Connect with us

Hi, what are you looking for?

သတင်း

မုံရွာထောင်ကနေ ပြောင်း​​ရွေ့ခံရတဲ့ နိုင်ငံရေးအကျဉ်းသူတွေ ရိုက်နှက်ခံရပြီးသီးသန့်ခွဲထားခံရ

မုံရွာအကျဉ်းထောင်ကနေပြောင်း​ရွှေ့ထားတဲ့ နိုင်ငံ​ရေးအကျဉ်းသူတွေကို အိုးဘိုထောင် အဝင်ဝမှာ ရိုက်နှက်ကာယခုအချိန်အထိသီးသန့်ခွဲထားတယ်လို့စုံစမ်းသိရပါတယ်။

မန္တ​လေးအိုးဘို​ထောင်ကို ၂၀၂၂ ခုနှစ်ဧပြီလက​တွေ့ရစဥ်။ဓါတ်ပုံ-RFA

ဇွန်-၂၃၊၂၀၂၅။ရှိန်း/People’s Spring

မုံရွာအကျဉ်းထောင်ကနေပြောင်း​ရွှေ့ထားတဲ့ နိုင်ငံ​ရေးအကျဉ်းသူတွေကို အိုးဘိုထောင် အဝင်ဝမှာ ရိုက်နှက်ကာယခုအချိန်အထိသီးသန့်ခွဲထားတယ်လို့စုံစမ်းသိရပါတယ်။

မုံရွာထောင်ကနေဇွန်လ ၁၂ ရက်နေ့က နိုင်ငံ ရေးအကျဉ်းသူ ၇၀ ခန့် အိုးဘို အကျဉ်းထောင်၊အမျိုးသမီး ယာယီအ ဆောင်ကို ရောက်လာတယ်လို့ သိရပါတယ်။

အမျိုးသမီးနိုင်ငံ ရေးအကျဉ်းသူ ​တွေထဲကတချို့ဟာမုံရွာ- မန္တလေးတစ်လမ်းလုံးမှာ ကြိုးတုပ်ခံထားခဲ့ရသလို ၊ရိုက်နှက်နှိပ်စက်ခံလာရသူတွေလည်းပါတယ်တယ်လို့သိရပါတယ်။

Public Service Announcement

Public Service Announcement

နိုင်ငံရေးအကျဉ်းသူတွေကိုအဆောင် ၃ ရဲ့ အပေါ်ထပ်မှာ သီးသန့်ခွဲထားတယ်လို့ အိုးဘိုအကျဉ်းထောင် နဲ့ နီးစပ်သူအချို့က​ပြောပါတယ်။

အိုးဘိုထောင်အမျိုးသမီးအဆောင်မှာလူဦးရေများပြားနေပြီးဝမ်း​​လျှော​ရောဂါ နဲ့အရေပြားရောဂါတွေလည်းဖြစ်နေတယ်လို့ အကျဉ်းသူတဦးရဲ့ မိသားစုဝင်က ပြောပါတယ်။

ထောင် ပြောင်းစဉ်ပါလာတဲ့ အမျိုးသားနိုင်ငံရေးအကျဉ်းသားတွေကိုလည်း ​ထောင်အဝင်ဝမှာရိုက်နှက်နှိပ်စက်ခဲ့သလို သီးသန့်ခွဲထားဆဲဖြစ်တယ်လို့ နိုင်ငံရေး အကျဉ်းသူတဦးရဲ့ မိသားစုဝင်က ပြောပါတယ်။

မြန်မာနိုင်ငံလုံး ဆိုင်ရာနိုင်ငံ ရေး အကျဉ်းသားများကွန်ယက် (PPNM)ရဲ့ရဲ့ထုတ်ပြန်ချက်မှာ တော့ ဇွန်လ၁၂ ရက်နေ့က မုံရွာ ထောက်က နေ နိုင်ငံ ရေးအကျဉ်းသားတွေ နဲ့ တခြားအကျဥ်းသားစုစုပေါင်း ၂၀၀ ခန့်ကို မန္တလေး အိုးဘို ထောင်ကို ပို့ခဲ့တယ်လို့ ​ဖော်ပြထားပါတယ်။

ကုန်တင်ကား(၅)စီးပေါ်မှာ ခန့်မှန်း အမျိုးသားအကျဥ်းသား (၁၅၀)ဦးဝန်းကျင်ပါပြီး ကုန်တင်ကားတစ်စီး​ပေည်မှာ အမျိုးသမီးအကျဥ်းသူ​တွေ ပါဝင်တာလို့သိရပါတယ် ။ အိုးဘိုထောင်ဗူးဝ အဝင်မှာ ထောင်ပြောင်းရွှေ့ရောက်လာသူ အားလုံးနီးပါးအား အကျဉ်းဦးစီးဝန်ထမ်း​တွေ နဲ့ရဲ​တွေက ရောဘာတုတ်၊သစ်သားတုတ်နဲ့ ဝိုင်းဝန်းရိုက်နှက်ခဲ့ကြတာပါ ။ မုံရွာ​ထောင်က ​ပြောင်း​ရွေ့လာတဲ့ သပိတ်​ခေါင်း​ဆောင် ကို​ဝေမိုးနိုင် အပါအဝင် နိုင်ငံရေးအကျဉ်းသားအနည်းဆုံး(၅၀)ဦး​လောက်ဟာ ဦးခေါင်း၊လက်နဲ့ နောက်ကျော​တွေမှာထိရှနှင့် ပေါက်ပြဲ ဒဏ်ရာ​တွေရရှိခဲ့ကြပြီး အသက်ရှင်သန်ပိုင်ခွင့်များပင် ခြိမ်းခြောက်ခံရတယ်လို့ PPNM ကထုတ်ပြန်ပါတယ် ။

အရိုက်ခံရတဲ့ သပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်နဲ့ ကိုမာန်ဇာမြေမွန်တို့ကို ဆေးကုသခွင့်မပေးဘဲ သံခြေကျဉ်းခတ်ပြီး တိုက်ပိတ်ထားတယ်လို့ စစ်ကိုင်းတိုင်းဒေသသပိတ်အင်အားစုက ဇွန် ၁၅ ရက်​​နေ့မှာသတင်းထုတ်ပြန်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မိခင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် မိခင်ရဲ့ နာမည် ၊ အကြောင်းအရာတွေကို ပြောပြီး ပါဝင်ပေးကြဖို့ သားဖြစ်သူ ကင်မ်အဲရစ်‌(ခ)ကိုထိန်လင်းက တောင်းဆိုထားပါတယ်။

သတင်း

မန္တလေးမြို့က ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးဒိန်းဒေါင်(ခ)ဦးစိုးမိုးနိုင်ဟာ ဒီကနေ့မနက်မှာမြင်းခြံအကျဉ်းထောင်မှာ ကွယ်လွန်သွားတယ်လို့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေက ပြောပါတယ်။

သတင်း

အကျဉ်းထောင် ၁၃ခုမှာ ထောင်အာဏာပိုင်တွေက နိုင်ငံရေးအကျဉ်းသားတွေနဲ့ မိသားစုဝင်တွေဆီကနေ ငွေကြေး မတရားခေါင်းပုံဖြတ်တာနဲ့ ဆေးဝါးပေးပို့မှု ပိတ်ပင်ကန့်သတ်တာတွေ ရည်ရွယ်ချက်ရှိရှိ ဖိနှိပ်လုပ်နေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ဒီကနေ့ စက်တင်ဘာ ၁၃ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

သြစ​တြေးလျနဲ့ တောင်ကိုရီးယားနိုင်ငံမှာ ပြည်ပရောက် မြန်မာတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဥ်းသားတွေ လွှတ်ပေးရေးနဲ့ ရေဘေးသင့်ပြည်သူတွေအတွက် ရေဘေးရန်ပုံငွေစျေးရောင်းပွဲတို့ကို ဒီက​နေ့ (သြဂုတ် ၃၀) ပြုလုပ်ခဲ့ပါတယ်။