Connect with us

Hi, what are you looking for?

သတင်း

မန္တလေးမှာ ပြည်သူ့စစ်ယူနီဖောင်းဝတ်ထားသူတဦးပါလူသုံးဦးက ဆိုင်ကယ်လု

မန္တလေးမြို့မှာ ဒီနေ့မနက်ပိုင်းက ပစ္စည်းပို့ဆောင်သူ(Delivery)သမားတစ်ဦးရဲ့ ဆိုင်ကယ်ကို ပြည်သူ့စစ်ယူနီဖောင်းဝတ်ထားသူတစ်ဦးပါ ၃ဦးက လုယက်သွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။

လုယူခံလိုက်ရတဲ့ ဆိုင်ကယ်ကို လုယူမခံရခင်က တွေ့ရစဥ်

ဇွန်-၃၀၊၂၀၂၅။ ရှိန်း/People Spring

မန္တလေးမြို့မှာ ဒီနေ့မနက်ပိုင်းက ပစ္စည်းပို့ဆောင်သူ(Delivery)သမားတစ်ဦးရဲ့ ဆိုင်ကယ်ကို ပြည်သူ့စစ်ယူနီဖောင်းဝတ်ထားသူတစ်ဦးပါ ၃ဦးက လုယက်သွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ဒီနေ့မနက် ၅နာရီလောက်က ပြည်ကြီးတံခွန်မြို့နယ်ဘက်ကို ပစ္စည်းသွားယူဖို့ ထွက်လာချိန် ၆၉လမ်းနဲ့ သိပ္ပံလမ်း(၁၀၁)အရောက်မှာ လူငယ် ၃ဦးက စစ်ဆေးဖို့ရှိလို့ဆိုပြီး ဆိုင်ကယ်ကို ရပ်ခိုင်းခဲ့တာလို့ သိရပါတယ်။

အဲဒီနောက် ယာဉ်မောင်းလိုင်စင်နဲ့ ဆိုင်ကယ်လိုင်စင်တို့ကို ထုတ်ပြခိုင်းပြီးတဲ့နောက်မောင်းပြေးသွားတာလို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

“တာဝန်ကျ စစ်ဆေးတယ်ထင်ပြီး စစ်ဆေးခံလိုက်တာပါ”လို့ ဆိုင်ကယ်လုယက်ခံရသူက လူမှုကွန်ယက်မှာ ရေးသားထားပါတယ်။

လုယက်သူ ၃ဦးမှာ တစ်ဦးသာ ပြည်သူ့စစ်ယူနီဖောင်းအပြည့်အစုံဝတ်ထားတယ်လို့ ဆိုပါတယ်။

လုယက်ခံရတဲ့ဆိုင်ကယ်ဟာ ဆိုင်ကလုန်းအမျိုးအစားဖြစ်တယ်လို့ သိရပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း မန္တလေးမြို့မှာ ဆိုင်ကယ်လုယက်မှုတွေ ဆက်တိုက်ဖြစ်နေခဲ့ပြီး တကြိမ်မှ တရားခံဖမ်းမိခြင်းမျိုး မရှိသေးဘူးလို့ မြို့ခံတွေက ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့ပေါ်မှာ သောင်းကျန်းနေတဲ့ ပျူစောထီးတပည့်တွေကို သူ့နာမည်မသုံးဖို့ ပျူစောထီးခေါင်းဆောင် ပေါက်ကိုယ်တော်က တားမြစ်လိုက်ပါတယ်။

သတင်း

မန္တလေးမြို့၊ ကျောက်တော်ကြီးဘုရားပွဲမှာ ဆိုင်ခန်းခတွေ စျေးအဆမတန် မြင့်တက်သွားလို့ စျေးသည်တွေ အခက်အခဲတွေ့နေပါတယ်။

သတင်း

မန္တလေးမြို့၊ချမ်းမြသာစည်မြို့နယ်၊ကန်တော်ကြီးကန်ပတ်လမ်းမှာအမျိုး သားတစ်ဦးရဲ့ ရုပ်အလောင်းကို မနေ့ ( စက်တင်ဘာလ ၁၈ ရက်) နေ့ခင်းပိုင်းက မြို့ခံတွေ တွေ့ရှိခဲ့တယ်လို့ လူမူကူညီရေး လုပ်ကိုင်သူအချို့ဆီကသိရပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ် မြန်မာ-တရုတ်နယ်စပ် နယ်ခြားမှတ်တိုင် ၃၀ အမတ်ပေါ် ဒေသက စစ်တပ်ရဲ့ ဗျူဟာစခန်း ၁ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က စက်တင်ဘာ ၁၈ရက်မှာ သိမ်းပိုက်ရရှိခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က အသိပေးပါတယ်။

Facebook