Connect with us

Hi, what are you looking for?

သတင်း

ဒေါ်အောင်ဆန်းစုကြည်၏(၈၀)နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ်ဆုတောင်းပွဲနယူးယောက်တွင်ကျင်းပ

အမေရိကန်ပြည်ထောင်စု နယူးယောက်စီးတီးရှိ Time Square ရင်ပြင်တွင်နိုင်ငံတော်အတိုင်ပင်ခံ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အသက်(၈၀) ပြည့် မွေးနေ့ဆုတောင်းပွဲနှင့်အဖမ်းဆီးခံနိုင်ငံရေးအကျဉ်းသားအားလုံးလွတ်မြောက်ရေး ဆုတောင်းပွဲကိုယနေ့(ဇွန်လ ၂၂)ကျင်းပခဲ့သည်။

ဓာတ်ပုံ - Kyaw Soe Latt

ဇွန်-၂၂၊၂၀၂၅။ သုည/People’s Spring

အမေရိကန်ပြည်ထောင်စု နယူးယောက်စီးတီးရှိ Time Square ရင်ပြင်တွင်နိုင်ငံတော်အတိုင်ပင်ခံ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အသက်(၈၀) ပြည့် မွေးနေ့ဆုတောင်းပွဲနှင့်အဖမ်းဆီးခံနိုင်ငံရေးအကျဉ်းသားအားလုံးလွတ်မြောက်ရေး ဆုတောင်းပွဲကိုယနေ့(ဇွန်လ ၂၂)ကျင်းပခဲ့သည်။

အဆိုပါဆုတောင်းပွဲတွင်ဘာသာကြီးလေးဘာသာမှ ကိုယ်စားလှယ်များက ဆုတောင်းစကားများရွတ်ဆို ဆုတောင်းခဲ့ကြသည်။

ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီး ဦးကျော်မိုးထွန်းကလည်း လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်အတွက် မွေးနေ့အမှတ်တရဂုဏ်ပြုစကားပြောကြားပေးခဲ့သည်။

Public Service Announcement

Public Service Announcement

ထို့အပြင် တော်လှန်အဆိုတော်များဖြစ်သော ကျော်သီဟ၊ ဝင်းနိုင်စိုး၊ Leo နှင့် အခြားအဆိုရှင်များမှလည်း မွေးနေ့အမှတ်တရ သီချင်းများ သီဆိုဖျော်ဖြေခဲ့ကြသည်။

Time Square ရင်ပြင်တွင် NYCBC မှစီစဉ်သော လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်၏ ဓါတ်ပုံ Gallery ကိုပြသထားပြီး လာရောက်ကြည့်ရှုကြသော ကမ္ဘာအရပ်ရပ်မှ ခရီသွားများ စိတ်ပါဝင်စားစွာကြည့်ရှုအားပေးခဲ့ကြသည်ဟုသိရသည်။

ထိုနောက် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အမှတ်တရကိတ်မုန့်ခွဲကာ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အဖမ်းဆီးခံနိုင်ငံရေး အကျဉ်းသားအားလုံး အမြန်ဆုံးပြန်လည်လွတ်မြောက်ပါစေကြောင်း ဆုတောင်းခဲ့ကြသည်။

ဆက်စပ်သတင်းများ

သတင်း

ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဥ်းသားတွေ လွတ်မြောက်ရေးနဲ့ မြန်မာစစ်အာဏာရှင်ဆန့်ကျင်ရေး စက်တင်ဘာ ၈ရက်မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

Proof Of Life ကမ်ပိန်းရဲ့ နောက်တစ်ဆင့်အနေနဲ့ မိခင်ဖြစ်သူဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးတောင်းဆိုမယ့် Free Her လှုပ်ရှားမှုမှာ ပြည်သူတွေ ဆက်လက်ပါဝင်ပေးကြဖို့ သားဖြစ်သူ ကင်မ်အဲရစ် (ခ)ကိုထိန်လင်းက တိုက်တွန်းထားပါတယ်။

နိုင်ငံတကာ

အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့မှာ ငယ်ရွယ်တဲ့ ကျောင်းသူကျောင်းသားတွေ ဉာဏ်ရည်တု နည်းပညာ (AI) အသုံးပြုခွင့်ကို ပိတ်ပင်လိုက်ပါတယ်။

သတင်း

သြစ​တြေးလျနဲ့ တောင်ကိုရီးယားနိုင်ငံမှာ ပြည်ပရောက် မြန်မာတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဥ်းသားတွေ လွှတ်ပေးရေးနဲ့ ရေဘေးသင့်ပြည်သူတွေအတွက် ရေဘေးရန်ပုံငွေစျေးရောင်းပွဲတို့ကို ဒီက​နေ့ (သြဂုတ် ၃၀) ပြုလုပ်ခဲ့ပါတယ်။

Facebook