Connect with us

Hi, what are you looking for?

သတင်း

မေလနှောင်းပိုင်း ပြင်းထန်တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာထွက်ပြေးရသူ ၁၁၀,၀၀၀ ကျော်ရှိဟု ကုလထုတ်ပြန်

ပဲခူး၊ မကွေး၊ စစ်ကိုင်း၊ တနင်္သာရီ နှင့် ရှမ်းပြည်တောင်ပိုင်းတို့တွင် မေလနှောင်းပိုင်းကစ၍ တိုက်ပွဲများပိုပြင်းထန်လာကြောင်း ကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးရုံး(UNOCHA) က ထုတ်ပြန်သည်။

ရှမ်းပြည်တောင်ပိုင်းမှ စစ်ဘေးရှောင်များအား တွေ့ရစဥ်။ ဓာတ်ပုံ - JFK

ဇွန်-၃၀၊ ၂၀၂၅။ ရဲခေါင်/People’s Spring

ပဲခူး၊ မကွေး၊ စစ်ကိုင်း၊ တနင်္သာရီ နှင့် ရှမ်းပြည်တောင်ပိုင်းတို့တွင် မေလနှောင်းပိုင်းကစ၍ တိုက်ပွဲများပိုပြင်းထန်လာကြောင်း ကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးရုံး(UNOCHA) က ထုတ်ပြန်သည်။

ဇွန်လနောက်ဆုံးပတ်က ထုတ်ပြန်သည့် UNOCHA၏ အစီရင်ခံစာအရ မေလနှောင်းပိုင်း ပြင်းထန်လာသော တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာထွက်ပြေးရသူ ၁၁၀,၀၀၀ ကျော်ရှိသည်ဟု ဆိုသည်။

အိုးအိမ်စွန့်ခွာထွက်ပြေးနေရသူများ၏ သွားလာမှုများသည် အတိအကျမရှိသဖြင့် အခြေအနေအလိုက်ပြောင်းလဲနေကြောင်း ဖော်ပြသည်။

Public Service Announcement

Public Service Announcement

“ဒီလ အစက ဖယ်ခုံဘက်ကို စကစ တွေစစ် ကြောင်းထိုးလာလို့ စစ်ရှောင်နေရတာ လူဦးရေက လေးသောင်းထက်မနည်းဘူး။ ပြည်တွင်းကူညီမှုတစ်ခုတည်းနဲ့ကတော့ မလုံလောက်ဘူးလေ။ပြည်ပနိုင်ငံ တွေရော အထူးသဖြင့် UN အဖွဲ့တွေရဲ့ထိရောက်တဲ့အကူအညီတွေ ပိုလိုနေတယ်”ဟု ရှမ်းပြည်တောင်ပိုင်းရှိ စစ်ရှောင်အရေး ကူညီနေသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

ပြင်းထန်နေဆဲ လက်နက်ကိုင်ပဋိပက္ခ၊ မုတ်သုံရာသီ ရေကြီး ရေလျှံခြင်းနှင့် မတ်လ ၂၈ ရက်နေ့ ငလျင်ဒဏ်၏ နောက်ဆက်တွဲ အကျိုးဆက်များကြောင့် မြန်မာနိုင်ငံရှိ လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်များမှာ များသထက်များလာကြောင်း UNOCHA က အသိပေးသည်။

ထို့အပြင် နိုင်ငံတစ်ဝန်းတွင် ပြည်တွင်းနေရပ်စွန့်ခွာ လူဦးရေသည် ၃ ဒသမ ၅ သန်း ခန့်ရှိကြောင်း ခန့်မှန်းသည်။ သို့သော် စစ်ဘေးရှောင်များကိုကူညီနေသောအဖွဲ့အစည်းများက ကုလသမဂ္ဂ၏ စစ်ဘေးဒုက္ခသည်စာရင်းများမှာ မြေပြင်တွင် အမှန်တကယ်ရှိသူထက် များစွာနည်းပါးနေကြောင်း ပြောသည်။

မြန်မာနိုင်ငံ၌ အရပ်သား ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ စိုးရိမ်ဖွယ်ရာများမြင့်တက်လာခြင်းနှင့်အတူ ဖြစ်ပွားဆဲ ပဋိပက္ခများနှင့် လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်များဖြင့်ဆက်လက်ရုန်းကန်နေရဆဲဖြစ်ကြောင်း ကုလအေဂျင်စီက ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်ကြား ကောင်ဂျာယန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးထိခိုက်များခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းမိသလို ထွက်ပြေးစစ်သားတွေ ပုန်းအောင်းရာ နေရာတွေကို လိုက်လံရှင်းလင်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

၄၉၂၆ စစ်ဆင်ရေးလို့ စစ်အုပ်စုက ကြွေးကြော်ပြီး စစ်ကြောင်းတွေတက်လာတဲ့ ပန်း‌တောင်းမြို့က ကပစ(၁၆)အနီးပတ်ဝန်းကျင်မှာ ဒီနေ့ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။