နယ်၊ရန်ကုန်-ပြည်လမ်းပိုင်းအပါအဝင်နေရာအချို့၌ ဇွန်လ၁၆ရက်နှင့် ၁၇ရက်က တိုက်ပွဲများအပြင်းအထန်ဖြစ်ခဲ့ပြီး စစ်​ကောင်စီမှ အရာရှိအချို့အပါအဝင် ၂၀ကျော်သေဆုံးကြောင်း သာယာဝတီခရိုင် အမှတ်(၃)တပ်ရင်း ၊P2 3803က သတင်းထုတ်ပြန်ခဲ့သည်။

သေဆုံးသူများတွင် သာယာဝတီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်ဒုတိယဗိုလ်မှူးကြီးဇော်မျိုးဝင်း ၊ အုတ်ဖိုမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁)ဗိုလ်မှူးဖြိုးမင်းဦး ၊သာယာ၀တီခရိုင်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး စိုးခိုင်၊ မင်းလှမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဗိုလ်မှူးရန်နိုင်အောင်တို့ ပါဝင်ခဲ့သည်။

Public Service Announcement

Public Service Announcement

” သေဆုံးသူတွေရဲ့ဆွမ်းသွပ်ကိုမင်းလှထွေအုပ်ရုံးမှာဒီနေ့ လုပ်မှာပါ။ဝန်ထမ်းတွေကြောက်နေကြလို့ ပရိတ်ရွတ်တာလို့လည်းကြားတယ်။ တစ်မြို့လုံး လုံခြုံရေးပတ်နေပါတယ်။ ရန်ကုန်-ပြည်လမ်းရဲ့ အရှေ့ဘက်ကရွာတွေကိုစစ်ကြောင်းထိုးနေတယ်”ဟု ဒေသခံတဦးကပြောသည်။

စစ်ကောင်စီဝါဒဖြန့်ချိရေးလူမှုကွန်ယက်များတွင် ​သေဆုံးခဲ့​သောဗိုလ်မှူးရန်နိုင်အောင်အား ဒုတိယဗိုလ်မှူးကြီးရာထူးတိုးပေးထားပြီး ဆွမ်းသွပ်တရားပွဲကို ယနေ့ ပြုလုပ်မည်ဟုဖော်ပြထားကြသည်။

စစ်ကောင်စီအထိနာခဲ့သည့် ဇွန်လ ၁၆ရက်နှင့် ၁၇ရက်က စစ်ဆင်ရေးကို ပြည်သူ့ကာကွယ်ရေး တပ်မတော်၊ တောင်ပိုင်းတိုင်းစစ်ဒေသ၊ပဲခူးတိုင်းစစ်ဌာန၊ဗျူဟာ(၂၂)လက်အောက်ခံ တပ်ရင်းများဖြစ်သော သာယာဝတီခရိုင်အမှတ်(၃)တပ်ရင်း၊ သာယာဝတီခရိုင်အမှတ်(၁)တပ်ရင်း၏ တပ်ခွဲ(၆)/ဧရာညီနောင်PDF ၊ MDF (Special Force) နှင့် Asho Chin Defense Force(ACDF) မဟာမိတ် တပ်များပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဟုသိရသည်။

ဇွန်လ ၂၂ ရက်​နေ့စစ်ရေးအခြေအနေမှာ စစ်တပ်၏စစ်ကြောင်းသုံးကြောင်းသည် ယခင်ရက်က တိုက်ပွဲဖြစ်ခဲ့သည့် ကျေးရွာများဘက်ကို စစ်ကြောင်းထိုးနေသည်ဟု သာယာဝတီခရိုင်အမှတ်(၃)တပ်ရင်း ၊P2 3803ထံမှ သတင်းရရှိသည်။

ထိုအပြင် ဇွန်လ ၁၈ရက်နှင့် ၁၉ရက်တို့တွင်လည်း တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်မှ​ သေဆုံးထိခိုက်မှုများရှိခဲ့သလို ၊ ​တော်လှန်ရေးရဲဘော်အချို့လည်းကျဆုံးခဲ့သည်။ လက်ရှိတွင် ဒေသခံများ စစ်ဘေးရှောင်နေကြရသည်။

သာယာဝတီခရိုင်အတွင်းရှိပြည်သူများအနေဖြင့် စစ်ကောင်စီတပ်၊ ရဲစခန်း၊ထွေအုပ်ရုံး၊ ရဲကင်းစခန်း၊လမ်းပိုင်းကင်းစခန်းများအနီးဆိုင်ခန်းဖွင့်ဈေးရောင်းခြင်း၊အိမ်ဆောက်နေထိုင်ခြင်း ၊အချိန်ကြာမြင့်စွာရပ်တန့် စကားပြောခြင်းများမပြုလုပ်ကြပါရန်နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)မှ နယ်မြေလုံ‌ခြုံရေးအတွက် လိုအပ်၍ ထုတ်ပြန်သော ထုတ်ပြန်ချက်များကို နားလည်ပေး၍ ပူးပေါင်း ဆောင်ရွက်ပေးကြပါရန်လည်း သာယာဝတီခရိုင် အမှတ်(၃)တပ်ရင်းက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ပဲခူးတိုင်း ၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်အတွင်းက စစ်တပ်စစ်ဆေးရေးဂိတ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်တပ်တပ်ဖွဲ့ဝင် ၁၀ ဦးထက်မနည်းသေဆုံးခဲ့တယ်လို့ သာယာဝတီခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။

သတင်း

ပဲခူးတိုင်းအနောက်ခြမ်း မင်းလှမြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ စစ်တပ်ကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ၂ဦးသေဆုံးပြီး ၃ဦးဒဏ်ရာရရှိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ပဲခူးတိုင်းစစ်ဌာန ဗျူဟာ(၂၂)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊ မင်းဘူးနဲ့ အထက်မင်းလှမြို့နယ်ထဲက စစ်ကောင်စီထိန်းချုပ်ထားတဲ့ ကျေးရွာတွေမှာ စစ်တပ်ထုတ်ကုန်တွေ ရောင်းချနေတဲ့ ပြည်သူတွေကို ထပ်မံရောင်းချသုံးစွဲတာတွေမလုပ်ဖို့ လိုက်လံစည်းရုံးခဲ့ကြောင်း ဗမာပြည်ကာကွယ်ရေးတပ် - USBA က ထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊ နတ်မောက်မြို့နယ်မှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တိုက်ခိုက်ရာ အထိနာသွားတယ်လို့ နတ်မောက်ဂဠုန် PDFရဲ့ တာဝန်ရှိသူ ကိုအောင်ဒင်က ပြောပါတယ်။