ဇွန်-၂၇၊၂၀၂၅။ရဲခေါင်/People’s Spring
ရှမ်းပြည်နယ်တောင်ပိုင်း၊ဖယ်ခုံမြို့နယ်အရှေ့ဘက်ခြမ်းတိုက်ပွဲတွင် PNO/PNA ပြည်သူ့စစ်ဒုစစ်ဦးစီးချုပ် နေဝင်းထွန်း၏ တပည့် တပ်ခွဲမှူး နောင့်စိုင်းအပါအဝင်သေဆုံးသူများနေကြောင်း ဒေသခံသတင်းရင်းမြစ်အချို့ကပြောသည်။
ဇွန်လ ၂၆ ရက်က ဆောင်နန်းခဲတိုက်ပွဲတွင် တပ်ခွဲမှူး နောင့်စိုင်းနှင့် ၎င်းနောက်လိုက် လေးဦးသည်ဒရုန်းဗုံးထိမှန်သေဆုံးခဲ့ခြင်းဟုသိရသည်။
“ဒီနေ့ သူ့အသုဘလုပ်မှာ။သူ့ရွာနားကန်မှာ။ ဆောင်နန်းခဲကနေ လွယ်ပေါ ဘက်ကိုစစ်ကြောင်း ဆက်ထိုးမယ့်အချိန် အုပ်စုလိုက် ဒရုန်းစာမိသွားတာ”ဟု ဒေသခံစစ်ရေးသတင်းရင်းမြစ်က ပြောသည်။

Public Service Announcement
နောင့်စိုင်း၏ ဖခင် PNO/PNAပြည်သူ့စစ်မှ ဆရာလာ မှာလည်း ၂၀၂၂ ခုနစ် ဆောင်နန်းခဲရွာအနီး ဖြစ်ပွားသောတိုက်ပွဲ၌ PDF များကတူမီးသေနတ်ဖြင့်ခုခံတိုက်ခိုက်သဖြင့် သေဆုံးခဲ့ခြင်းဖြစ်သည်။
“PNA တပ်ခွဲမှုးအဆင့်ရှိနောင့်စိုင်း Drone ထိမှန်ပြီး ဒဏ်ရာနဲ့ဆေးကုစဉ် ဆေးရုံမှာ သေတယ်လို့သိရတယ်။သူက ထီရီးဘက်မှာနေဝင်းထွန်း သြဇာခံ။အင်းလေးဒေသကပြည်သူတွေကိုဒုက္ခပေးနေတာပါ”ဟုရှမ်းပြည်နယ်တောင်ပိုင်းရှိကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက လူထုနွေဦးသို့ ရှင်းပြသည်။
ဇွန်လ ၂၄ ရက်နေ့တွင် လေယာဉ်၊လက်နက်ကြီးပစ်ကူအများအပြာသုံး၍ ဆောင်နန်းခဲရွာကို စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်တို့ဝင်ရောက် မီးရှို့ ခဲ့သည်။
စစ်တပ်နှင့် PNO/PNA ပြည်သူ့စစ် တို့ပူးပေါင်း၍အင်အား(၁,၀၀၀) ဝန်း ကျင်ဖြင့် ဖယ်ခုံအရှေ့ဘက်ကမ်းရှိ ကျေးရွာများကို စစ်ကြောင်းထိုးနေခြင်းဖြစ်ကြောင်းစစ်ရေးသတင်းရင်းမြစ်အချို့ကပြောသည်။
လက်ရှိစစ်ရှောင်နေရသည့် ရွာအုပ်စုစာရင်းများအရ ဆောင်နန်းခဲ၊လွယ်ပေါ၊နန်းပေါ်လုံ၊နမ်းဆွတ် နှင့် ပိန်းနဲကုန်းတို့ ဖြစ်သည်။
ထိုရွာများမှ စစ်ရှောင်ပြည်သူ ၄၀ ,၀၀၀ ခန့်အတွက် တစ်လစာ စားနပ်ရိက္ခာ ၊ယာယီတဲဆောက်လုပ်ရန် နှင့် တကိုယ်ရေးသန့် ရှင်းရေးသုံးပစ္စည်းများအတွက် စုစု ပေါင်း ဒေါ် လာတစ်သန်းကျော်လိုအပ်ကြောင်း ကရင်နီပြည်ကြား ကာလအုပ်ချုပ်ရေးကောင်စီ IEC က နိုင်ငံ တကာသို့အကူအညီတောင်းခံထားသည်။


















































